ရခိုင်ပြည်နယ်တွင်တစ်သောင်းတန်ငွေစက္ကူအတုတွေ့ရှိမှု များလာ
***************************************************
အောက်တိုဘာလဆန်းမှစတင်၍ ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင်ကျပ်တစ်သောင်းတန်ငွေစက္ကူအတု တွေ့ရှိရမှုများပြားနေကြောင်း သ တင်းရရှိသည်။
‘‘ဘဏ်ကို ငွေသွင်းလာတဲ့ လူတွေမှာ အများဆုံးတွေ့လာရ တာ ဖြစ်ပါတယ်။ အပြင်မှာတော့ ဘယ်လောက်ထိပြန့်နေမလဲဆို တာကို မပြောတတ်တော့ပါဘူး။ အရင်ကလည်းပျောက်နေပြီးတော့အခုအောက်တိုဘာလဆန်းပိုင်းကစပြီး အများဆုံးတွေ့လာရတာ ဖြစ်ပါတယ်’’ဟုမင်းပြားမြို့နယ်မှဘဏ်ဝန်ထမ်းတစ်ဦးက ပြော သည်။ ရခိုင်ပြည်နယ်တွင် တစ် သောင်းတန်ငွေစက္ကူအတုပျံ့နှံ့ နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ အများစုသည် ငွေအတု၊ အစစ်ခွဲ ခြားမသိ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် ငွေအတုများကိုအစစ်နှင့် ရောနှောလက်ခံမိကြောင်း မြောက်ဦးမြို့မဈေးတွင်ကုန်မျိုးစုံရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။
‘‘ကျွန်မတို့က ဈေးသည်တွေ ဆိုတော့ ၀ယ်တဲ့သူပေးတဲ့ ငွေကို ပြည့်၊ မပြည့်ပဲ စစ်ကြတယ်လေ။ အတုပါလား၊ အစစ်ပါလားဆို တာကို မခွဲတတ်ဘူး။ ဘဏ်မှာ သွားပြီး ငွေသွင်းတဲ့အခါမှ ဘဏ်ဝန်ထမ်းတွေက အတုဆိုပြီး ပြကြ ပါတယ်’’ဟု အထက်ပါဈေးသည် က ပြောသည်။
အောက်တိုဘာ ၁၄ ရက်က ပေါက်တောမြို့တွင်တစ်သောင်းတန်ငွေစက္ကူဖြင့် ဈေးဝယ်နေ သည့် အမျိုးသမီးတစ်ဦးကိုမသင်္ကာ၍သင်္ဘောဆိပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ရာ ၎င်းအမျိုးသမီးထံမှတစ်သောင်းတန်ငွေစက္ကူအတု ၁၂ ရွက်ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရအမှုဖွင့်အရေးယူထားကြောင်း ပေါက်တောမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တစ်သောင်းတန်ငွေစက္ကူ အတုတွေ့ရှိခဲ့သည့် အမျိုးသမီး ကို စစ်ဆေးမေးမြန်းရာဖားကန့်ဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မိသားစုဝင်များကျောက်အောင်၍ ရရှိလာသောငွေများဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
Credit: 7Day Daiy
No comments:
Post a Comment