Sunday, January 10, 2016

ရက္ခိုင့်တပ်မတော် AA ဆိုတာ အမှန်တကယ်ပဲသောင်းကျန်းသူတွေလား?


AA ကိုရခိုင်လူမျိုးများထောက်ခံကြသလား?

ဒီဗွီဘီ ဆောင်းပါး 
အမြင်

အခုလက်ရှိရခိုင်ပြည်မှာစစ်ပွဲဖြစ်ပွါး
နေတာကိုအားလုံးလည်းသိကြမှာပါ။
စစ်ပွဲဖြစ်နေတာနဲ့ပတ်သက်လို့
အားလုံးကိုလည်း အမြင်မှန်ရစေချင်ပါတယ်။
အမြင်မှန်ရတယ်ဆိုတာကအမှန်တရားကို
သိစေချင်တာပါ။ အားလုံးအမှန်တရားကို
သိစေဖို့အတွက် ကျွန်တော်မေးခွန်း
နှစ်ခုကိုဖြေပြပါရစေ။ ရက္ခိုင့်တပ်မတော်
AAဟာသောင်းကျန်းသူတွေလား?
AAကိုရခိုင်တွေထောက်ခံကြသလား?
ဆိုတဲ့မေးခွန်းနှစ်ခုပါ။
၂၀၀၉ ခုနှစ်မှာကချင်ပြည်ကို
သွားပြီးစတင်တည်ထောင်တယ်ဆိုတာကို
လည်းသိကြမှာပါ။ စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ဟာ
ရခိုင်ပြည်မှာစတင်မတည်ထောက်ဘဲ
ကချင်ပြည်ကိုဘာကြောင့်သွားပြီး
စတင်တည်ထောင်ကြသလဲ
နည်းနည်းရှင်းပြပါရစေ။ AAကိုကချင်ပြည်မှာစပြီး
တည်ထောင်တာဟာ KIAရဲ့လက်ကိုင်တုတ်အဖြစ်
အသုံးချဖို့လား KIAရဲ့အသုံးချခံလုပ်ဖို့
အတွက်လားဆိုတာအားလုံးပဲ
မရှင်းမလင်းတာတွေရှိပါလိမ့်မယ်။ ရခိုင်လူမျိုးတွေမှာ
အမျိုးသားရေး အကျပ်အတည်း
အများကြီးရှိပါတယ်။ တစ်ဖက်နိုင်ငံ
နယ်စပ်ကလည်းဘင်္ဂလားဒေ့ရှ်ဖြစ်တယ်
ဆိုတာသိကြမှာပါ။ ဘင်္ဂလားဒေ့ရှ်က
ကူညီထောက်ပံ့ထားတာမရှိသလို
AAနဲ့BGBဟာတိုက်ပွဲတောင်
ဆင်နွဲခဲ့ပြီးပါပြီ။ ဘင်္ဂလားဒေ့ရှ်က
လူတွေအများစုဟာလည်း
မြန်မာအခေါ်ဆိုတော့ကုလားတွေပေါ့ဗျာ။
ကချင်ပြည်ကိုမသွားဘဲ ရခိုင်ပြည်မှာသာ
စတင်တည်ထောင်ခဲ့ရင်
အခုအားလုံးကြားနေကြတဲ့အတိုင်းပါပဲ
မြန်မာ့တပ်တော်မှ ရှင်းလင်းတိုက်ခိုက်တာကို
ခံရမှာမလွဲဧကန်ပါ။ အခုဆိုရင်တော့
ကချင်ပြည်မှာစုစည်းခဲ့တဲ့
အင်အားတွေနဲ့ခုခံနိုင်လို့
မြန်မာ့တပ်မတော်အနေနဲ့
AAကိုတိုက်ဖို့အင်အားအလုံးအရင်း
သုံးလာရတာပါ။ ဒါကြောင့်ကချင်မှာ
သွားပြီးစတင်တည်ထောင်ခြင်း
ဖြစ်တယ်ဆိုတာကို အားလုံးပဲ
သဘောပေါက်ကြမှာပါ။အခုရခိုင်ပြည်ကို
ဝင်ရောက်လာတာလည်း
ရခိုင်ပြည်သူတွေကိုဒုက္ခပေးဖို့မဟုတ်ဘူး
ဆိုတာရခိုင်အားလုံးလည်းသိပြီးသားပါ။ စတင်တည်ထောင်တဲ့အချိန်
ကချင်တွေဆီမှာ ဘယ်လိုအသနားခံပြီး
ဘယ်လိုပုံစံအောက်ကျနောက်ကျခံပြီး
ပူးပေါင်းရတယ်ဆိုတာတော့
စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ပဲသိပါလိမ့်မယ်။
အမျိုးသားရေးအကျပ်အတည်းတွေ
ကြားကအခုလိုအင်အားရလာအောင်
စုစည်းနိုင်တဲ့အရည်အချင်းဟာ
သမာန်လူတစ်ယောက်အနေနဲ့
မဖြစ်နိုင်ပါဘူး။ သတ္တိလည်းလိုအပ်ပါတယ်။
စစ်ဦးစီးချုပ်နဲ့တကွ AAစစ်သားတွေရဲ့
အစွမ်းသတ္တိဟာနောင်အနာဂတ်ရခိုင်
မျိုးဆက်သစ်တွေအတွက်
အတူယူစရာဖြစ်လာပါလိမ့်မယ်။
နောက်တစ်ခုက မေးနေကျမေးခွန်း
တစ်ခုပါ  ၂၀၁၂ ရခိုင်နဲ့ဘင်္ဂလီ(ကုလား)
အရေးအခင်းဖြစ်နေတုန်း AAဘယ်
ရောက်နေသလဲ?ဆိုတဲ့မေးခွန်းပါ။
ဒီမေးခွန်းကိုဟိုးအရင်တည်းက
ကျွန်တော့်ထက်ပိုသိကြတဲ့
ရခိုင်တွေလည်းဖြေပြီးပါပြီ။
ဒါပေမယ့် ဒီနေ့အထိမသိ
ချင်ယောင်ဆောင်ပြီးပြန်မေး
နေကြတာတွေရလို့ ကျွန်တော်
ထပ်ပြီးဖြေပေးပါရစေ။ ၂၀၁၂အရေးအခင်း
တုန်းကဒေါက်တာအေးမောင်ဟာ
ရက္ခိုင့်တပ်မတော်ကို ရခိုင်ပြည်ထဲကို
သွင်းပေးဖို့လွှတ်တော်မှာ
အဆိုတင်သွင်းခဲ့ပါတယ်။ ကန့်ကွက်သူ
များနေတော့ ပယ်ချခံရပါတယ်။
လွှတ်တော်မှာစစ်တပ်က ၂၅ %လည်း
နေရာယူလျှက်ရှိနေတာပါ။
အဲဒီတုန်းကဒုစစ်ဦးစီးချုပ်ဒေါက်တာ
ညိုထွန်းအောင်ကလည်း ရက္ခိုင့်တပ်မတော်
အနေနဲ့ရက္ခိုင်လူမျိုးတွေကိုကာကွယ်
နိုင်စွမ်းရှိတယ်လို့ပွင့်လင်းစွာ
ပြောခဲ့တဲ့ကြားကရခိုင်ပြည်ထဲကို
ဝင်လာခွင့်မရခဲ့ပါဘူး။ ခွင့်ပြုချက်မရဘဲ
ဝက်လာခဲ့ရင် အခုကြားမြင်နေရတဲ့
အတိုင်းပါပဲ ရန်သူထောင်ချောက်မိမှာ
သေချာပါတယ်။ ၂၀၁၂တုန်းက
အခုလိုမျိုးအင်အားလည်းမပိုင်ဆိုင်
သေးပါဘူး။ အဲဒီမေးခွန်းတွေကို
မေးကြတဲ့သူတွေအနေနဲ့
မြန်မာတပ်မတော်ရှိရက်သားနဲ့
ရခိုင်လူမျိုးတွေရဲ့အသက်တွေ
အိုးအိမ်စည်းစိမ်တွေဘာကြောင့်
ဆုံးရှုံးခဲ့ရသလဲ တစ်ခေါက်လောက်
သွားမေးစေချင်ပါတယ်။ အဲဒီအချိန်တုန်းက
AA ဟာရခိုင်ပြည်မှာရှိနေခဲ့ရင်
ဘယ်ဘင်္ဂလီ(ကုလား)ကမှ
ရခိုင်တွေကို ရန်ပြုရဲမှာမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ AAဟာ
ရခိုင်ပြည်သူတွေအပြည့်အဝ
ကာကွယ်ပေးမယ်ဆိုတာသူတို့
သိထားကြလို့ပါပဲ။လိပ်ကျွန်းအမှုမှာ
AAဘယ်ရောက်နေလဲ
မေးချင်ကြပါလိမ့်မယ် AAဟာအာဏာရထားတဲ့
တပ်မတော်တစ်ခုလည်းမဟုတ်ပါဘူး။
ရခိုင်တွေရဲ့ပြဿနာတိုင်းမှာ
AAကဖြေရှင်းစေချင်ရင်
AAကိုရခိုင်ပြည်ကိုအုပ်ချုပ်ခွင့်
ပေးလိုက်လို့ပဲပြောပါရစေ။
ကုလားဆိုးတွေကို
အကူအညီတောင်းတယ်လို့
မြဝတီသတင်းကကြေညာတာကို
ကလေးတွေတောင်ယုံမှာမဟုတ်ပါဘူး။
ဘယ်နိုင်ငံကလဲဘယ်ကုလားလဲဆိုတာ
မပါဘဲ နာမည်ဖျက်ချင်ရုံသက်သက်နဲ့
မဟုတ်မမှန်သတင်းလွှင့်တာဟာ
အောက်တန်းကျလွန်းပါတယ်။
မြန်မာနိုင်ငံအနေနဲ့ရှက်စရာလည်း
ကောင်းပါတယ်။ ဒီလောက်ဆိုရင်
နားလည်နိုင်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်။
ရက္ခိုင့်တပ်မတော်AAဟာ
အမှန်တကယ်ပဲသောင်းကျန်းသူ
တွေလားဆိုတဲ့မေးခွန်းက
ပြန်စပါမယ် ဒီမေးခွန်းကို
ကျွန်တော်တစ်ယောက်တည်း
မဟုတ်ပါဘူး ရခိုင်ကလေးငယ်တွေကို
သွားမေးရင်လည်းဖြေတတ်ပါလိမ့်မယ်။
AAဟာဘယ်ရခိုင်လူမျိုး(အရပ်သား)ကိုမှ
အကြမ်းမဖက်သလို ဘယ်မြို့ဘယ်ရွာ
တွေကိုမှသွားပြီးမသောင်းကျန်းခဲ့ပါဘူး။
ပွင့်လင့်စွာပြောရရင် အခုစစ်ပွဲက
မဟော်သဓာဇာတ်တော်ကြီးထဲက
သားတရားစီရင်ခန်းလိုပေါ့ဗျာ။
သားကရခိုင်ပြည်သူ အမေအရင်းကAA
ဘီလူးမကမြန်မာ့တပ်မတော်ပေါ့။
AAကရခိုင်ပြည်သူတွေဒုက္ခရောက်မှာ
စိုးလို့ငြိမ်းချမ်းရေဆွေးနွေးဖို့တောင်းတယ်။
ဘီလူးမဖြစ်တဲ့မြန်မာ့တပ်မတော်ကတော့
ညှာတာမှုမရှိဘဲ လူသားဒိုင်းကာလုပ်
အင်အားသုံးပြီးထိုးစစ်ဆင်နေတော့
ရခိုင်ပြည်သူတွေလည်း စစ်ဘေးသင့်ရတာပေါ့။ AAကသာ
ပဲခူး၊ ရန်ကုန် ၊ မန္တလေးတို့ကို
သွားပြီးထိုးစစ်ဆင်နေရင်တော့
ကျွန်တော်တို့အနေနဲ့လုံးဝကန့်ကွက်
ပါလိမ့်မယ်။ အခုတော့ကိုယ့်အိမ်မှာ
အခက်အခဲရှိလို့ပြင်ပမှာငွေသွားရှာပြီး
ငွေစုလို့အိမ်ကိုအလာမှာ
ပထွေးကအိမ်ကိုမလာရဘဲ
အတင်းထင်ထုတ်နေသလိုဖြစ်နေပါပြီ။
AAဟာလုံးဝသောင်းကျန်းသူ
မဟုတ်ပါဘူး။ AAကိုရခိုင်လူတွေ
ထောက်ခံကြသလားမေးခွန်းအတွက်
တော့ ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်း
အောင်လည်းဖြေပြီးပါပြီ ၁၀၀%မှာ၁၀၀%
ပါပဲ သူလည်းမဟုတ်မမှန်ပဲဖြေရင်
ရခိုင်တွေအတွက်ဟာသဖြစ်သွားမှာပါ။
သူ့ကိုလည်းမယုံပါနဲ့ ရခိုင်ပြည်ကို
ကိုယ်တိုင်သွားမေးကြည့်လိုက်ပါ
AAကိုမထောက်ခံဘူးပြောတဲ့လူရှိရင်
စာရင်းမှတ်ထားပါ။ ဘာခြိမ်းခြောက်မှုမှ
မပါဘဲမထောက်ခံသူ ဆယ်ယောက်ပြည့်ရင်
ကျွန်တော်ပါးကိုလာရိုက်လို့ရပါတယ်။
ဒါကြောင့်အမျိုးမျိုးသတင်းတွေလွှင့်ပြီး
AAကိုနာမည်ဖျက်နေတာဟာ
အောက်တန်းကျတဲ့အလုပ်တစ်ခုလို့
ြ်မင်မိပါတယ်။ထောက်ခံတယ်မခံကြဘူး
ဆိုတာAAနဲ့ပတ်သက်တဲ့facebook
ရဲ့postတွေအောက်မှာလည်း
ကြည့်နိုင်ပါတယ်။ comments တွေ
ဟာလည်းလျှို့ဝှက်ဆန္ဒမဲတစ်ခုပါပဲ။
ကျွန်တော်ရဲ့စိတ်သဘောကို
ပြောရရင်တော့ ငယ်ငယ်တုန်းကတည်းက
ရက္ခိုင့်တပ်မတော်တစ်ခုကို
တောင့်တမိခဲ့ပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ရခိုင်သီချင်းတွေမှာရှိပါတယ်။
စည်းလုံးဖို့အချိန်တန်ပြီ ဆိုပြီးတော့ပေါ့
ဘယ်မှာသွားပြီးစည်လုံးရမှန်းမသိ
ဖြစ်နေခဲ့ပါတယ်။ အခုတော့ရှင်းသွားပါပြီ
စည်းလုံးသင့်တဲ့နေရာဟာAAဆိုတာကို
၂၀၁၃ကစပြီးရှင်းရှင်းလင်းလင်း
သိခဲ့ပါတယ်။AAဟာရခိုင်လူမျိုးတွေရဲ့
နှလုံးသားထဲမှာနေရာယူနေပါပြီ။
AAထဲကိုတပ်သားသစ်အဖြစ်စုဆောင်းစရာ
မလိုဘဲနေ့စဉ်နေ့တိုင်းဝင်ရောက်နေကြ
တာကိုလည်းသိစေချင်ပါတယ်။ အခုAAကိုအပြီးအပိုင်
တိုက်ခိုက်ဖို့ကြေညာတာဟာ
သောင်းနဲ့ချီတဲ့ရခိုင်လူမျိုးတွေကို
သတ်ဖို့ပြောတာဖြစ်သလို
AAဟာရခိုင်တွေရဲ့အသက်သွေးကြိုး
ဖြစ်တာကြောင့်သန်းနဲ့ချီတဲ့ရခိုင်တွေက
ကူညီထောက်ပံ့ဖို့တိုက်တွန်းချင်ပါတယ်။
AAဟာခုခံပြန်တိုက်ဖို့ကြေညာထားပါပြီ
ပြည်သူတွေရဲ့တာဝန်ပဲရှိပါတော့တယ်။
မြန်မာ့တပ်မတော်အကြီးအကဲများနဲ့
တာဝန်ရှိသူများ မြန်မာနိုင်ငံသူ/သားများ
အားလုံးလည်းနားလည်သဘော
ပေါက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
လိုအပ်ချက်တွေရှိခဲ့ရင်လည်း
ခွင့်လွှတ်နားလည်ပေးကြပါ။

မျိုးဝင်းဇော် (မြောက်ဦးမြို့)ှ
DVB News မှ ကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment