Thursday, June 30, 2016

သတင်းထဲကစကား ၎


===========
“ဂျီနီဗာမှာ မြန်မာအစိုးရကိုယ်စားလှယ်က တင်ပြတဲ့ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်းလို့ ခေါ်ဝေါ်သုံးနှုန်းမယ်ဆိုတဲ့ တင်ပြချက် ရိုက်ခတ်မှုဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ နှလုံးသည်းပွတ်ကို အကြီးအကျယ် ထိခိုက်အနာတရ ဖြစ်စေတဲ့ အနေအထားကို ကျွန်မတို့ တွေ့ကြုံရပါတယ်။ အဲဒါမှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းကြားစာထဲမှာ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကိုယ်သူများလို့ သုံးနှုန်းရုံတောင်မကဘဲနဲ့ ရခိုင်တွေကိုကျတော့ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ကိုးကွယ်သူများလို့ ပါတယ်။ အဲဒီထဲမှာ အတည်ပြုပြီးသား ဖြစ်သည်ဆိုတဲ့ စကားလုံးပါတယ်ဆိုတော့ လူမျိုးတစ်မျိုးရဲ့ ပကတိတည်ရှိနေတဲ့ အနေအထားကို အဲဒီလူမျိုးရဲ့ ဆန္ဒတစ်စုံတစ်ရာ မပါဘဲနဲ့ ဒီလိုပဲ နိုင်ငံတကာ ဖိအားတွေနဲ့ ဒီနိုင်ငံမှာအုပ်ချုပ်တဲ့ အစိုးရတစ်ရပ်က လုပ်လိုက်တယ်ဆိုတာကို ကျွန်မတို့ နိုင်ငံရေးပါတီအနေနဲ့ ရခိုင်တစ်မျိုးသားလုံးကိုယ်စား တစ်ခုခု အချိန်မီ ဆောင်ရွက်ပေးသင့်တယ်လို့ ယုံကြည်ချက်နဲ့ ဒီကြေညာချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်”

“သူတို့ရဲ့ နဂိုပင်ရင်းလာရာ ဇာတိဖြစ်တဲ့ ဘင်္ဂါလားဒေ့ရှ်ကို ဖျောက်ဖျက်လိုက်ရာ ရောက်ပြီးတော့ သူတို့က ရခိုင်ပြည်နယ်ထဲကပဲ ပင်ရင်းဖြစ်နေသယောင်ယောင်၊ ပုံမှားရိုက်လိုက်တယ်ဆိုတဲ့ ခံစားချက်တွေ ရှိလာခဲ့ပါတယ်။ ဒီလို ပုံမှားရိုက်လိုက်ခြင်းအားဖြင့်  တည်ဆဲ ၈၂ နိုင်ငံသားဥပဒေမှာဆိုလို့ရှိရင် နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားလျှောက်ခွင့်တွေကို ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြဋ္ဌာန်းထားတယ်။ ဆိုတော့ ဘယ်လိုလူမျိုးတွေက နိုင်ငံသားဖြစ်လာနိုင်သလဲ၊ ဥပမာအားဖြင့် တစ်လင်တစ်မယားစနစ်တို့၊ ဒီနိုင်ငံရဲ့ ဒေသခံ စကားကို ကောင်းစွာပြောဆိုနိုင်ရမယ် ဆိုတာတို့ စတဲ့ အချက်အလက်တွေ အများကြီးပါ။ အခုက ရခိုင်ပြည်နယ်ဆိုတဲ့စကားကို ရှေ့က ခံထားလိုက်တယ်ဆိုတော့ ရခိုင်တွေကပဲ သူတို့နဲ့ အတူတူဖြစ်နေသလို ဖိအားတွေနဲ့ ဒီလိုလုပ်လာတာဟာ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မရနိုင်တဲ့ လူမျိုးတစ်မျိုးကို အခွင့်သာအောင် ဒီစကားလုံးတွေနဲ့ လဲလှယ်ပြီး ဖိအားပေးလိုက်ရာရောက်တယ်လို့ ကျွန်မ ယူဆတယ်”
(ရခိုင်အမျိုးသားပါတီမှ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်)
ref ; ဇွန် ၂၂ ရက်ထုတ် dailyeleven သတင်းစာပါ "ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်းနှင့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဟု သုံးနှုန်းပြောဆိုရန် လူ့အခွင့်အရေးညီလာခံတွင် တင်သွင်းခဲ့ခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ သဘောထားကြေညာချက် ထုတ်ပြန်"

သတင်းမှ )
Thar Shwe Oo [fb] မှ ကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment