•••••••••••••••••••••••••••••••••••••••
လက်ရှိရက္ခိုင်ပြည်အတွင်းမှာဖြစ်ပွားနေတဲ့ရက္ခိုင့်တပ်မတော်နဲ့ဗမာစစ်တပ်တိုရဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်ပြီးရက္ခိုင်လူမျိုးတွေရဲ့ အတိတ် ၊ ပစ္စုပ္ပာန် ၊အနာဂတ် စတဲ့အကြောင်းအရာတွေကို ဗမာကလောင်ရှင် တစ်ယောက်ပီပီ ပျားရည်ဆမ်းထားတဲ့ သံလျက် ကလောင်သွားနဲ့ထိထိမိမိ ရေးဖွဲ့ထားပါတယ်။တစ်ခုလောက်ပြောချင်တာက သင်တို့ရဲ့အဆိပ်လူးထားတဲ့ နားဝင်ချိုစကားလုံးတွေကြောင့် ငါတို့ရက္ခိုင်တွေလည်း ခေါတ်သစ်မှာ နှစ်ပေါင်း၆၀ကျော် ထောင်းထောင်းကြေ ခဲ့ပြီးပါပြီ ။ သင်တို့ပြောသလို ရက္ခိုင်ရိုးမကို ရွှေချမလို့နဲ့တူပါတယ်။ဒီလောက်သစ်ပင်ဝါးပင်တွေနဲ့ အုံဆိုင်းနေတဲ့ ရက္ခိုင်ရိုးမကြီးကို ပြောင်သလင်းခါသွားတဲ့ အထိတောင်ကတုံးဘဝကိုအရောက်
ပို့ခဲ့ပြီးပြီ။ရှေးခေတ်ရခိုင့်ယဉ်ကျေးမှုဗိသုကာ လက်ရာတွေလည်း အာဏာရှင် ဖက်ဆစ်ဧရာဝတီရဲ့ ရထားလမ်းအမည်ခံ အကြမ်းဖက် ဖျက်ဆီးအောက်မှာ ၇၀% ခန့် ပျက်စီးခဲ့ရပြီ။ရခိုင့်ပင်လယ်ပြင် ရေအောက်ကြမ်းပြင်ကလည်း ဂလိုင်ခေါင်းကြီးတွေ ဖြစ်နေပြီ။
တစ်နေ့ပင်လယ်ရေအောက်ငလျင်လှုပ်ခဲ့ရင် ဆူနုာမီလို ရေတက်တဲ့ ဒဏ်ကို ခံရမှာကဘယ်သူတွေဖြစ်မလဲမတွေးရဲဘူး။
ရက္ခိုင်တွေရဲ့မိခင်လို့တင်စားရတဲ့ ကမ်းသန္တာရဲ့ရင်ငွေ့ကိုလည်း သင်တို့ ပေါက်ဖော်ကြီးကို နှစ်၃၀ရောင်းစား ရင်ခွဲခံထားရလို့ ရခိုင်ပလယ်ပြင်ခမျာ ကူပါကယ်ပါလို့ အော်ငိုနေပါလေရဲ့. ။ ဂစ္စပနဒီရဲ့ရေစီး ဂင်္ဂါကို စီးဆင်းတုန်းက သမိုင်းကြောင်းကောင်းခဲ့တဲ့ ရက္ခိုင့်လူ့ဘောင်အသိုင်းအဝိုင်း။ဟိုးးးးး လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀ကျော်က ဂစ္စပနဒီရဲ့ရေစီးကြောင်း မှားမိမှားရာ နဲ့ ဧရာဝတီရဲ့ပလီပလာမာယာမြစ်ကြီးထဲ့ကို စီးဆင်းခဲ့မိလို့ သမိုင်းအစဉ်အလာကြီးခဲ့တဲ့
ငါတို့ရဲ့ ရက္ခိုင့်လူ့ဘောင် အသိုင်းအဝိုင်းကြီး တုံးတင် လည်စင်းခဲ့ရတယ် ..ဒါကြောင့်မို့ ငါတို့ကတော့ ဂစ္စပနဒီရဲ့မြစ်ရေ ဟာ ဂင်္ဂါ ကိုဘဲ ပြန်စီးဆင်းချင်တယ်လို့ ပြောလိုက်ပါရစေ ....ဧရာဝတီ.။
တကယ်တော့လေ……
ဂစ္ဆပနဒီနဲ့ဧရာဝတီဆိုတာတစ်ခြားစီဖြစ်သလိုပြဒါးတစ်လမ်း သံတစ်လမ်း အဝေးကြီး
ဆိုလည်း မှန်ပါတယ်။ဂစ္ဆပနဒီရဲ့ ရေစီးကြောင်းက ရခိုင်သမိုင်း ခေတ်ဦး တလျှောက်လုံး ဂင်္ဂါမြစ်ဝှမ်း
