Sunday, October 18, 2015

ရ​သေ့​တောင်​ ​ရွေး​ကောက်​ပွဲ အကြိုကာလ

ရ​သေ့​တောင်​ ​ရွေး​ကောက်​ပွဲ အကြိုကာလ
<><><><><><><><>
ရ​သေ့​တောင်​မြို့နယ်​ရှိ ​ရွေး​ကောက်​ပွဲ ၀င်​မည့်​ ပါတီအချို့၏ မဲဆွယ်​စည်းရုံးပုံမှာ မြို့ခံလူထု နှင့်​ များစွာ​ဝေးကွာ​နေသည်​ဟု မြင်​မိပါသည်​။ ဥပမာ-ရခိုင်​အမျိုးသားပါတီ ကဲ့သို့ ​ရွေး​ကောက်​ခံ ကိုယ်​စားလှယ်​​လောင်းများ၏ မဲဆွယ်​ ​ကြော်​ငြာ ဘုတ်​များ မထားရှိခြင်း၊လက်​ကမ်းစာ​စောင်​များ ဖြန့်​​ဝေ မှု မရှိခြင်း ၊မဲဆွယ်​ စည်းရုံး ​ဟော​ပြောပွဲ များ မပြုလုပ်​ကြ​သေး​သော​ကြောင့်​ မြို့ခံလူထု မှာ တိကျ​သေချာ​သော အချက်​အလက်​များ မရရှိဘဲ မိမိ မဲ​ပေးရမည့်​ ကိုယ်​စားလှယ်​​လောင်းများ ၏ ကိုယ်​​ရေးအချက်​အလက်​များ ကို ​စေ့​စေ့စုံစုံ မသိနိုင်​ဘဲ ဇ​ဝေဇ၀ါ ဖြစ်​​နေကြရပါသည်​။ တစ်​သီးပုဂ္ဂလ ကိုယ်​စားလှယ်​ ​လောင်းများ နှင့်​ မူ ပိုမို ​ဝေးကွာ​သွား​စေနိုင်​မည်​ ဟု ထင်​မြင်​မိပါသည်​။
မြို့နယ်​တွင်း​ရွေး​ကောက်​ပွဲနှင့်​ စပ်​လျဉ်း ၍ အလျဉ်းသင့်​ သလို တင်​ပြ​ပေးပါမည်​။
မဲ​ပေး​ရွေးချယ်​ရမည့်​ ပြည်​သူတစ်​ဦး( Ra Thea)
Photo by kosann

No comments:

Post a Comment