Monday, January 18, 2016

ရခိုင်ရိုးရာစည်တော် ပေါ်ပေါက်လာခြင်းအကြောင်း


••••••••••••••••••••••••••••••••••••••••••••••••••••
ရက္ခပူရတိုင်း ဓညဝတီရခိုင်ပြည်ကြီးတွင် တူရိယာအနေဖြင့် ရှေ့ပဝေသဏီကာလ ဒွါရာဝတီ ဝါသုဒေဝမင်း လက်ထက်ကပင် စည်တော်တီးလျက် သုခုမအနုပညာရိုးရာကို နန်းတွင်းယဉ်ကျေးမူအဖြစ် စတင်တီထွင်ပေါ်လာခြင်းဖြစ်ပါသည် ။ရခိုင်လူမျိုး ရခိုင်ပြည်ဟု စတင်တည်ထောင်ခဲ့သော ဥတ္တရမဓူရမြို့တော်သည် သာဂရမင်း၏ ညီတော် ဥဿပရမင်းသည် (ကံသမင်း)၏ သမီးတော် (ဒေဝဂမ္ဘာ)မင်းသမီနဲ့ ထီးနန်းစိုးစံစဉ် ထူးခြားသော ဘုန်းသမ္ဘာနှင့်ပြည်စုံသော သားတော်တစ်ကျိပ်ကိုဖွားမြင်တော်မူသည်။၎င်းမင်းသားတို့သည် ဆင်ပြောင်ငါးစီးအားနဲ့ ပြည့်စုံတော်မူသည်။
၎င်းမင်းသားတို့မှာ ဝါသုဒေဝမင်း ဗလဒေဝမင်း သူရိယဒေဝမင်း အဂ္ဂိဒေဝမင်း မစ္စုဒဒေဝမင်း ဝရုဏ္ဏဒေဝမင်း ရောဟဒေနေယျဒေဝမင်း ပဋမပဏ္ဍိတဒေဝမင်း အင်္ဂုရဒေဝမင်း ဟူ၍ သားတော်တစ်ကျိပ်နှင့် သမီးတော် အည့နဒေဝီတို့ဖြစ်ကြသည်။၎င်းဝါသုဒေဝညီနောင်တစ်ကျိပ်တို့သည် ဒွါရာဝတီ (အာဏပျံဝဲမြို့သံတွဲ)စောင့်ရှောက်သော မြို့စောင့် ဘီလူမကြီးရန်အား နှိမ်နင်းပြီးသော် သိမ်းပိုက်စိုးစံလေသည်။
ထိုအချိန့ကာလတည်းက ကဿပဘုရားသခင်သာသနာဆုပ်ကပ် ကာလဖြစ်သည်။ထိုအချိန်ကာလတွင် ဟိမဝန္တာတောကြီးတောင်ကြီးများထဲဝယ် အလွန်ကျော်ဇော်ထင်ရှားသော (ကုဏ္ဍရ)အိုင် (သက္ကဋဂူ)တွင်းကြီးတွင် ခိုအောင်းနေသော ပုဇွန် ကြီးတစ်ကောင်သည် များစွာကြီးထွားသန်မာလျက် လွန်စွာကြောက်မတ်ဖွယ်ကောင်းကာ သူ၏လက်မနှစ်ခုဖြင့် လာသမျှသောရေသတ္တဝါ ကုန်းသတ္တဝါအားညှပ်သတ်ဖြတ်လျက် သေစေလေတော့သည်။
ထိုအချိန်ကာလမကြာမြင့်မီ ဟိမဝန္တာတောကြီးအတွင်း၌ အင်မတန်ခွန်အားဗလနဲ့ပြည့်စုံသော ကြောက်မတ်ဖွယ်ကောင်းသော (ဆင်ဟတ္တိ)ကြီးတစ်ကောင်သည် ထင်ရှားပေါ်ပေါက်လာလေသည်။ ၄င်းဆင်ကြီးသည် အဆိုပါ(သက္ကဋဂူ)တွင် မင်းမူနေသော ပုဇွန် ကြီးအားနင်းသတ်လျက် လက်မကြီးနှစ်ချောင်းကို နှမောင်းဖြင့် ချိုးဖဲ့ကာ မြစ်ထဲကို ပစ်ချလိုက်လေသည်။
ထိုအခါလက်မကြီးတဟ်ချောင်းကို အသူရာမင်း ဆယ်ယူရရှိလေသဖြင့် စည်ကြက်တာတီးခတ်လေရာ ငြိမ့်ညောင်းသာယာဖွယ် အသံစုံဖြစ်ပေါ်လေသဖြင့် ထူးဆန်းစွာသော အသူရာနတ်စည်တော်ကို သိကြားမင်း ကတိုကိခိုက်သိမ်းပိုက် ယူဆောင်လေတော့သည်။
ကျန်သောပုဇွန်လက်မကြီးတစ်ချောင်းသည် အစဉ်အတိုင်း ဂင်္ဂါမြစ်ဖျားမှတသ်ဆင့် ပင်လ်ာထဲကိုမျောလာပြီးသော် လေဖြင့်တိုက်ခိုက်မူကြောင့် ဒွါရာဝတီ မြစ်ကမ်းဖူး၌ ရေချိုးနေကြသော ဝါသုဒေဝမင်း ညီနောင်တစ်ကျိပ်တို့သည် ဆယ်ယူရရှိလေကုန်သည်။
ထိုပုဇွန်လက်မတက္ကဋကို စည်တော်ကြက်လျက် နန်းတော် တွင် တီခတ်ကြလေရာ အင်မတန်ထူးခြားအံ့ဖွယ်ကောင်းသော သံစုံတီးလျက် ပေါ်ထွန်းလာပြီးသော် သာယာငြိမ့်ညောင်းဖွယ်ကောင်းသော အသံစုံလင်စွာဖြင့် စပ်ဆိုကာ သီဆိုကကွက်ထွင်ပြီး(စည်တော်ကြီးကို စတင်တီခတ်ကြလေသည်။)
သို့ဖြစ်လေသောကြောင့် ရခိုင်ရာဇဝင်တော်ကြီးလင်္ကာ၌ အောက်ပါအတိုင်းဖော်ပြထားလေသည်။
(ရိုးညွှန့်ခပ်သိမ်းရန် စစ်ငြိမ်း မုဒိမ်း ဓားမြ ခိုးသူစသည့် လန့်ထကြောက်ညှင်းရန်မျိုးစင်မှ သောင်ခွင်ကြော်ကြား ထိုမင်းများတို့ ပျော်ပါးမြူးဆန် မြို့ရွှင်ပျံ၌ ခြွေရံမှန်ပျင်း များလူရှင်းနှင့် နေကျင်းပေါင်းရုန်း ဇမ္ဘူ လုံးကို သိမ်းကျုဆည်ရအဖို့ပြု၍ တခုမကြွင်း လုပ်ခွန်သွင်းလျက် စံခြင်းများစွာ ထိုအခါ၌ မည်သာခေါထ ကုဏ္ဍရဟု အိုင်းမက်၌ငယ် ကြောက်မတ်ဖွယ်သား ကြီးကျယ်သန်လှ သက္ကဇူလို ပွပွသမ္ဘာ ဖူးငုံအားသာ ပွင့်လာဘုန်း ဟိဆင်ဟတ္တိလျှင် နင်းဘိတန်ခိုးရှတ်ရှတ် ချိုးက စွယ်ကျိုးဘိန္ဒမြစ်သို့ချသော် လက်မထရံမျိုးလေ ထုံ၍ကြိတ်ကြိတ် ထိုပါ အသူရာတို့ မဟာသမှတ်လှိုင်းခတ်ဖြုတ်၍ ဝရမ်ရေကြောင်း ဝင်လေချောင်းသော် တချောင်းအကြွယ် ဆယ်ရုံလေ၏ မြဲတွယ်သည်မှ ဝုန်ပေါက်ပြဲသား စည်မစည်သီရိဟု ပြုပြီးကုန်မှ ဝါသနာနှင့် တွေ့ကြရန်ရေ နတ်စစ်မြေ၌ ရုံးလေရကား ပါယ်စွန့်သွားသာ သိကြား တမူ ရလေယူမှ ဟိန်းဆူကျော်ကြား အလမ္ဗဟု တွင်ထအမည် သိနားလည်လော့ ထိုစဉ်အမျိုး အတူကျိုး၍ ရေရိုးလေယူမှ ပြုပြီးကုန်မှ ဝါသဝနှင့်တွေ့ကြရန်ရေး နတ်စစ်မြေ၌ ရှုံးလေရကား ပါယ်စွန့်သွားသားသိကြားတမူ ရလေယူမှဟိန်းတူကျော်ကြား အလမ္ဗဟု တွင်ထအမည် သိနားလည်လော့ ထိုစဉ်အမျိုး အတူကျိုး၍ ရေရိုးလေယာ မျောကြရာတွင် ဂင်္ဂါမြသ်ကြောင်း ပါလေသျှောင်း၍ တောင်ဆီ ဝယ်နဒီမြယဉ်ကမြူးစဉ်၌ဝဲရေချမ်းမြိုက် ဆယ်ခွာလိုက်ဝယ် တန့်ရိပ်မြည်လျက် မြောက်စဉ်ကြက်၍ မပျက်တီးကာ သံဝုန်ဖြန့်သည် ဒီကျွန်းဇမ္ပူလွမ်းပတ်တည်း။)
ဟူ၍ ပင်ပါရှိလေတော့သည်။
သို့ဖြစ်ပါ၍ (စာရေးသူအနေဖြင့်)ရခိုင့်စည်တောတီခတ်ရန်အလိုငှါ ခြေဆင်းရတုအဖြစ် အောက်ပါအတိုင်း ရေးစပ်တင်ပြအပ်ပါသည်။
(ရက္ခမဏ္ဍိုင် ပြည်ရခိုင်လေ ရခိုင်ညွန့်ဖူး ကြည်သောက်ရူးသို့ ကွန့်မြူးဂုဏ်ရောင် သေလာတောင်ဆိုင်း ပြိုင်းကရိုင်းတည်း အုံမှိုင်းဝီဝီ ကမ်းခြေဒေသ မဏ္ဍလဝယ်ဝံသမျိုးမှန် တန်းခိုးလျှံ၍ ဝါသုဒေဝ ဒသဝါတက ညီနောင်လှတို့ ဒွါရာဝတီ မြို့သိ င်္ဂီကို စိုးစံပိုင်သ ထိုစိုင်ကပင် ပုဇွန်လက်မကုဏ္ဍဟု နားမထင်ပေါ် မြတ်စည်တော်ကို ရာဇာရာဇနရိန္ဒနှင့် ဒလိန္ဒဆုံး တပြုံးရွှင်ရွှင် မင်္ဂလာ ခန်း ရီစင်ဖြန်း၍ ထုံးတမ်းစိုင်လာ ခိုင်အမာလေ ရိုးရာမပျက်ဒေနိမ့်ထက်တိုင် တမြိုင်မြိုင်ကေ ရခိုင်စည်ခြင်း သံသာညှင်းဖြင့် မယွင်းဇာတိ သီွးမာန်ဟိရေအောင်ကြံဆောင်ရည်စူး မြတ်စည်တော်တီး ဗျာလ်ခတ်ကေ(ဗြိန်းလေ စောင်းစောင်းဗြိန်း)။
https://m.facebook.com/%E1%80%94%E1%80%94%E1%80%B9%E1%80%B…/
ရက္ခပူရကြေးမုံကျမ်း စာအုပ်မှ စာမျက်နှာ ၁၃၉မှ ၁၄၀အတွင် အခန်း(၃၃)တွင်ရေးသားထားဒါကိုပြန်ရေ ကူးရေးခြင်း
credit to- နန်း

No comments:

Post a Comment