Thursday, December 17, 2015

ချယ်လ်ဆီးနည်းပြ မော်ရင်ဟို ထုတ်ပယ်ခံရကြောင်း AFP သတင်းဌာနဖော်ပြ


====================================
ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြ မော်ရင်ဟိုကို ထုတ်ပယ်လိုက်ကြောင်း ဗြိတိန် မီဒီယာများ၏ ဖော်ပြချက်ကို ကိုးကားကာ AFP သတင်းဌာနက ဖော်ပြခဲ့သည်။

BBC သတင်းဌာန အပါအ၀င် ဗြိတိန် သတင်းစာများ၏ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး တန်းဆင်းဇုန်နှင့် နီးကပ်စွာရပ်တည်လျက်ရှိရာ ချယ်လ်ဆီးအသင်းက နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

မော်ရင်ဟို၏ နေရာကို ယာယီအစားထိုးရန် စပါးနှင့် ဆီဗီလာ နည်းပြဟောင်း ရာမို့စ်၊ ဒတ်ခ်ျ လူမျိုးနည်းပြ ဟစ်ဒင့်တို့ ရေပန်းစားနေကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

Ref ; AFP

No comments:

Post a Comment