(၄၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ
စည်ကားသိုက်မြိုက်စွာကျင်းပမည်
ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ကိုင်ပွဲကို စစ်တွေမြို့ ၀င်္ကပါကွင်း၌ ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်
မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါရခိုင်ရိုးရာကျင်ကိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှကျင်အားကစားသမားများလာရောက်ယှဉ်ပြိုင်နိုင်ကြောင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ အသိပေးဖိတ်ကြားထားကြောင်းသိရသည်။
ရခိုင်ပြည်နယ်နေ့ ရခိုင်ရိုးရာကျင်ကိုင်ပွဲတွင် ဆုရရှိသည့် ကျင်အားကစားသမားများအားထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ပြီး ပြိုင်ပွဲကို ရွှေမောင်းတန်းနှင့် ငွေမောင်းတန်းဟူ၍ အဆင့်နှစ်ဆင့်သတ်မှတ်၍ ကျင်းပမည်ဖြစ်သည်။
"ရွှေမောင်းတန်းမှာတော့ ပထမ ရွှေလေးကျပ်သား၊ ဒုတိယ ရွှေနှစ်ကျပ်ခွဲသား၊ တတိယ ရွှေတစ်ကျပ်သား၊ စတုတ္ထရွှေငါးမူးသားချီးမြှင့်သွားမယ်။ ငွေမောင်းတန်းမှာတော့ ပထမ ရွှေနှစ်ကျပ်ခွဲသား၊ ဒုတိယ ရွှေတစ်ကျပ်ခွဲသား၊ တတိယ ရွှေတစ်ကျပ်သားနဲ့ စတုတ္ထရွှေငါးမူးသားချီးမြှင့်မှာဖြစ်ပါတယ်" ဟု ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးစိုးပိုင်ကပြောသည်။ စစ်တွေမြို့တွင် ကျင်းမည့် ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက် ညနေ ၄ နာရီတွင် ဆုရရှိသည့် ကျင်အားကစားသမားများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ယိမ်းအဖွဲ့များ၊ ရခိုင်တေးသံရှင်များကတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပျော်ပွဲရွှင်ပွဲများအနေဖြင့် ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲများကိုကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
လဲ့လဲ့နှင်း [fb] မှ ကူးယူ ဖော်ပြသည်။
No comments:
Post a Comment