®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် ဇန်နဝါရီ ၁၂
ဇန်နဝါရီ ၁၂ ရက် ညပိုင်းတွင် နိုင်ငံတစ်ဝန်း၌ မီးခေတ္တပြတ်တောက် မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားစနစ်ဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းသူရအား မြန်မာ့သတင်းစဉ်မှ ဆက်သွယ်မေးမြန်းရာ ည ၉ နာရီခွဲခန့်တွင် ပျဉ်းမနားနှင့် သာစည် အကြား ရွှေမြို့ရှိ ၂၃ဝ ကေဗွီ မဟာ ဓာတ်အားလိုင်းမှ Load down ဖြစ်သွား ၍ ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။၏
လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ နေပြည်တော်တွင် ည ၉ နာရီ မိနစ် ၄ဝ ခန့်၌ လည်းကောင်း၊ မန္တလေးတွင် ည ၁ဝ နာရီခန့်၌ လည်းကောင်း မီးပြန်လည်ရရှိခဲ့ပြီး ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြန်လည် ရရှိနိုင်ရေး အတွက် လောပိတ ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားပို့လွှတ် ပေးခဲ့ရာ ရန်ကုန်မြို့ရှိ ၂၃ဝ ကေဗွီ ပင်မဓာတ်အားခွဲ ရုံကြီး ခုနစ်ရုံသို့ ည ၁၁ နာရီ ၁၃ မိနစ်တွင် ဓာတ်အားရောက်ရှိသွားပြီဖြစ်ကြောင်း၊ လျှပ်စစ် ဓာတ်အား ခွဲရုံငယ်များမှ တစ်ဆင့် လျှပ်စစ်မီး ပြန်လည်ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ည ၁၁ နာရီ ၁၅ မိနစ်တွင် ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။
မီးပြတ်တောက်မှုမဖြစ်ပွားမီ ည ၉ နာရီ ၂၉ မိနစ်ခန့်တွင် ရန်ကုန်မြို့ ကမ္ဘာအေး မြေငလျင် စခန်းမှ အရှေ့တောင်ဘက် ၄၁ မိုင်ခန့် အကွာ မြန်မာနိုင်ငံ ပြည်တွင်း ကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ ဒသမ ၈ အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
> Darrine Ray [fb] မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment