Tuesday, January 12, 2016

ရက္ခိုင်တပ်မတော်ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နဲ့ တွေဆုံမေးမြန်းခန်း

“ရက္ခိုင့်တပ်မတော်တိုက်ပွဲ နောက်ဆုံးအခြေအနေများနဲ့သက်သက်လို  ရက္ခိုင်တပ်မတော်ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နဲ့                                   တွေဆုံမေးမြန်းခန်း“  
ဇန်န၀ါရိလ ၁၁ရက်                             မေးမြန်း-ဖိုးသီဟ(မြောက်ဦး)

ရက္ခိုင့်တပ်မတော် Arakan Army ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ကို လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲနောက်ဆုံးအခြေအနေတွေကို  သတင်းထောက် ကိုဖိုးသီဟက ၂၀၁၆ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ.မှာဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်..

*မေး-ဖိုးသီဟ- ယခုလက်ရှိ ရက္ခိုင့်တပ်မတော်နဲ့ မြန်မာအစိုးရတပ်မတော်တို. ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေလေးကို ပြောပြပေးပါ

#ဖြေ-ဒုစစ်ဦးစီးချုပ်- နောက်ဆုံးကတော့ ဒီကနေ ဇန်န၀ါရီ ၁၁ ရက်မတိုင်ခင် ဒီတရက်နှစ်ရက်မှာတော့ အယင်နေ.တွေလိုမျိုး အများကြီး ထိတွေမှုမရှိပေမဲ့ အစိုးရတပ်ဘက်ကတော့ ကျွန်တော်တို. ရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးတွေတော့ရှိပါတယ်…ဟိုတနေ.ကဆိုရင် လက်နက်ကြီးတွေနဲ့ ညနေ ၆နာရီကတည်းက ပစ်တာ ည ၈နာရီ ၉နာရီ အထိ ပစ်ခတ်ခဲ့တယ်…တချိုနေရာတွေမှာတော့ ထိတွေမှုမရှိပေမဲ့ မြန်မာစစ်တပ်အနေနဲ့ကတော့ သူတို.အင်အားတွေကို တရက်ပြီးတရက် စစ်ကားကြီးတွေနဲ့ ရခိုင်ပြည်ပြင်ပက တပ်တွေ ၀င်ရောက်လှုပ်ရှားပြီးတော့ စစ်ပြင်ဆင်နေတာကိုတွေရတယ် သူတို.အစိုးရပိုင် မြ၀တီသတင်းစာထဲမှာ ကြေငြာထားသလိုဘဲ ကျွန်တော်တို. ရက္ခိုင့်တပ်မတော်ကို အမြစ်ဖျက်ချေမှုန်းသွားမယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ စစ်ပြင်ဆင်နေတဲ့ အနေအထားမျိုးကိုတော့ တွေ.နေရတယ်..

*မေး-ဖိုးသီဟ- အစိုးရ သတင်းစာတွေထဲမှာ အစိုးရဘက်က ကြေငြာထားတဲ့  ရက္ခိုင့်တပ်မတော် AA က ကုလားဆိုးအဖွဲ.တွေနဲ့ ပူးပေါင်းနေတယ်…ဒေသခံတွေကိုပေါ်တာဆွဲတယ်ဆိုတဲ့ ရေးသားထားမှုတွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် ဘက်က ဘာများပြောချင်ပါသလဲ?

#ဖြေ-ဒုစစ်ဦးစီးချုပ်- ကျွန်တော်တို. ရက္ခိုင့်တပ်မတော် အနေနဲ့ကတော့ ပေါ်တာဆွဲတယ်ဆိုတာမျိုးကို ဘယ်တော့မှလည်းမလုပ်ပါဘူး… ရက္ခိုင့်တပ်မတော် ဖွဲစည်းထားတယ်ဆိုတာကလည်း ရခိုင်ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို.အတွက် ဖွဲ.စည်းထားတာဖြစ်တယ်.. ရခိုင်ပြည်သူလူထု ဒုက္ခရောက်မဲ့ ကိစ္စမျိုးကို ဘယ်သော်အခါမှလည်း ပြုလုပ်မှာမဟုတ်ပါဘူးခင်ဗျာ

*မေး-ဖိုးသီဟ-ဒီရက်ပိုင်းအတွင်းမှာ  ကျောက်တော်နဲ့  မြောက်ဦးမြို.နယ်တွေမှာ အာဏာပိုင်တွေက လုံခြုံရေးတွေ အထူးတင်းကျပ်ထားတဲ့အတွက် ဒေသခံတွေကြားမှာ စိုးရိမ်ပူပန်စိတ်တွေဖြစ်ပေါ်နေတယ်လို. ဒေသခံတွေက ပြောနေကြပါတယ်၊ဒီလို လုံခြုံရေးကို ဒီရက်ပိုင်းမှာ အများကြီး တင်းကျပ်တာဟာ ဘာကြောင့်မို.လို.လို.ထင်ပါသလဲ ခင်ဗျာ

#ဖြေ-ဒုစစ်ဦးစီးချုပ်- သူတို. အစိုးရစစ်တပ်အနေနဲ့ကတော့ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သူတို.အနေနဲ့က စစ်အင်အားတွေကို အလွန်အကျွံသုံးလာတယ်ဆိုတော့ တွေနေရတယ်.. သူတို.ပြောသလို ရက္ခိုင့်တပ်မတော်အပေါ်ကို နေရာခပ်စိပ်စိပ်နဲ. ချေမှုန်းသွားမယ်ဆိုတော့ ရခိုင်ပြည်နယ်တခုလုံးနီးပါးကို စစ်တပ်က အင်အားတိုးချပြီးတော့ လှုပ်ရှားလာတယ် လုံခြုံရေးတွေ မြှင့်မားလာတယ်ဆိုတာကတော့ အစိုးရစစ်တပ်အနေနဲ့ သူတိုရဲ့စိုးရိမ်မှုက ကျွန်တော်တို. ရက္ခိုင့်တပ်မတော်အပေါ်မှာ ပိုပြီးကြီးမားတဲ့အနေအထားမျိုးရှိနေတယ်ဆိုတာ ထင်ဟပ်ပေါ်လွင်နေပါတယ် ခင်ဗျ

*မေး-ဖိုးသီဟ- တောင်ကုတ်မှာ ပြီးခဲ့တဲ့ သောကြာနေ.က ရက္ခိုင်တပ်မတော်လို. ယူဆရတဲ့သူ နှစ်ဦးကို ရုံးတင်စစ်ဆေးနေတဲ့သတင်း၊နောက်ပြီးတော့ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရှိမှုတွေနဲ့ပက်သက်ပြီး ဘာများ ပြောချင်ပါသလဲခင်ဗျာ

#ဖြေ-ဒုစစ်ဦးစီးချုပ်-ကျွန်တော်တို. ရက္ခိုင့်တပ်မတော်အနေနဲ့ကတော့ တိုက်ပွဲအတွင်း ကျဆုံးသွားတာကတော့ ရဲဘော်အဆင့်တဦးရယ် တခြားအဆင့်ရှိတဦးကျဆုံးခဲ့ပါတယ် ဒီသတင်းတွေကိုလည်း ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးဌါနက သတင်းထုတ်ပြန်ထားတာရှိတယ် ဖမ်းဆီးတာတွေနဲ့ ပက်သက်လို.ကတော့ အခု ဒီရခိုင်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားတွေမှာတော့ တချို.ရွာသားတွေကို အတင်းပေါ်တာဆွဲတာတို. မသင်္ကာတဲ့သူတွေကို ဖမ်းဆီးစစ်ဆေးတာတိုကတော့ အစိုးရတပ်ဘက်ကလုပ်တယ် အခုတောင်ကုတ်မှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ ရဲဘော်တွေနဲ့ ပက်သက်လို.ကတော့ မြေပြင်တပ်မှုးတွေဆီကနေပြီး အတည်ပြုချက်တော့ မရသေးဘူး ခင်ဗျ

