Monday, October 24, 2016

အမျိုးသားအဆင့် အစီအမံ မရှိရင် နယ်မြေဆုံးရှုံးမှာ သေချာတယ်

မောင်တော အရေး ပေါ့သေးသေး မဟုတ်
--------------------------------------------
အမျိုးသားအဆင့် အစီအမံ မရှိရင် နယ်မြေဆုံးရှုံးမှာ သေချာတယ်
--------------------------------------------

ရခိုင်၊ မောင်တော အကြမ်းဖက်မှုက အစိုးရသစ် (၆)လတာကာလအတွင်းမှာ စိန်ခေါ်မှု အရှိဆုံး ဖြစ်ခဲ့တယ်၊ ဒီစိန်ခေါ်မှုက အစိုးရသစ် သက်တမ်းတစ်လျှောက် ဆက်ရှိနေမှာဖြစ်ပြီး၊ နိုင်ငံတကာစာမျက်နှာက ဖိအားတွေကိုလည်း ကြီးကြီးမားမား ဆက်တိုက်ရင်ဆိုင်လာရဖွယ်ရာ ရှိနေပြန်တယ်၊

(ဘင်္ဂါလီ အကြမ်းဖက်တွေ) လုံခြုံရေးစခန်း (၃) ခုကို (စနစ်တကျ) တိုက်ခိုက်တယ်၊ ဆိုးသွားတာက (ကျဆုံးသူ ရဲအများစုဟာ) ပစ်ခတ်ရင်း တိုက်ပွဲသဘော သေကြေ ကြတာမဟုတ်ဘဲ အနီးကပ် လည်လှီးသွားတာပါ၊ သေနတ်အလက် (၅ဝ) ကျော်နဲ့ ကျည် (၁ဝဝဝဝ) ကျော်ပါသွား တယ်၊ တံတား (၄) စီးကို ဖျက်ဆီးသွားတယ်၊ (စစ်ကူလာတဲ့ တပ်ကို စောင့်ဆိုင်း ခြုံခိုတိုက် ဟန့်တား နိုင်ခဲ့တယ်)။

အဲဒီသတင်းက နိုင်ငံတကာကို အတိုင်းအတာတစ်ခုအထိ ပြန့်သွား တယ်၊ နယ်မြေလုံခြုံရေး တစ်ခါတည်း လှုပ်ခါသွားတယ်၊ စစ်ကြောင်းလိုက်တော့ လူ ‘ထောင်’ ချီပြီး ခုခံကြတယ်၊ ရွာလုံးကျွတ် ဆန့်ကျင်တာတွေ လုပ်လာတယ်၊ အကြမ်းဖက် (၃ဝဝ) လောက်က ကြားဖြတ် တိုက်ခိုက်တယ်၊ ပြန်တိုက်တော့ တောင်ပေါ်ကို စနစ်တကျ ဆုတ်ခွာသွားတယ်၊

ဖမ်းမိတဲ့ အကြမ်းဖက်တွေကို ကနဦး စစ်ဆေးချက်အရ RSO နဲ့ (ပါတ်သက်တဲ့ Aqa Mul Mujahidin) တွေဆိုတာ သိရပြီး၊ အင်အား (၆ဝဝဝ) လောက် စုဖွဲ့ထားပြီး ဖြစ်တာရယ်၊ အင်အား (၁ဝဝဝ) က KIA စခန်းမှာ AA တွေနဲ့အတူ စစ်သင်တန်း တက်ခဲ့တယ်ဆိုတာ ပေါ်လာတယ်၊ ရွာကို စီးနင်းရှာဖွေရာမှာလည်း RSO အလံတွေ အများကြီးကို လက်နက်၊ ကျည်တွေနဲ့ အတူမိတယ်၊ စခန်းစီးနင်းပုံ၊ လည်လှီးပုံတွေကိုကြည့်ရင် စနစ်တကျ သင်တန်းတက်ပြီးထားပုံက စစ်ဆေးချက်မရခင်ထဲက သိသာတယ်၊ စစ်သဘောတရားတွေပါနေလို့၊

နိုင်ငံရေး၊ စစ်ရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး၊ ဘင်္ဂလားဒေ့ရှ်က ဖြစ်စဉ်ဖြစ်ပွားချင်း နယ်စပ်မှာ တပ်ဖြန့်လိုက်တယ်၊ အဲဒီဖြစ်စဉ်က အတော် မကောင်းဘူး၊ ဘယ်လိုငြင်းငြင်း အနည်းအများ ပါဝင်ပတ်သက်မှုရဲ့ လက္ခဏာတစ်ရပ်ပဲ၊ နောက်တစ်ခါ ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောအုပ်စုတစ်စုကလည်း မြန်မာ့ရေပိုက်နက်ထဲ ဝင်လာခဲ့ပြန်တယ်၊ (တူရကီ အခြေစိုက်) incanews.com ရဲ့ ဓာတ်ပုံတွေအရ ဘင်္ဂလားဒေ့ရှ် စစ်ဝတ်စုံတွေနဲ့ တစ်ခုက မြန်မာနိုင်ငံမြေပုံ၊ ရခိုင်ဒေသကို လက်ထောက်ပြီး ပြောဆိုနေပုံတွေ ထပ်တက်လာတယ်၊ ဖြစ်ရပ်တွေအားလုံးကို ဆက်စပ်ကြည့် လိုက်ရင် ဗေဒင်မေးစရာမလိုလောက်အောင် ဖြစ်စဉ်တစ်ခုလုံး နဲ့ အနာဂတ်ဖြစ်လာမယ့် ဖြစ်စဉ် တစ်ခုလုံး ကို ပုံဖော်လို့ရတယ်၊

OIC နဲ့ လုပ်ကြံသတင်းဖြန့်မှု

မြန်မာ့တပ်မတော်က နယ်မြေလုံခြုံရေး၊ တည်ငြိမ်ရေးအတွက် စစ်ကြောင်းထိုးတော့ ခုခံတိုက်ခိုက်မှု တွေရှိလာတဲ့အတွက် ပစ်ကြခတ်ကြရတယ်၊ ကိုယ့်ဘက်က အသက်ပေးလိုက်ရသလို အကြမ်းဖက်တွေဘက်လည်း ကျဆုံးကြတယ်၊ ဘာမှမဆိုင်တဲ့ ခေါင်းဖြတ်ကလေး (တခြားနိုင်ငံမှာဖြစ်တဲ့ကိစ္စ) ပုံကို မြန်မာစစ်သားတွေက အပြစ်မဲ့တဲ့ကလေးကို သတ်ပါတယ်ဆိုပြီး လုပ်ကြံသတင်းလွှင့် တယ်၊ တခြားနိုင်ငံမှာဖြစ်ပြီး၊ သေကြေ ခန္ဓာကိုယ် တန်းစီထားတဲ့ပုံကိုလည်း လောလောဆယ် ရခိုင်ဖြစ်စဉ်မှာ တပ်မတော်က ကျူးလွန်းပါတယ်ဆိုပြီး ‘လုပ်ကြံ’ ဝါဒဖြန့် တယ်၊ အတော် ကူလီကူမာနိုင်တဲ့ လူမျိုးတွေပဲ၊

OIC ကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးအဆိုမူကြမ်းကို တင်သွင်းဖို့ရှိတယ်ဆိုတာ လည်း ဖြစ်လာတယ်၊  ဆက်စပ်ကြည့်ပါ၊

- စစ်ရေးနဲ့အကြမ်းဖက်ကို တွဲသုံးသွားတယ်၊
- ဝါဒဖြန့်ချီရေးနဲ့နိုင်ငံရေးကိုတွဲသုံးသွားတယ်၊
- ရွာလုံးကျွတ် ဆန့်ကျင်ကြတယ်၊
- ခြုံခို၊ ကြားဖြတ်တိုက်တယ်၊
- ဘင်္ဂလားဒေ့ရှ်ဘက်က တပ်ဖြန့်တယ်၊
- မီဒီယာကနေ လုပ်ကြံဇာတ်ခင်းပြီး ကမ္ဘာကိုဖြန့်တယ်၊
- OIC က သူ့အမျိုးတွေ လည်လှီးတာကို ချန်လှပ်ပြီး ကုလမှာ လူ့အခွင့်အရေး အဆိုတင်သွင်းဖို့ ကြိုးစားတယ်၊

Htay Lwin Oo အကောင့် ကနေပြီး မောင်တော အကြမ်းဖက်မှု မဖြစ်ခင်မှာ

“နောက်ကျနေပြီ - ဘယ်သူနဲ့ဖွဲ့ဖွဲ့ - ဘာတွေဖွဲ့ဖွဲ့ - ‘ရို’ကို ‘ရို’အဖြစ်သတ်မှတ်ပြီး ‘ရို’တွေကို တန်းတူညီမျှအခွင့်အရေးပေးဖို့ ၂ဝ၁၆၊ စက်တင်ဘာလ ထက် နောက်ကျရင်တော့ - လူကြီးမင်း တို့အတွက် ဆေးမရှိတော့ပါ" ဆိုတဲ့အရေးအသား

Htay Lwin Oo အကောင့်ပဲ (၁၂. ၁ဝ. ၁၆) နေ့မှာ

“ဒေါ်စုရေ ရှင်းဖို့ပြင်ထားပါ - ခင်ဗျားချစ်တဲ့ ခင်ဗျားဖေဖေရဲ့ တပ်မတော်က လက်နက်မဲ့ အပြစ်မဲ့ လူတွေကို လိုက်သတ်နေလို့ - ပင်လယ်သမုဒ္ဒရာကို ဖြတ်ပြေးရပြန်ပြီ" ဆိုတဲ့ အရေးအသား

အားလုံးဟာ သီးခြားဖြစ်တည်မနေကြဘဲ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်၊ အစီအစဉ်ကျကျ ‘ချိတ်ဆက်’ နေတာ၊ Plan တစ်ခုအတိုင်းသွားနေတာကို တွေ့ရပါလိမ့်မယ်၊ (ပေါ့ပေါ့စဉ်းစားလို့မရတော့ပါ)။

(ရခိုင်တွေ) နေရပ်စွန့်ခွာတာနဲ့  (ရခိုင်) နယ်မြေဆုံးပြီ

ရခိုင်မြောက်ပိုင်းမှာ ဌာနေရခိုင်တွေက လူနည်းစုဖြစ်သွားပြီ၊ (၄%) လောက်ပဲရှိပြီး ဘင်္ဂါလီတွေက (၉ဝ%) ကျော်နဲ့ လူများစုဖြစ်ခဲ့ပါပြီ၊

အထိန်းအကွပ်မရှိဘဲ အိမ်ထောင်ပြု၊ သားသမီး ရနိုင် သလောက်ယူတော့ လူဦးရေ တိုးချင်သလောက် တိုးသွားတဲ့သဘောပဲ၊ နိုင်ငံအနေနဲ့လည်း ကိုယ့်လူမျိုးဘက်က ပြန်မကြည့်ဘဲ Family Planning လုပ်မယ်ဆိုရင် လူ့အခွင့်အရေးကိုင်ပြီး ပြောနေကြတာတွေရဲ့ ရလဒ်ပါ၊

ဘယ်ဘက်ကကြည့်တဲ့ လူ့အခွင့်အရေးလဲလို့ မေးချင်တယ်၊ တစ်ချိန်မှာ ရခိုင်တွေ နိမ့်ပါးသွားမယ်ဆိုတာ မသိ တာလား၊ အနာဂတ်ကို မမြင်နိုင်တာလား၊ ပထွေးလွမ်းဇာတ်လမ်းလားလို့ မေးချင်တယ်၊

‘အနာဂတ်ကို မကြည့် နိုင်ရင်’ ‘ကိုယ့်အကျိုးစီးပွားကို အခြေမခံနိုင်ရင်’ လူကြီးမလုပ်သင့်ဘူး၊ ဖြစ်လဲမဖြစ်သင့်ဘူး၊ ဒီလိုကိစ္စကို တောင်မှ မမြင်နိုင်ရင် အခြားစီမံခန့်ခွဲရေးတွေ၊ စီးပွားရေး၊ လူမှုရေးတွေ ဘယ်လိုလုပ်တတ်ကြမှာတုန်း၊ မူဝါဒ တစ်ခုရဲ့နောက်မှာ ]ကြီးကြီးမားမား} ဆုံးရှုံးရတတ်တယ်ဆိုတာ ခေါင်းဆောင်လုပ်ကြမယ့်သူတွေ အလေးအနက် သတိထားဖို့ကောင်းတယ်၊

လူ့အခွင့်အရေးလို့ပြောရင် … ‘ကိုယ့်ဘက်က တိုင်းရင်းသားတွေလဲ လူပါပဲ၊ တိရစ္ဆာန် တွေ မဟုတ်ကြပါဘူး’ ၊ အဲဒီအချက်ကိုလည်း သတိတရနဲ့ ကိုယ့်အကျိုးစီးပွား အပေါ်အခြေခံပြီး ပြန်တုံ့ပြန် ပေးကြစေချင်တယ်၊

မောင်တောဖြစ်ရပ်က ရိုးရိုးလေး တွေးလို့မရတဲ့ကိစ္စပါ၊

မောင်တောကိစ္စကြောင့် ဌာနေရခိုင်တွေ ‘ထောင်’ နဲ့ချီပြီး ထွက်ပြေးလာခဲ့ကြရတယ်၊ ဘယ်လောက် ရင်နာဖို့ကောင်းသလဲဆိုတာ စဉ်းစားနိုင်ကြတယ်၊ ကျွန်တော် တပ်မတော်မှာ တာဝန်ထမ်းဆောင်တုံးက (၁၉၈၁) မှာ ရခိုင်ဒေသတစ်ချို့ကို ရောက်ခဲ့ဖူးတယ်၊ နှစ်ပေါင်း (၃၅) နှစ်အကြာမှာ လူဦးရေ အချိုးအစား ကြီးကြီး မားမား ပြောင်းလဲသွားတယ်၊ လူ့သက်တမ်းတစ်ခုအတွင်းမှာပဲနော်၊ နောက်ရောက်တဲ့သူတွေက နယ်မြေပိုင်ပြီး ရှေးကတည်းက နေလာခဲ့ကြသူတွေက ထွက်ပြေးကြရတဲ့ အခြေအနေတစ်ခုကို ရောက်ခဲ့ကြရပြီ၊ နောက်ထပ် (၃ဝ) နှစ်ဆိုရင် ဘာဖြစ်လာမလဲ စဉ်းစားကြည့်ကြတော့၊ စစ်တွေတောင် ရခိုင်ကျန်မှာ မဟုတ်တော့ဘူး၊ ကျန်တဲ့ ဒေသတွေကတော့ မပြောနဲ့တော့၊

ဒေသခံ၊ ဌာနေအနည်းစုက အကုန်ထွက်ပြေးလာကြပြီဆိုတော့ … အဲဒီနယ်မြေ၊ အဲဒီရွာတစ်ခုလုံး က သူတို့တွေပဲ ဖြစ်ကုန်ကြတော့မှာ၊ အခုလို တစ်ခါအကြမ်းဖက်ပြလိုက်ရင် … နောက်ရွာတွေမှာလည်း ဌာနေ ရခိုင်တွေ ထွက်ပြေးကြလိမ့်ဦးမယ်ဆိုတာ သိသွားရင် … အဲဒီလိုမျိုး ထပ်လုပ်ပြရင်းနဲ့ … ရွာတွေကတစ်ဆင့် ဒေသတစ်ခုလုံးကို သိမ်းပိုက်သွားကြလိမ့်မယ်၊ သူတို့ချည်းပဲရှိမယ်ဆိုရင် … ဘာဖြစ်လာမလဲ၊ ဗေဒင်မေးရင် အချိန်ကုန်ပါလိမ့်မယ်၊ ငွေကုန်ပါလိမ့်မယ်၊ သေချာပေါက် ခွဲထွက်ခွင့် တောင်းပါလိမ့်မယ်၊ ၂ဝ၁၂-ရခိုင်ပဋိပက္ခ မှာထဲက ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ သတင်းစာတစ်စောင်က "အများဆန္ဒနဲ့ခွဲထွက်ခွင့်တောင်းဖို့" သွေးထိုး မြောက်ပင့် ပေးခဲ့ဖူးပြီပဲ၊

လူရဲ့သဘာဝအရလည်း လူနည်းစုဖြစ်လာရင် မလုံခြုံတော့ဘူး၊ တစ်ဖက်က အသိစိတ်မဲ့တဲ့ လည်လှီး သမားတွေဆိုတော့ သူတို့လည်း စိုးရိမ်စိတ်ရှိကြမှာပဲ၊ သူတို့ကို နှုတ်ကပြန်သွားခိုင်းလို့ သွားမှာမဟုတ်တာ သေချာတယ်၊ နိုင်ငံတော်အနေနဲ့ အာမခံနိုင်တဲ့ လုံခြုံရေးလုပ်ပေးဖို့၊ အထောက်အပံ့ပေးဖို့ လိုပါလိမ့်မယ်၊ ဒါက ရေတိုကိစ္စပါ၊ ရေလတ်နဲ့ ရေရှည်အတွက် နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့် အစီအမံတွေ လုပ်ရပါလိမ့်ဦး မယ်၊ အဲဒီအဆင့်ကတော့ တော်တော် ကျယ်ပြန့်ပါလိမ့်မယ်၊ OIC က အော်တာကို စိုးရိမ်နေလို့ မရပါဘူး၊ အီရတ်ကို အမေရိကန်ဝင်တိုက်တုန်းက အီရတ်ဘက်က ‘ခဲ’ တစ်လုံးမှ မပစ်ရသေးပါဘူး၊ ဒါပေမဲ့ ‘ကိုယ်ကျိုး စီးပွား ကာကွယ်တဲ့အနေနဲ့’ Preemption ဆိုတဲ့ ‘ကြိုတင်လက်ဦးယူမှု’ နဲ့ ဝင်တိုက်ခဲ့ဖူးပါတယ်၊

ရေရှည်မှာ လူဦးရေ ပြန်လည်ထိန်းညိမှု လုပ်ရပါလိမ့်မယ်၊ မိသားစုစီမံကိန်း ချရပါလိမ့်မယ်၊ တစ်အိမ် ထောင် ဇနီးတစ်ယောက် လုပ်သင့်ရင်လည်း လုပ်ရမယ်၊ ကလေးတစ်ဦးပဲယူရမယ်ဆိုတာလည်း ဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံတစ်ခုရဲ့ နယ်နမိတ်အတွင်းမှာနေထိုင်ရင် အဲဒီနိုင်ငံရဲ့ စည်းကမ်း၊ စည်းမျဉ်းကြားမှာပဲ နေထိုင်လိုက်နာရပါ မယ်၊ အခြား ဘာသာရေး၊ လူမှုရေး၊ လူ့အခွင့်အရေး ဘာအကြောင်းပြချက်မှ မရှိသင့်ဘူး၊ နိုင်ငံတစ်ခုရဲ့ အချုပ် အခြာအာဏာနဲ့ အဲဒီနိုင်ငံရဲ့မူဝါဒ၊ စည်းမျဉ်းကို အခြား ဘယ်လိုအကြောင်းပြချက်နဲ့မှ ကျော်လွှား၊ လွှမ်းမိုးခွင့် ပေးမထားပါဘူး၊

လူဆိုတာ သဘောကောင်းရင် ကုပ်ခွစီးတယ်၊ ပျော့ပြရင် ရောင့်တက်တတ်တယ်၊ တခြားနိုင်ငံတွေကို လေ့လာပါ၊ ဘယ်လိုစည်းမျဉ်းတွေကို လိုက်နာစေသလဲ၊ စင်ကာပူ ဘယ်လိုကျင့်သုံးသလဲ၊ ဂျပန် ဘယ်လိုကျင့်သုံး သလဲ၊ ဆန့်ကျင်ဘက်အဖြစ် ဆော်ဒီ ဘယ်လိုကျင့်သုံးသလဲ၊ ကိုယ့်ဘက်က မသိသလိုရှိတော့ တခြားဘက်က ‘လူ့အခွင့်အရေး’ ကိုင်ပြီး အခွင့်အရေး တောင်းတော့တာပေါ့၊ မြန်မာနိုင်ငံကပေးထားတဲ့ အခွင့်အရေးဟာ အတိုင်းထက်အလွန်ပါ၊ တခြားဘယ်နိုင်ငံမှာမှ အဲဒီလို သဘောကောင်းပြီး မပေးကြဘူး၊ လေ့လာကြပါ၊ ဖတ်ကြည့်ကြပါ၊

ဆော်ဒီမှာ တခြားလူမျိုး၊ ဘာသာကို ဘယ်လို အခွင့်အရေးပေးပါသလဲ၊ သူများဆီက ဘယ်လို အခွင့်အရေးမျိုးအထိ ရအောင်ယူနေကြပါသလဲ၊ နည်းလမ်းအမျိုးမျိုးနဲ့ ရအောင်ယူနေကြတာကို ခေါင်းဆောင်ပိုင်းတွေ မျက်လုံးပိတ်မနေစေချင်ဘူး၊ နားပိတ်မနေစေချင်ဘူး၊ ကြောက်ရွံ့မနေစေချင်ဘူး၊

အကျင့်ပျက်ခြစားတာ မကောင်းပါဘူး၊ ဒါပေမဲ့ သမိုင်းကို ‘ဆိုးသာ’ ဆိုးစေတာပါ၊
အဆုံးအဖြတ်တစ်ခုကြောင့် ကိုယ့်လူမျိုးနိမ့်ပါးရင် သမိုင်းရိုင်းစေပါတယ်၊

- မင်းတုန်းမင်း မိဖုရားများတာ ဘယ်သူမှမပြောဘူး၊
- သီပေါမင်း အစွမ်းမဲ့လို့ မင်းတုန်းခြေရာ မမှီတာလည်း ဘယ်သူမှ မပြောပါဘူး၊

ဒါပေမဲ့ ‘အသိဥာဏ်နည်းပါးခဲ့လို့’ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့ရတာကျတော့ ‘သမိုင်းရိုင်း’ လို့ သီပေါကို လက်ညှိုးဝိုင်းထိုးကြတယ်၊ စုဖုရားလတ်ကို လက်ညှိုး ဝိုင်းထိုးကြတယ်၊ အဲဒီတော့ သမိုင်းမရိုင်းအောင်၊ အစဉ် အဆက် လက်ညှိုး မထိုးရလေအောင် တစ်စုံတစ်ရာကို ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ကြပါစေလို့ တိုက်တွန်း ချင်ပါတယ်၊

မောင်တောအရေး … ခပ်သေးသေးမဟုတ်တာကို မြင်ပေးကြစေလိုပါတယ်။

Post Credit to နေဇင်လတ် ၂ဝ-၁ဝ-၂ဝ၁၆ (၁၇၇၇) (edited a bit)
Photo credit to Original

No comments:

Post a Comment