Thursday, December 10, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမှ ပူးတွဲသဘောတူညီချက်

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမှ ပူးတွဲသဘောတူညီချက်ကို စတင် အကောင်အထည်ဖော်၊ ယခု လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ကိုယ်စားလှယ်သစ်များ ခေါ်ယူမည်ဟု သူရဦးရွှေမန်း ပြောကြား

ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီခွဲက နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူ သီရိခန်းမဆောင်၌ ပြုလုပ်သည့် ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ရန်အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးတွင် သူရဦးရွှေမန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ကြေညာချက်ကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလို အကောင်အထည်ဖော်တဲ့နေရာမှာ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာတဲ့ အချက်ငါးချက်ကို ကြည့်မယ်ဆိုရင် နိုင်ငံရေး အနှစ်သာရ၊ နိုင်ငံရေးဂုဏ်သိက္ခာရော ကျွန်တော်တို့ ပြည်သူများရဲ့ ဂုဏ်သိက္ခာရော ကောင်းမွန်လာမှာ ဖြစ်တဲ့အတွက် ဒီအစည်းအဝေးဟာ ထုတ်ပြန်ကြေညာချက်နဲ့လည်း အစိတ်အပိုင်းပတ် သက်တယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်​။
Eleven media group

No comments:

Post a Comment