Thursday, June 30, 2016

ဘင်္ဂါလီဟု ခေါ်ဆိုခြင်းသည်

သတင်းထဲကစကား ၇
===========
ဘင်္ဂါလီဟု ခေါ်ဆိုခြင်းသည် နှိမ့်ချပြောဆိုခြင်း မဟုတ်ကြောင်းနှင့် နယ်မြေသိမ်းပိုက်မည်ကို မည်သူမျှ လက်ခံမည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ပြောကြား
=====================

"ခေတ်အဆက်ဆက် အစိုးရတွေအနေနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ၀န်ထမ်းတွေက လာဘ်စားပြီးတော့ သွင်းတာတွေရှိတယ်။ မှတ်ပုံတင် လုပ်ပေးတာတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ သိပါတယ်။  အခုဖြစ်နေတဲ့ ကိစ္စမှာ ရှင်းရှင်းပြောရရင် ဆင်ကောင်ကြီးကို မြင်နေမှတော့ ဆင်ခြေရာရှာဖို့ မလိုတော့ဘူး။ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်နယ်ကို ရောက်လာတဲ့ ဘင်္ဂါလီတွေဟာ တစ်ချိန်က အိန္ဒိယနိုင်ငံ ဘင်္ဂေါပြည်နယ်မှာ နေထိုင်ခဲ့သူတွေဖြစ်တယ်။ နောက်လွတ်လပ်ရေးရပြီး အရှေ့ပါကစ္စတန်လို့ခေါ်တဲ့ အခုဘင်္ဂလားဒေ့ရှ်မှာ နေတာက ဘင်္ဂါလီတွေသာဖြစ်တယ်။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံထဲကို နည်းမျိုးစုံနဲ့ ၀င်ရောက်လာခဲ့တာ အခုဆိုရင် သန်းနဲ့ချီပြီး ဖြစ်လာတယ်။ အရင်တုန်းကတော့ လယ်လုပ်ဖို့လာတယ်။ ပြန်သွားတယ်။ အခုတော့ လူဦးရေ များလာတာရယ်၊ နိုင်ငံတကာက မြှောက်ထိုးပင့်ကော် လုပ်လာတဲ့အခါမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေမြို့ တစ်ဝိုက်ကိုတောင် နိုင်ငံအဖြစ် ကြေညာလာခဲ့တယ်။ ဒါဟာ လုံးဝလက်ခံနိုင်စရာ သည်းခံနိုင်စရာ မရှိပါဘူး" ဟု အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ကပြောကြားခဲ့သည်။

(ဇူလိုင်၁ ရက်ထုတ် Dailyeleven သတင်းစာမှ)

No comments:

Post a Comment