ကိုပဲ စီးဆင်းခဲ့တာပါ။ဂင်္ဂါဆိုတဲ့ မာဂဓပြည်ကလည်း တကယ်တော့ ရခိုင်နိုင်ငံတော် အပိုင်ပါပဲ။ ဧရာဝတီရဲ့ မတရား ဖြိုခွင်းဖျက်ဆီး၊ သိမ်းပိုက်မှုတွေကြောင့်သာ ဂင်္ဂါနဲ့ ဂစ္ဆပနဒီ ဟာ ရှင်ကွဲကွဲခဲ့ရပြီးအိန္ဒိယပြည်ထဲ ပါသွားခဲ့ရတာပါ။
ရခိုင်နိုင်ငံကနေ ရခိုင်ပြည်အဆင့်သို့
ခုလိုလျှောဆင်းသွားခဲ့ရတာဟာလည်း အပြင်က ပျားသကာလို ချို၊အတွင်းက တမာလို့ ခါးပြီး ပျားရည်နဲ့ ဝမ်းချတတ်တဲ့
မာယာရှင် ဧရာဝတီရဲ့ အပြောချိုချို
အတွင်းခါးခါးအလိမ်အညာမုသားစကားတွေကိုယုံစားခဲ့မှုကြောင့်ပါ။
အတိတ်သမိုင်းကိုပဲ ပြန်ကြည့်ကြည့်၊
ပစ္စုပ္ပာန်ကိုပဲပြန်ကြည့်ကြည့် အလိမ်အညာ မာယာများတဲ့ ဧရာဝတီဟာ ဂစ္ဆပနဒီအပေါ် ရက်စက်ယုတ်မာခဲ့တဲ့
ယုတ်မာအောက်တန်းကျမှုပေါင်းစုံနဲ့ ပြည့်နေတာမို့ ရခိုင်အပိုင် မူလဘူတ
ဂင်္ဂါမြစ်ထဲကိုပဲ စီးဆင်းပါရစေ ဧရာဝတီရယ်……။
သမိုင်းနောက်ခံဘာတစ်ခုမှမတူညီတဲ့
အပြင်နာကျည်းစရာ အတိတ်၊ပစ္စုပ္ပာန် သမိုင်းဆိုးတွေနဲ့သာ ထိုးနှက်ခံခဲ့ရလို့
ဒဏ်ရာဒဏ်ချက်တွေ၊ အမာရွတ်တွေ ထင်ကျန်နေဆဲ ဂစ္ဆပနဒီအနေနဲ့ ကိုယ့်အပေါ် နောက်ကြောဓါးနဲ့ထိုးခဲ့တဲ့ ဧရာဝတီနဲ့အတူ လက်တွဲပြီး အနာဂတ်ကို လျှောက်လှမ်း ဖို့ ဆိုတာဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။
ဒီတော့ပေါင်းစပ်လို့မရနိုင်တော့မည့်အတူတူထပ်ပြီးအပြန်အလှန်ဒဏ်ရာမရခင်လေးမှာဒို့တွေအနေနဲ့ လုံးဝ ကြောခိုင်းလမ်းခွဲ လိုက်တာဟာ အကောင်းဆုံးပါပဲ ဧရာဝတီရယ်။ဂင်္ဂါနဲ့ တစ်ဆက်တည်း စီးဆင်းရှင်သန်ခဲ့တုန်းက အာရှတင်မက ကမ္ဘာအဆင့်ထိ တိုးတက်ခဲ့တဲ့ ရခိုင်နိုင်ငံတော်ဟာ ဧရာဝတီရဲ့ မတရားကျူးကျော်ဝင်ရောက် စီးဆင်းခဲ့တဲ့ အချိန်ကစပြီး ရခိုင်နိုင်ငံတော်လည်း အပိုင်းပိုင်း အခြမ်းခံလိုက်ရသလို ဂင်္ဂါနဲ့ဂစ္ဆပနဒီလည်း
ရှင်ကွဲ အခွဲခံခဲ့ရပြီးပြီလေ။နောက်ထပ် ဘာနယ်မြေ၊ဘာသယံဇာတ၊ဘယ် ယဉ်ကျေးမှုအမွေအနှစ်တွေများ ထပ်ပြီး
အဖျက်ဆီးခံ၊အပိုင်းခံ၊အလုခံပေးရအုံးမှာလဲ ဧရာဝတီရယ်………။ ဂစ္ဆပနဒီအပေါ်
ဒီလောက်ထိ နိုင့်ထက်စီးနင်း၊ကိုလိုနီ ကျွန်ပြု ရရင် ကြေနပ်ပါတော့လား ………။
ကို Ba Tin ရဲ့ ပို့စ်အား ဖြည့်စွက်ဖန်တီး ရေးသားသည်။
> လဲ့လဲ့နှင်း [fb] မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment