Monday, January 18, 2016

ရခိုင်လူမျိုးဖြစ်ရတာ ဂုဏ်ယူလိုက်ကြပါ

ပြည်ထောင်စုမြန်မာနိုင်ငံကြီးမှာ
တိုင်းရင်းသား ၁၃၅ မျိုးရှိကြပါတယ်။
တိုင်းရင်းသားကြီးတွေက ဗမာ ၊ ရှမ်း ၊
ရခိုင် ၊ မွန် ၊ ကရင် ၊ ကချင် ၊ ကယား ၊
ချင်း စတဲ့ရှစ်မျိုးပေါ့ ။ တိုင်းရင်းသား
ညီအကိုမောင်နှမတွေ စုပေါင်းပြီး
နေထိုင်လာခဲ့ကြတာ အချိန်တွေလည်း
ကြာညောင်းခဲ့ပါပြီ။ ဒါပေမယ့်ရင်ကြားစေ့ဖို့
မဖြစ်နိုင်ခဲ့ပါ။ ပြည်တွင်းမှာတိုင်းရင်းသား
အချင်းချင်းတိုက်ပွဲဖြစ်နေလိုက်ကြတာ
ယခုအချိန်ထိ သေနပ်သံတွေက
မရပ်သေးပါဘူး။ စစ်ပွဲ့  စစ်ပွဲ
ဘာကြောင့်ဖြစ်နေရတာလဲ?
ဖြစ်နိုင်ရင်ပြည်တွင်းစစ်ရပ်ပေးပါလား
အမျိုးမျိုးတောင်းဆိုခဲ့ကြပေမယ့်
ဒီနေ့အချိန်ထိ ဆင်းရဲကြလွန်းလို့
ပြည်ပထွက်ပြီး အလုပ်လုပ်နေကြရလေရဲ့။
အဲဒီကြားထဲမှာ ရခိုင်လူမျိုးက
ဒုတိယအဆင်းရဲဆုံးမှာ ပါဝင်နေသေးတယ်။
ရောက်တဲ့နေရာမှာ အောက်ခြေအကျဆုံး
အနိမ့်ကျဆုံးအလုပ်ကို လုပ်ရတဲ့လူမျိုးကို
ကြည့်လိုက်ရင် ရခိုင်တွေကရှေ့ဆုံးကပါပဲ။
ရခိုင်တွေက ကြီးကျယ်ခန်းနားခဲ့တဲ့
သမိုင်းနဲ့လူမျိုး  ဘာကြောင့်အခုလို
အနိမ့်ကျဆုံးအလုပ်ကိုလုပ်နေရသလဲ
အဖြေရှာကြည့်တဲ့အခါ  ကိုယ့်ကံကြမ္မာကို
သူများလက်ထဲမှာ အပ်နှံထားကြလို့ပါပဲ။
ရှင်းရှင်းလင်းလင်းပြောရရင်
လုပ်ပိုင်ခွင့်မရှိလို့  အချုပ်အခြာအာဏာ
ကျဆုံးနေလို့ပါပဲ ။ နိုင်ငံဆုံးရှုံးခဲ့ကြရတဲ့
လူမျိုးတစ်မျိုးအတွက် တော်လှန်ရေး
လုပ်ရုံကလွဲရင် အရေးကြီးတာဘာမှ
မရှိပါဘူးလို့ ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်
ပြောခဲ့တဲ့စကားကတော့ အမှန်တကာ့
အမှန်ဆုံးပါပဲ ။ AAဟာခွဲထွက်ရေးသမားတွေမဟုတ်ပါ။
တော်လှန်းရေးသမားတွေပါ။ တိုင်းရင်းသားတွေဟာ
ဘာကြောင့်လက်နက်ကိုင်လာရသလဲ
ဗမာတွေလည်းသဘောပေါက်မှာပါ။
ရခိုင်တစ်ခုတည်းကလက်နက်ကိုင်ပြီး
တိုက်ခိုက်နေရင် ရခိုင်တွေကိုသောင်းကျန်းသူ
တွေလို့ပြောနိုင်ပေမယ့် အခုတိုင်းရင်းသား
အားလုံးကလက်နက်ကိုင်နေကြတော့
သူတို့အားလုံးကိုသောင်းကျန်းသူဆိုပြီး
နာမည်တပ်လိုက်ရင် မြန်မာနိုင်ငံကြီးက
သောင်းကျန်းသူတွေများပြားပြည့်နှံ့နေတဲ့
နိုင်ငံတစ်နိုင်ငံလို့ နိုင်ငံခြားသားတွေ
မြင်တဲ့အမြင်ကလည်း မှားမယ်မထင်။
သောင်းကျန်းတယ်ဆိုတာဘယ်လိုမျိုးလဲ?
တော်လှန်ရေးဆိုတာဘယ်လိုမျိုးလဲ?
လက်နက်ကဘာကြောင့်ကိုင်လာရတာလဲ?
အဖြေရှာကြည့်တဲ့အခါ သောင်းကျန်းတိုက်ခိုက်သူတွေက
### တွေပဲဖြစ်သွားတယ်ဆိုရင်
မှားတယ်လို့ပြောကြမှာလား?
မြန်မာအစိုးရပြောတာလည်းမှန်ပါတယ်။
ပြည်နယ်တောင်းဆိုတိုင်း ခွဲထွက်ဖို့
ကြံစည်တိုင်း အလျှော့ပေးမယ်ဆိုရင်
မကြာခင်မှာပဲ မြန်မာနိုင်ငံမြေပုံ
ဒေါင်းပျိုကနေတဲ့ပုံစံလေး ပျောက်ကွယ်
ရပါလိမ့်မယ်။ ကဲသူတို့ဒီလောက်ထိ
စိုးရိမ်နေကြရင် နှစ်ပေါင်း ၂၃၁ နှစ်ကြာ
ပျောက်ဆုံး ဆုံးရှုံးခဲ့ရတဲ့ ရခိုင်နိုင်ငံ
တော်ကြီးကို ပြန်တောင့်တနေတဲ့
ကျွန်တော်တို့ဟာ မိုက်ရူးရဲဆန်ရာ
ရောက်လေသလား? ကျွန်တော်တို့ဟာ
စိုးရိမ်ပူပန်မှုမရှိဘဲ ရခိုင်ပြည်မှာ
လုံခြုံစွာနေရရင်လည်း တော်လှန်ရေးဆိုတဲ့
စကားလုံးက ပေါ်ပေါက်လာမှာမဟုတ်ပါဘူး
အခုရခိုင်လူမျိုးတွေရဲ့ဘဝမှာ
လူမျိုးလည်းပျောက် စကားလည်းပျောက်
ယဉ်ကျေးမှုလည်း ပျောက်ကွယ်ရတော့မယ့်
အခြေအနေကိုရောက်နေတာကို
တိုင်းရင်းသားညီအကိုမောင်နှမတွေ
အားလုံးလည်း မြင်တွေ့ကြမှာပါ။
မသိသလိုတော့မနေကြပါနဲ့။
မွန်လူမျိုးတွေကိုလည်းသတိပေးချင်ပါတယ်
မော်လမြိုင်မှာ ဗလီတွေကတဖြည်းဖြည်း
ပိုများလာပြီဆိုတာကို ။ မြန်မာနိုင်ငံမှာ
တိုင်းရင်းသားအတုလုပ်ချင်တဲ့
သမိုင်းလိမ်တွေအကြောင်းကိုလည်း
မျက်ကွယ်မပြုကြပါနဲ့ ။ ကျွန်တော်က
ရခိုင်လူမျိုးစစ်စစ်ပါ ။ မူဆလင်(ကုလား)
တွေနဲ့လည်း အနီးကပ်နေဖူးပါတယ်။
ငယ်ငယ်တုန်းက ရိုဟင်ဂျာဆိုတဲ့
စကားလုံးကို လုံးဝမကြားဖူးခဲ့တာကိုတော့
ကျိန်ပြီးပြောရဲပါတယ်။ ဘင်္ဂလီစကားနဲ့
ရခိုင်ကိုခေါ်တဲ့အခါ "မော့ဂ်မာနူး" လို့
သုံးပြီးတော့ ရခိုင်လိုခေါ်ကြတဲ့အခါ
" ရိုဟန် " "ရိုချန်"  "Rakine ရကိုင်ဆား"
ဆိုပြီးတော့လည်း ရခိုင်စကားမပီတပီ
ခေါ်ကြပါသေးတယ်။ သူတို့လူမျိုးကို
သူတို့ပြောကြတဲ့အခါ "ဘင်္ဂလီမာနူး"
လို့ခေါ်ကြပါတယ်  ရိုဟင်ဂျာဆိုတာ
လုံးဝမပါရှိပါဘူး ။ ရိုဟင်ဂျာဆိုတဲ့
စကားလုံးပေါ်ပေါက်လာရတဲ့
အကြောင်းရင်းကို အားလုံးလည်း
သိပြီးသားဖြစ်ကြမှာပါ။ ကျွန်တော်ကတော့
ဘင်္ဂလီစကားပြောတတ်တဲ့အတွက်
အားလုံးကို အသေးစိတ်ပြောပြနိုင်ပါတယ်။
ဒါပေမယ့်ရခိုင်တွေဟာသူတို့နဲ့
အလိုက်တသိနေလာခဲ့ကြတယ်
သူတို့သာ ဘာသာရေးအစွန်းမရောက်
ကြဘူးဆိုရင် ရခိုင်နဲ့သူတို့ဟာ
ပြဿနာဖြစ်ဖို့ အကြောင်းရင်းမရှိပါဘူး။
အဆိုးဆုံးကတော့ ရခိုင်ပြည်မှာ
ရခိုင်လူမျိုးတွေတောင် ခံစားခွင့်မရှိတဲ့
လူ့အခွင့်အရေးကိုတောင်းဆိုကြတာပါပဲ။
ရခိုင်နဲ့ဘင်္ဂလီတွေကိုယှဉ်လိုက်ရင်
သူတို့ကသာပါသေးတယ်။ နိုင်ငံတကာ
အထောက်အပံ့တွေနဲ့ သူတို့နောက်မှာ
အစ္စလာမ်ဘာသာဝင်တွေက
ကူညီထောက်ပံ့နေကြတယ်။
သူတို့အကူအညီရကြတဲ့သေတ္တာ
တွေကိုတောင် ပိုနေလို့ရခိုင်တွေကိုတောင်
ရောင်းပါသေးတယ်။ မယုံရင်
ဘူးသီးတောင် ၊ ရသေ့တောင် ၊ မောင်တော စတဲ့နေရာတွေမှာ
သူတို့ရွာတွေနဲ့နီးစပ်တဲ့ရခိုင်တွေကို
မေးကြည်လို့ရပါတယ်။ ရခိုင်တွေက
သူတို့ကိုအငြိုးမကြီးပါဘူး
အခုလည်းအားလုံးပြေငြိမ်းသွားသလို
သင့်သင့်မြတ်မြတ်နေလာကြပါပြီ။
ဘယ်နေ့ဘယ်အချိန်မှာ ပဋိပက္ခ
ပြန်ဖြစ်လာကြမယ်ဆိုတာကတော့
ရခိုင်လူမျိုးတွေရဲ့စိန်ခေါ်မှုတစ်ရပ်ပါပဲ။
အဲဒီလိုအားလုံး အားလုံးသော
စိန်ခေါ်မှုတွေအောက်မှာနေနေရတဲ့
လူမျိုးတစ်မျိုးကိုနည်းနည်းလောက်တော့
စာနာနားလည်ပေးကြပါဗျာ။

ဘာပဲပြောပြောဒီနေ့ဒီအချိန်မှာတော့
ရခိုင်လူမျိုးဖြစ်ရတာကို ဂုဏ်ယူရမယ့်
အချိန်ကိုရောက်လာပါပြီ။ ဘာကြောင့်လဲ
မေးရင်တော့ ရခိုင်တွေရဲ့အခွင့်အရေးအတွက်
အရှေ့ကမားမားမက်မက်ရပ်တည်ပေးမယ့်
ရက္ခိုင့်တပ်မတော်ကြီးတစ်ခု
ပေါ်ပေါက်လာတာကြောင့်ပါပဲ။
ရခိုင်ဆိုတာ ဟိုးအရင်လွန်ခဲ့တဲ့
၂၃၁ နှစ်က ကြီးကျယ်ခန်းနားတဲ့
နိုင်ငံတော်ကြီးတစ်ခုပါ။
ရခိုင်တွေဟာရောက်တဲ့နေရာမှာ
ရိုးရာယဉ်ကျေးမှုတွေကိုဖော်ထုတ်ကြတယ်။
ရောက်တဲ့နေရာရခိုင်စကားကို
မပျောက်ကွယ်အောင်ထိန်းသိမ်းကြတယ်။
ရခိုင်ပြည်ရဲ့မြို့တော်ဖြစ်တဲ့စစ်တွေကို
သွားကြည့်လိုက်ပါ လုံးဝဗမာစကားမသုံးကြပါဘူး။
သီချင်းဖွင့်ကြတာ နားထောင်ကြတာလည်း
အများစုကရခိုင်သီချင်းပါ။
ဒါကတော့ ထိန်းသိမ်းတဲ့တချို့တဝက်ကို
ပြောပြတာပါ။ ရခိုင်ပြည်မှာ ရခိုင် ၊ သက် ၊
ဒိုင်းနက် ၊ ခမီ ၊ မြို ၊ မရမာ ၊ ကမန် စတဲ့
မျိုးနွယ်စုတွေနေထိုင်ကြတာပါ။
သူတို့ထဲကလည်း ရက္ခိုင့်တပ်မတော်နဲ့
အတူတိုက်ပွဲဝင်ကြဖို့အဆင်သင့်ရှိနေကြပါတယ်။ သူတို့နဲ့ရခိုင်ဟာသီးခြားစီ
မဟုတ်ပါဘူး။ ရခိုင်တွေရတဲ့အခွင့်အရေးဟာလည်း
သူတို့ရဲ့အခွင့်အရေးပါပဲ။
အရင်ကခွဲခြားမှုတွေရှိခဲ့ကြပေမယ့်
ဒီနေ့ဒီအချိန်မှာတော့ သူတို့နဲ့
ရောက်တဲ့နေရာမှာ ညီအကိုလို
နေထိုင်ကြဖို့ကျွန်တော်တို့ရခိုင်တွေ
အားလုံးကိုလည်း အသိပေးပါရစေ။
ဒီနေ့ဒီအချိန်ရခိုင်လူမျိုးဖြစ်ရတာ
ဂုဏ်ယူမိတာတော့အမှန်ပါပဲ။
အခုအချိန်ရခိုင်တွေဟာ အမေရိကန်၊
စင်္ကာပူ ၊ မလေးရှား ၊ ထိုင်း စတဲ့
နိုင်ငံအသီးသီးမှာ ပြည်ပရောက်
ရခိုင်လူငယ်တွေအားလုံး AA အတွက်
စစ်ပွဲအောင်နိုင်ရေးဆွေးနွေးကြတဲ့
သတင်းကိုကြားရလို့ အရမ်းအားရ
ဝမ်းသာကျေနပ်မိပါတယ် ။ ပြည်တွင်းက
ရခိုင်တွေလည်း AA အတွက်
အဆင်သင့်ရှိတယ်ဆိုတဲ့သတင်းက
ပိုပြီးဝမ်းသာစရာကောင်းပါတယ်။
ဒါကြောင့်တမူထူးခြားတဲ့ရခိုင်တွေရဲ့
စိတ်စွမ်းအားက တဖန်နိုးထလာခဲ့ပါပြီ။
ပြည့်စုံမှတော်လှန်ရေးလုပ်မယ်ဆိုတဲ့
လူတွေလည်း အခုအချိန်ကစပြီး
လုပ်သင့်ပါပြီ။ တော်လှန်ရေးဆိုတာ
မပြည့်စုံသေးတဲ့လူမျိုးတစ်မျိုးရဲ့အလုပ်ပါ။
ပြည့်စြုံရင်လုပ်စရာမလိုပါဘူး။
ဒါကြောင့်တော်လှန်ရေးနဲ့
ပတ်သက်လာရင် ဆင်ခြေမရှိပါ။
ကျွန်တော်တို့အတွက်ယုံကြည်အားကိုး
လောက်တဲ့ကယ်တင်ရှင်ကြီး
ထွန်းမြတ်နိုင်လည်း ရှိနေပြီပဲ။
အခုအားလုံးလည်းပါဝင်လာကြပါပြီ။

ဒါကြောင့့် 

"ရခိုင်လူမျိုးဖြစ်ရတာ ရဲရဲဝံ့ဝံ့ဂုဏ်ယူ
လိုက်ကြစမ်းပါ။"

လိုချင်တဲ့စိတ်သာ
ပြင်းပြလာရင် မရဘူးဆိုတာမရှိဘူး။

"ရခိုင်လို့ဖြစ်ရရေဘဝကို
တွေးတိုင်းရင်ခုန်ဗျာလ် ဂုဏ်ယူနိန်မိရေ
သဇင်ပန်းပွင့်ချေ အမြဲတမ်းလန်းလီဝေ"

ကောင်းမြတ်ကျော် (မောင်တောမြိ့)
DAILY NEWS <FB> မှ ကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment