Friday, December 11, 2015

ပြည်နယ်နေ့ကို ရခိုင် ပြည်နယ် အနောက်ဘက်နယ်စပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

(၄၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့  အခမ်းအနားကို ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် ကပ်ပကောင်းကျေးရွာအုပ်စု ခြံပြင်ကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်နေ့ကို မောင်တောခရိုင်၊ မောင်တောမြောက်ပိုင်းရှိ တောင်ပြို မြို့ အပါအ၀င်  တမန်းသား၊ ခမောင်းဆိပ် ၊ မင်းကြီး၊ကြိမ်ချောင်း၊ငခူရ ၊ ကပ်ကောင်း ၊ ခြံပြင် ၊ပြူးမ ၊ဖားဝပ်ချောင်း စသည့် ကျေးရွာများမှ ရခိုင်တိုင်းရင်းသားများနှင့် မြို၊ သက်၊ မရာမာကြီး လူမျိုးများမှ နှစ်စဉ်  စုပေါင်း ကျင်းပလေ့ရှိကြောင်း သိရသည်။ 

၂၀၁၃ခုနှစ်တွင် တောင်ပြိုလက်ဝဲမြို့တွင်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ကြိမ်ချောင်းကျေးရွာတွင်လည်းကောင်း  စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

ယခု အခမ်းအနားတွင် ငခူရကျေးရွာနေ ဦးအပျောင် မှ ပရိတ်သတ်  ၅၀၀ အတွက် နံနက်စာထမင်းကို တာဝန်ယူကျွေးမွေးလှူဒါန်းမည် ဖြစ်ပြီး အခမ်းအနားကို ရခိုင်ရိုးရာ ကျင်ပွဲ၊လွန်ဆွဲပွဲ၊ အားကစားပြိုင်ပွဲ များနှင့်ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဟု သတင်း ရရှိပါသည်။ 
ARAKAN STATE [FB] မှ ကူးယူ ​ဖော်​ပြ သည်​။

No comments:

Post a Comment