*မေး-ဖိုးသီဟ- အခုကျင်းပတဲ့ NCA ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် ရက္ခိုင်တပ်မတော်ကို အစိုးရဘက်က ဖိတ်ကြားထားတာရှိပါလား

#ဖြေ-ဒုစစ်ဦးစီးချုပ်-ကျွန်တော်တို.ကိုတော့ ဖိတ်ကြားထားတာမရှိပါဘူး
မေး-ဖိုးသီဟ-လက်ရှိတိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို. မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်နေမှုတွေနဲ့ပတ်သက်လို. ဘာများပြောချင်ပါသလဲ
ဖြေ-ဒုစစ်ဦးစီးချုပ်- ကျွန်တော်တို. ရက္ခိုင့်တပ်မတော်အနေနဲ့ကတော့ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီးတော့ မြန်မာ စစ်တပ်၊ အစိုးရအနေနဲ့ကတော့ သူတို.ငြိမ်းချမ်းရေးကိုလုပ်နေတဲ့ကာလမှာ အခုလိုမျိုး ရခိုင်ဒေသမှာ စစ်အင်အားတွေ အလွန်အကျွံ အများသုံးပြီးတော့ ထိုးစစ်ဆင်လာတဲ့ အပေါ်မှာတော့ ကျွန်တော်တို.အများကြီး ရခိုင်လူထုတွေအတွက် စိုးရိမ်မှုရှိတယ် ၊ ပြီးရင် ငြိမ်းချမ်းရေးဆိုတာကို တဖက်မှာပြောပြီးတော့ ဒီအမြစ်ဖျက် ချေမှုန်းမယ်ဆိုတဲ့ အသုံးအနှုန်းသုံးနေတာတွေကတော့ တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရှာဖွေတဲ့အချိန်မှာတော့ အတားအဆီးဖြစ်နိုင်တယ်၊ ပြီးတော့ မနက်ဖြန်လာမဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး  ညီလာခံကို လုပ်သွားမယ်ဆိုတဲ့ ဟာမျိုးက သူတို.(အစိုးရ)ငြိမ်းချမ်းရေးဆိုတာကိုလုပ်ပြီးတော့ တဘက်မှာ တိုင်းရင်းသားတွေအပေါ်မှာ အမြစ်ပြတ်ချေမှုန်းသွားမယ်ဆိုတဲ့ဟာမျိုးကျတော့ လွဲနေတယ်ခင်ဗျ

*မေး-ဖိုးသီဟ- လက်ရှိဖြစ်ပွားနေတာတွေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ ခင်ဗျ

#ဖြေ-ဒုစစ်ဦးစီးချုပ်- ကျွန်တော်တို.ရက္ခိုင့်တပ်မတော်အနေနဲ့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အမှန်တကယ်လိုလားပါတယ် ဒါကြောင့်နိုင်ငံရေးအရ တွေဆုံဆွေးနွေးပြီးတော့ အဖြေရှာလို.ရရက်သားနဲ့ စစ်ရေးအရ အင်အားတွေ အလွန်အကျွံ သုံးပြီးတော့ အစိုးရဘက်က အဖြေရှာလာမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်ကလည်း သူတို.(အစိုးရ)ပြောထားတဲ့ဟာနဲ့တော့ လွဲနိုင်တယ် ခင်ဗျ

***ခုလိုအချိန်ပေးပြီး ဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ................................................   ဖိုးသီဟ(မြောက်ဦး) ဇန်န၀ါရီ ၁၂ ရက် ၂၀၁၆
> Darrine Ray [fb] မှ ကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment