ရက္ခိုင်နှင့်ဗမာ ခုနှစ်သက္ကရာဇ်
တူနေသည်ကိုအနည်းငယ်ပြောချင်ပါသည်။
ဗမာသက္ကရာဇ်ကိုမည်သူဖြိုခဲ့သနည်း
ဟူသည်ကိုစာပေကျမ်းဂန်များတွင် မတွေ့ရှိရ၍
သမိုင်းအထောက်အထားမရှိဟု ပြောရပါမည်။
သို့သော် ရက္ခိုင်သက္ကရာဇ်ဖြိုခဲ့သည့် ခုနှစ်ကိုတော့အတိအကျလေ့လာတွေ့ရှိထားသည်မို့တိုက်ဆိုင်တုန်း အနည်းငယ်တင်ပြလိုက်သည်။
ဝေသာလီခေတ်တွင် ရက္ခိုင်ဘုရင်
သီရိစန္ဒြား(အေဒီ၅၉၅-၆၆၇)လက်ထက်၊
အေဒီ ၆၃၉ တွင်
ရက္ခိုင်သက္ကရာဇ် ၅၆၀ ကို ဖြိုခဲ့သည်။
ထိုမင်းလက်ထက်တွင် သီဟိုဠ်မှ သံဃာ
၁၀၀၀၊ရက္ခိုင်ဝေသာလီပြည်မှ သံဃာ
၁၀၀၀ စုစုပေါင်း သံဃာ ၂၀၀၀ ဖြင့်
စတုတ္ထသံဃာယနာကိုပါ တင်ခဲ့သည်။
သံဃာယနာအထိမ်းအမှတ်အဖြစ်
စေတီတည်ခဲ့ပြီး ထိုစေတီအား စန္ဒြားစေတီဟု
ယနေ့တိုင် တည်ရှိခေါ်တွင်လျက်ရှိသည်။
စေတီတည်ကျောက်စာအဖြစ် ယေဓမ္မာဂါထာပါ ကျောက်စာတစ်ချပ်အား
ပါဠိဘာသာ၊ဂုပ္ပတအက္ခရာဖြင့် ရေးထိုးထားခဲ့သည်။
ရက္ခိုင်ဘုရင်သီရိစန္ဒြားသက္ကရာဇ်ဖြိုခဲ့သောနှစ်သည် အေဒီ ၆၃၉ ဖြစ်ပြီး ထိုနှစ်မှ
စတင်ရေတွက်ခဲ့သော ရက္ခိုင်သက္ကရာဇ်သည်
ယခုအခါ ၁၃၇၇ ခုနှစ်ကို ရောက်ရှိခဲ့လေပြီ။
အေဒီ ၆၃၉ ခုနှစ်တွင် ရက္ခိုင်သက္ကရာဇ်
၁ ခုနှစ်ဖြစ်ပြီး အေဒီ ၂၀၁၅ ခုနှစ်တွင်
ရက္ခိုင်သက္ကရာဇ် ၁၃၇၇ ခုရောက်ခဲ့သည်။
ခရစ်ယာန်နှစ်နှင့်ရက္ခိုင်နှစ်ကို ခြားနားလိုက်ပါက ခြားနားချက် ၆၃၈ ခုနှစ်ရပြီး
စရေတွက်သည့်တစ်နှစ်ကို ထည့်ပေါင်းလျှင်
အေဒီ ၆၃၉ သက္ကရာဇ်ဖြိုသည့်နှစ်ကိုပြန်
ရသည်။
ရက္ခိုင်သက္ကရာဇ်ဖြိုခဲ့သည့်ခုနှစ်နှင့်ရက္ခိုင်
ဘုရင်အမည်ကို သမိုင်းကျမ်းဂန်များတွင်
တွေ့ရှိရသော်လည်း
ဗမာသက္ကရာဇ်ကိုဖြိုခဲ့သော ခုနှစ်နှင့်
ဗမာဘုရင်အမည်ကိုမူ မည်သည့်ကျမ်းဂန်များတွင်မှ မတွေ့ရပေ။
ထို့ကြောင့် ဗမာသက္ကရာဇ်သည် ရက္ခိုင်သက္ကရာဇ်အပေါ် သီရိစန္ဒြား၏
အေဒီ ၆၃၉ တွင် နောက်ဆုံးအကြိမ်အဖြစ် ဖြိုခဲ့သော ရက္ခိုင်သက္ကရာဇ်မှ တိုက်ရိုက်ကူးယူထားခြင်းဖြစ်ကြောင်း
၁၀၀% အာမခံသည်။ရက္ခိုင်သက္ကရာဇ်ကို
ဤသို့သော ခိုးယူသုံးစွဲမှုများကြောင့် ရက္ခိုင်-ဗမာ သက္ကရာဇ်တူနေရခြင်းဖြစ်သည်။
Written By ,
နန်းမူရာစိုး
Ref: ရက္ခိုင်စာပေခရီး (အရှင် ကောသလ္လ)
စောက်ရှက်လည်းမရှိဘူး ရခီးလေးတွေ
ReplyDelete