Thursday, December 31, 2015

ရခိုင်ပြည် ကို စစ်တလင်း မဖြစ်စေလို

BIA မျိုးဆက် အကြမ်းဖက်အဖွဲ့တွေ ကြောင့် ရခိုင်ပြည် စစ်တလင်း မဖြစ်စေလို
••••••••••••••••••••••••••••••••••••••••••••••••

ရခိုင်ပြည်၊ကျောက်တော်မြို့နယ်အတွင်း
BIA အစိုးရတပ်တွေနဲ့ AA တို့ ၂၇.၁၂.၁၅ နေ့စပြီး တိုက်ပွဲပြန်ဖြစ်နေပါ တယ်။ တိုက်ပွဲဟာကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ မဟာမုနိဘုရား အရှေ့မြောက်ဘက် ရန်ကုန်- စစ်တွေ လမ်းမနဲ့ ၄ မိုင်ခန့်အကွာမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည် ကို နယ်ချဲ့ကျူးကျော်သူBIA သူပုန်အဖွဲ့တွေကြောင့် အရုပ်ဆိုး အကျည်းတန် အဖြစ်မခံနိုင်ပါဘူး။ BIA ဖက်ဆစ်တပ်တွေနဲ့ AA တို့ဟာ မတ်လအတွင်းကလည်း ဒီ ကျောက်တော် မြို့နယ်ထဲမှာပဲ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက BIA  တပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။ BIA ဖက်ဆစ်တပ်ဖွဲ့ကြောင့် ရခိုင်ပြည်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကို ဒေသခံ ရခိုင်ပြည်သူတွေက လက်မခံကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ BIA ဟာ ရခိုင်ပြည်နဲ့ ရခိုင်ပြည်သူတွေကို ကိုယ်စားမပြုသလို ရခိုင်လူမျိုးလည်းမဟုတ်တဲ့ လူမျိုးခြား တပ်ဖွဲ့ဖြစ်နေလို့ပါ။BIA ဟာရခိုင်လူမျိုးနဲ့လည်း လုံးဝ(လုံးဝ)သက်ဆိုင်ခြင်း မရှိပါဘူး။
ရက္ခိုင်မိဘနှစ်ပါးက မွေးထုတ်ပေးလိုက်သော ရက္ခိုင့်တပ်မတော်သည်သာ ရခိုင်ပြည်နဲ့
ရခိုင်လူမျိုးကို  ၁၀၀% အပြည့် ကိုယ်စားပြု
ပါတယ်။ ရခိုင်ပြည်သူတွေအနေနဲ့လည်း
AAနဲ့ALAကိုပဲတရားဝင်အသိအမှတ်ပြုထားတာ ဖြစ်ပါ တယ်။BIA သောင်းကျန်းသူ ဖက်ဆစ်အကြမ်းဖက် အဖွဲ့တွေကို လုံးဝ အသိအမှတ်မပြုထားပါဘူး။
ဘာလို့လဲဆိုတော့ AA နဲ့ ALA ဆိုတာ
ရခိုင်တစ်မျိုးသားလုံးနဲ့ဆိုင်ပြီး ရခိုင်တစ်မျိုးသားလုံးပိုင်တဲ့ ရက္ခိုင့်တပ်မတော်တွေ ဖြစ်ပြီးတော့ BIA နယ်ချဲ့အကြမ်းဖက်သောင်းကျန်းသူတွေဟာ ရခိုင်လူမျိုးမဟုတ်တဲ့ နယ်ချဲ့သောင်းကျန်းသူ လူမျိုးခြားတွေ ဖြစ်နေလို့ပါပဲ။

တကယ်တော့ BIA သူပုန်အဖွဲ့(ယခုအခေါ်
မအလအဖွဲ့)ဆိုတာ မည်သည့်နိုင်ငံ
ငံတော်ကာကွယ်ရေးကိုမှ တာဝန်မယူချင်၊
တာဝန် ယူနိုင်တဲ့ အရည်အချင်းလည်းမရှိတဲ့၊
ဂျပန်ဖက်ဆစ်နဲ့ ထိုင်းတွေရဲ့ အခိုင်းအစေခံအဖြစ် စတင်ပေါ်ပေါက်လာခဲ့တဲ့၊
လူ (၃၀)နဲ့ စခဲ့တဲ့ ဓါးမြသာသာ ဝရမ်းပြေးအဆင့် အဖွဲ့ငယ် လေး ဖြစ်ပါတယ်။ ဂျပန်နဲ့ထိုင်း အသုံးချခံလို့ ဘာဖြစ်လို့ ပြောနိုင်တာလဲဆိုတော့ အဖြေကရှင်းပါတယ်။ BIAဟာ ဖက်ဆစ်ဂျပန် တည်ရှိရာ ဂျပန်နိုင်ငံမှာ ပါးရိုက်ခံ၊ထမင်းချက်ကျွန်ခံပြီး ကျွန်လုပ်ကျွန်စား နေခဲ့ရတာ ဖြစ်လို့ပါ။ ဂျပန် ကပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်ခဲ့ရတဲ့အစေအပါးအဖွဲ့ငယ်လေးဆိုလည်း  မမှားပါဘူး။ အဲဒီ BIA စစ်ခွေးတွေဟာ ဂျပန်တွေ ပါးရိုက်ပြီး ဖွဲ့စည်းပေးလိုက်တဲ့  ဂျပန်တပည့်တွေပါ။ ပြန်ပြောရရင်ရှက်ဖို့တောင်ကောင်းပါတယ်။ဒါတင်မကသေးပါဘူး။ဂျပန်ဆီမှာ ပါးရိုက်ကျွန်ခံပြီးပြန်လာတော့လည်းမန်မာနိုင်ငံ ပြန်မလာရဲလို့ထိုင်းဆီမှာတစ်ခါ ထပ်ပြီး လမ်းဘေးဖာသည်အဆင့်နဲ့ ဖာလုပ်ကျွန်စားဘဝတွေကို ကြမ်းတမ်းစွာပဲ  ဖြတ်သန်းခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံအတွင်းသို့  ခိုးကြောင်ခိုးဝှက်နဲ့
ပြန်ဝင်လာပြန်တော့လည်း ဘောလုံး တစ်သင်းစာသာသာပဲရှိတဲ့ BIA ဖက်ဆစ်မွေးစားတပည့်တွေဟာ
မြန်မာနိုင်ငံက ကချင်၊သျှမ်း၊ကရင် အစရှိတဲ့ လူမျိုးပေါင်းစုံတွေကိုအတင်းအားဓမ္မလူသစ်အဖြစ် စုဆောင်းခဲ့ပါတယ်။ဂျပန်မွေးစားလိုက်တဲ့
BIA ဟာ သူ့ဆရာ ဂျပန်တွေကိုလည်း ကျေးဇူးမသိတတ်ဘဲ မြန်မာနိုင်ငံကနေ နှင်ထုတ်ခဲ့ပါသေးတယ်။ဒါပေမယ့် ဂျပန်ဟာ BIA ကိုကြောက်ပြီး စစ်ရှုံးလို့ ထွက်သွားခဲ့တာမဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်း အထိနာခဲ့လို့ မြန်မာနိုင်ငံကနေဆုတ်သွားတာပါ။ဒါကို
BIA သောင်းကျန်းသူတွေက သူတို့တိုက်ထုတ်လို့ ထွက်သွားသလိုလို ဘာလိုလို အသံကောင်း ဟစ်ခဲ့ကြပါသေးတယ်။တကယ်တော့ BIA ရဲ့အဖြစ်က ဘာနဲ့ သွားတူနေလဲဆိုတော့ ဒုက္ခိတ ခြေကျိုးမျက်ကန်းတွေ (ဒုတိယကမ္ဘာစစ်ကြောင့် အထိနာသွားတဲ့ ဂျပန်)ကို နောက်ကနေ
လိုက်ရိုက်တာနဲ့ တူပါတယ်။အင်္ဂလိပ်တွေ မြန်မာနိုင်ငံက ဆုတ်ခွါသွားတာဟာလည်း
စစ်ရှုံးလို့မဟုတ်ဘဲ သူတို့ကိုယ်၌က မြန်မာနိုင်ငံကို ဆက်လက်မသိမ်းပိုက်
ထားချင်တော့လို့ဖြစ်တယ်။BIA လို လှေးခွတပ်မတော်က အင်္ဂလိပ်လို နေမဝင်အင်ပါရာ ခေတ်မီတပ်မတော်ကြီးကို ယှဉ်နိုင်ဖို့ဆိုတာ အိပ်မက်တောင် မက်ခွင့်မရှိတဲ့ ကိစ္စပါ။အင်္ဂလိပ်တွေပေးခဲ့တဲ့ လွတ်လပ်ရေးဆိုတာကလည်း BIA လေးခွတပ်မတော်တိုက်ပွဲအောင်မြင်လို့၊ အင်္ဂလိပ်စစ်ရှုံးလို့ ပေးခဲ့တာမှ မဟုတ်ပဲ။နိုင်ငံရေးနည်းအရ
ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့လို့ ရခဲ့တာ။
ဒါတောင် အောင်ဆန်း-အက်တလီ စာချုပ်နဲ့ မဟုတ်ဘဲ နု အက်တလီ  စာချုပ်နဲ့ပဲ လွတ်လပ်ရေး ရခဲ့တယ်။လူမျိုးပေါင်းစုံ တိုက်ယူခဲ့တဲ့ တော်လှန်ရေးကြောင့်
လွတ်လပ်ရေးရခဲ့ပေမယ့်လည်း လွတ်လပ်ရေး
ရပြီးနောက်ပိုင်းမှာ  အဲဒီလွတ်လပ်ရေးဟာ အင်္ဂလိပ်ကနေ ဘားမားစစ်အုပ်စုလက်ထဲ ရောက်သွားခဲ့တာ ဒီနေ့ထိပါပဲ။သူခိုးလက်က သူဝှက်ရ ဆိုသလို အင်္ဂလိပ်လက်ကနေ
အကြမ်းသမားစစ်အုပ်စုလက်ထဲ ရောက်သွားခဲ့တယ်။။ဘားမားစစ်အုပ်စုလက်ထဲ လွတ်လပ်ရေး ပါသွားတဲ့ အချိန်ကစပြီး ပြည်တွင်းစစ်ဖြစ်ခဲ့တာ ဒီနေ့ထိပါပဲ။ ပဒေသရာဇ်ခေတ်တုန်းက ဖြစ်ခဲ့တဲ့ ဘားမားစစ်အုပ်စုကျူးကျော်စစ်ပွဲတွေတော့ မပြောတော့ပါဘူး။

ဂျပန်တွေပါးရိုက်ပြီးမွေးစားလိုက်တဲ့ ဂျပန်တပည့် ၊ထိုင်းကျွန် BIA သောင်းကျန်းသူတွေဟာ ဂျပန်တွေ သင်ပေးလိုက်တဲ့အတိုင်း လူသတ်၊မုဒိမ်းကျင့်၊ပါးရိုက်၊ရွာမီးရှို့၊
အပြစ်မဲ့ပြည်သူတွေကို ပေါ်တာဆွဲ တတ်တာကလွဲလို့ နိုင်ငံတော် ကာကွယ်ရေးနဲ့ပတ်သက်လာရင် ဘာမှ သုံးစားမရတဲ့ မုဒိမ်းတပ်လုံးလုံး ဖြစ်နေပါပြီ။ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း စစ်တွေက ငါးနှစ်၊၈ နှစ်ခလေးမနှစ်ယောက်ကို မုဒိမ်းကျင့်ခဲ့တာဟာ အဲဒီ ဂျပန်တပည့် အကြမ်းဖက်အဖွဲ့သားတွေပေါ့။
BIA ဂျပန်တပည့်မုဒိမ်းအဖွဲ့တွေဟာ ခုလို မုဒိမ်းမှုတွေကို လူသိရှင်ကြားရော လူမသိသူမသိပါ မုဒိမ်းကျင့်ခဲ့တဲ့ အမှုပေါင်းဟာ မရေမတွက်နိုင်အောင်ပါပဲ။
ပြည်တွင်းလက်နက်ကိုင်တပ်မတော်တွေကို ရန်စကျူးကျော်ရဲသလောက် ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလား၊အိန္ဒိယ၊
ထိုင်း၊တရုတ်တွေဆိုအီးတောင်ကျယ်ကျယ်မပေါက်ရဲဘူး။ ဥရောပနိုင်ငံတွေဆို ခေါက်ထားလိုက်တော့။ခုပဲကြည့်။ထိုင်းနိုင်ငံကဒီလောက်ပေါ်တင်စိန်ခေါ်နေတာတောင် မအလတို့ ဘာမှ ပြန်မပြောရဲဘူး။ငြိမ်ကုတ်နေတယ်။ဟိုက ပြောပါတယ်။မင်းအောင်လှိုင်ရဲ့သဝဏ်လွှာ၊မြန်မာသမ္မတရဲ့ စကားတွေဟာ ဘာမှ ထိရောက်မှာမဟုတ်ပါဘူးတဲ့။အရပ်သားစကားနဲ့ဆိုစောက်ဂရုမစိုက်ဘူး။ငါတို့နိုင်ငံဥပဒေကို
မင်းတို့လိုကောင်တွေ ဝင်စွက်ဖက်လို့ မရဘူးဆိုတဲ့သဘော။ထိုင်းက ဘီအိုင်အေ အစိုးရကို လူမထင်ခဲ့တာ ကြာပါပြီ။

ဘင်္ဂလားနိုင်ငံကိုဆိုလည်း BIA တပ်တွေ ကြောက်သလားမမေးနဲ့။လွန်ခဲ့တဲ့ ငါးနှစ်ကဆို ဘင်္ဂလားရေတပ်ကို မယှဉ်နိုင်လို့ ရခိုင်ပိုင်စိန့်မာတင်ကျွန်းနဲ့
ပင်လယ်ပြင်ရေပိုင်နက်တစ်ချို့ကို
ဘင်္ဂလားကိုထိုးပေးလိုက်ရတယ်။မပေးလို့လည်းမရဘူးလေ။ဘင်္ဂလားတပ်မတော်ကိုBIA သောင်းကျန်းသူတွေက ယှဉ်မှ မယှဉ်နိုင်တာ။ဒီတော့ ပေးလိုက်ရတာပေါ့။တစ်ဖက်မှာကလည်း
ရခိုင်အပိုင်ဖြစ်နေတော့ သူတို့ဟာ မဟုတ်တော့ ပိုဆိုးတာပေါ့။

တိုက်ရည်ခိုက်ရည် အင်မတန်ညံ့ဖျင်းတဲ့
ဂျပန်တပည့် BIA မျိုးဆက် အကြမ်းဖက်
သောင်းကျန်းသူအဖွဲ့ဟာ ပြည်ပနိုင်ငံတွေ အသာထား။ပြည်တွင်းက ကိုးကန့်၊
KIA ၊SSP/SSA၊TNLA တို့ဆီမှာတောင်
လေးဘက်ထောက်နေရတာ။တကယ်တော့BIA အကြမ်းဖက်အဖွဲ့ဟာ
ပည်တွင်းမှာသာကျယ်ရဲတာ။ပြည်ပဆို BIA တိုက်ရဲဖို့ မပြောနဲ့။လေသံတောင် မာမာမပြောရဲ။အဲလောက်သတ္တိကောင်းတယ်။စစ်မတိုက်တတ်တာလည်း ပါမှာပေါ့။ခုလည်း AA နဲ့ဖြစ်တဲ့ လေးရက်အတွင်း ယခုစာရေးနေချိန်အထိ
BIA သောင်းကျန်းသူဘက်က သေတာ
အယောက် ၇၀ နီးနီးရှိနေပြီ။BIA တပ်ဖွဲ့ကို ဘာလို့သောင်းကျန်းသူလို့
ပြောသလဲဆိုရင်သူများပြည်ရခိုင်ပြည်အတွင်းရခိုင်ပြည်သူတွေခွင့်ပြုချက်မရှိ၊လက်ခံခြင်းမရှိဘဲ ကျူးကျော်နေထိုင်တယ်။
အပြစ်မဲ့ပြည်သူတွေအပေါ်
ရွာကိုမီးရှို့၊လူသတ်၊မုဒိမ်းကျင့်၊ပေါ်တာဆွဲတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်နေတာမို့အကြမ်းဖက်သောင်းကျန်းသူတွေ လို့ ပြောရခြင်းပါ။

ရက္ခိုင့်တပ်မတော် AA ဆိုတာက ရခိုင်တစ်မျိုးသားလုံးကိုကိုယ်စားပြုပြီး
ရခိုင်တစ်မျိုးသားလုံးထောက်ခံအားပေးနေတဲ့ လူမျိုးကိုယ်စားပြု တပ်မတော်ကြီး ဖြစ်တယ်။ပါချီပါချက် မဟုတ်ဘူး။စွမ်းရည်ပြည့်ဝပြီး တိုက်ရည်ခိုက်ရည်အပြည့်ရှိတဲ့ ခေတ်ပညာတတ်မျိုးချစ်ရခိုင်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ကြီးဖြစ်တယ်။AA ဟာ BIA အကြမ်းဖက်အဖွဲ့လို မုဒိမ်းလည်းမကျင့်။
လူလည်းမသတ်။ရွာလည်း မီးမရှို့။ပေါ်တာလည်းမဆွဲဘူး။
ပြီးတော့ ရက္ခိုင့်တပ်မတော်ဟာ ဘင်္ဂလီတွေကို တိုက်ဖို့ ဖွဲ့စည်းထားတာလည်း မဟုတ်သလို အပြစ်မဲ့ ဗမာလူမျိုးတွေကိုတိုက်ဖို့ ထူထောင်ထားတာလည်းမဟုတ်ဘူး။
မောင်ဝိုင်း ကလိမ်ကကျစ်ကျပြီး
သိမ်းပိုက်ခဲ့တဲ့ ဆုံးရှုံးသွားတဲ့ ရခိုင်နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို
ပြန်လည်ရဖို့၊ ကျူးကျော်သူ စစ်အုပ်စုကို
ရခိုင်ပြည်က တိုက်ထုတ်ဖို့ ထူထောင်ထားတဲ့ တပ်မတော်ဖြစ်တယ်။
ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်ကလွဲပြီး
ရခိုင်ပြည်သူတွေကို မကာကွယ်ဘဲ နှိပ်စက်သတ်ဖြတ် မုဒိမ်းကျင့်နေတဲ့ မည်သည့်လူမျိုးခြားအကြမ်းဖက်အဖွဲ့ကိုမှ ရခိုင်ပြည်မှာ ရှိမနေစေချင်တာဟာ ရခိုင် တစ်မျိုးသားလုံးရဲ့ ရင်ထဲက ဆန္ဒအမှန်
ဖြစ်တယ်။ဒီဆန္ဒဟာ ဘယ်သူ့ဖိအားမှ မပါတဲ့ မွေးရာပါ ဆန္ဒဖြစ်တယ်။ဆုံးရှုံးသွားတဲ့ ရခိုင်နိုင်ငံတော်ကို ပြန်လိုချင်တာဟာ
ရခိုင်တစ်မျိုးသားလုံးရဲ့ မွေးရာပါ ဆန္ဒနဲ့မွေးရာပါ ရပိုင်ခွင့်တွေ ဖြစ်တယ်။

ဒါကြောင့် ရခိုင်လူမျိုးတွေကို
ဘယ်တုန်းကမှ ကောင်းကျိုးမပေး။
ကာကွယ်မပေးခဲ့တဲ့ BIA အနေနဲ့ ရခိုင်ပြည်ထဲကနေ အမြန်ဆုံးထွက်သွားစေချင်တယ်။
ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်ပဲရှိရမယ်။
ရခိုင်ပြည်ကို ဘယ်BIA မျိုးဆက်အကြမ်းဖက်အဖွဲ့ကမှ
ကာကွယ်ပေးစရာမလိုဘူး။သူတို့ဟာ ရခိုင်ပြည်ကိုဘယ်တုန်းကမှ
လည်း မကာကွယ်ပေးခဲ့ပါဘူး။ကျူးကျော် နယ်ချဲ့တဲ့အလုပ်တွေကိုပဲ ရခိုင်နိုင်ငံတော်အဖြစ်ရှိနေသေးစဉ် အေဒီ ၁၈ ရာစု ရခိုင်ဘုရင်မဟာသမ္မတရာဇာ လက်ထက်နဲ့ ဒီ့မတိုင်ခင်ကတည်းက ကြိမ်ဖန်များစွာ ပြုလုပ်နေခဲ့ကြတာပါ။
ဒါကြောင့်  နယ်ချဲ့ BIA အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်ထဲက
အမြန်ဆုံးဒိုးလိုက်တာဟာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ဖြစ်နိုင်ရင် BIA မအလ စတင်ဖွဲ့စရာ ဂျပန်ပြည်ကိုသာ အပြီးပြန်လိုက်ပါ။ရခိုင်ပြည်မှာ
ရက္ခိုင့်တပ်မတော်ရှိရင် ရခိုင်တွေ အတွက် လုံခြုံအေးချမ်းပြီ။ AA ဆိုတာ
ရခိုင်တစ်မျိုးသားလုံးမျှော်လင့် အားကိုးထားတဲ့ရွှေရောင်အနာဂတ်ဖြစ်တယ်။ ရခိုင်ပြည်သူတွေဟာလူသတ်မုဒိမ်းကျင့်ပြီး အပြစ်မဲ့ရခိုင်ပြည်သူတွေကို ခေတ်အဆက်ဆက် ဒုက္ခပေးလာတဲ့ BIA
မအလ အကြမ်းဖက် သောင်းကျန်းသူတွေကို ရခိုင်ပြည်မှာဆက်လက်လက်မခံနိုင်တော့ပါဘူး။ BIA မျိုးဆက်တွေ ကို ရခိုင်ပြည်ထဲကနေ အပြီးပိုင် မောင်းထုတ်ပေးဖို့ကိုလည်း
AA ရက္ခိုင့်တပ်မတော်သားတွေနဲ့ ရခိုင်ပြည်သူတွေ ကို တောင်းဆိုချင်ပါတယ်။ BIA  နယ်ချဲ့ သောင်းကျန်းသူတွေကြောင့် အေးချမ်းတည်ငြိမ်နေတဲ့ ရခိုင်ပြည်ကို
စစ်တလင်း အဖြစ်မခံနိုင်ပါ။ခုဖြစ်နေတဲ့
တိုက်ပွဲကလည်း ရက္ခိုင့်တပ်မတော်ရှိတဲ့
နေရာကို ကျူးကျော်သူ အကြမ်းဖက်အဖွဲ့တွေက လာစလို့
ဖြစ်ခဲ့ရတဲ့ စစ်ပွဲဖြစ်တယ်။
ရက္ခိုင်လူမျိုးဖြစ်တဲ့ ရက္ခိုင့်တပ်မတော် ရခိုင်ပြည်မှာ ရှိနေတာ သဘာဝကျတယ်။
ရခိုင်တစ်မျိုးသားလုံးလည်း လက်ခံတယ်။
အားပေးတယ်။ထောက်ခံတယ်။သဘာဝ လုံးဝ
မကျတာက ကချင်ပြည်မှာ BIA အဖွဲ့တွေရှိနေတာ။သျှမ်းပြည်မှာ BIA အဖွဲ့တွေရှိနေတာ။ရခိုင်ပြည်မှာ BIA အဖွဲ့တွေရှိနေတာပါ။

လိုအပ်လာရင် ရက္ခိုင့်တပ်မတော်ဘက်က ရခိုင်တစ်မျိုးသားလုံး ပါဝင်ကူတိုက်ဖို့ ဆင်သင့်ရှိနေတယ်။ဘာလို့လဲဆိုတော့ ရက္ခိုင့်တပ်မတော် AA ဆိုတာ ရခိုင့်အသွေးအသားတွေသီးသန့်နဲ့
ဖွဲ့စည်းတည်ထောင်ထားတဲ့ ရက္ခိုင့်တပ်မတော်ဖြစ်သလို ရခိုင်လူမျိုးပြည်သူတွေဟာလည်း AA ရဲ့ အရံတပ်ဖွဲ့ဝင်တွေ ဖြစ်နေလို့ပဲ။AA ဟာ ရခိုင်ဖြစ်သလိုရခိုင်လူမျိုးတွေဟာလည်း
AA ဖြစ်တယ်။AA=ရခိုင်,ရခိုင်=AA ဖြစ်တယ်။

ရခိုင်တစ်မျိုးသားလုံး မနှစ်မြို့တဲ့ ကျူးကျော်လာသူBIA'မျိုးဆက်အကြမ်းဖက်တွေအနေနဲ့လူလိုနားလည်တယ်ဆိုရင် ရခိုင်ပြည်ကနေ အပြီးအပိုင်ထွက်သွား ပါတော့လို့ ရခိုင်ပြည်သူတွေက တောင်းဆိုသတိပေးလိုက်ပါတယ်။ရခိုက်တွေအတွက် ရက္ခိုင့်တပ်မတော် ရှိနေပြီမို့ သင်တို့ကျုးကျော်အကြမ်းဖက်အဖွဲ့ကို
ရခိုင်ပြည်သူတွေ လုံးဝ (လုံးဝ) မမြင်ချင်တော့ာ အမှန်ပါ။
>> လဲ့လဲ့နှင်း [fb] မှကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment