Wednesday, November 11, 2015
ရှုံးနိမ့်သော်လည်း ဒေါက်တာအေးမောင်ကို ရန်ကုန်လေဆိပ်တွင် လူအများအပြားကြိုဆိုမည်
ဝဏ္ဏခွာညို
ရန်ကုန်၊ နိုဝင်ဘာ ၁၁
မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော် နေရာတွင် ရှုံးနိမ့်ခဲ့သော်လည်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ရန်ကုန်လေဆိပ်တွင် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုရန် ရခိုင်အမျိုးသားများက စီစဉ်နေကြသည်ဟု သတင်း ရရှိသည်။
“ ရခိုင်အမျိုးသား အမျိုးသမီးတွေက သွားရောက်ကြိုဆိုဖို့ စီစဉ်နေကြ ပါတယ်။ ရွေးကောက်ပွဲ ဆိုတာ အရှုံးအနိုင်ရှိပါတယ်။ စိတ်ဓာတ် မကျဖို့နဲ့ သူ့နောက်မှာ ရခိုင်ပြည်သူ တစ်ရပ်လုံးရှိနေတယ်ဆိုတာကို သိစေချင်တဲ့ အတွက် သွားရောက်ကြိုဆိုမှာ ဖြစ်ပါတယ်” ဟု ပါတီ ခေါင်းဆောင် တစ်ဦးက ပြောသည်။
ယမန် နေ့ ညနေကလည်း ပါတီထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်သည် ရန်ကုန်မြို့ ရောက်ရှိလာ ခဲ့ပြီး ပြည်သူ့ လွှတ်တော် နေရာတွင် အနိုင်ရရှိခဲ့သူ  နောက်ထပ် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးဦးလှစောလည်း များမကြာမီ ရန်ကုန်သို့ ရောက်ရှိ လာမည်ဟု သိရသည်။ 
ရခိုင်အမျိုး ပါတီ ထိပ်တန်းခေါင်းဆောင်များသည် လက်ရှိပြီးစီး သွားပြီ ဖြစ်သော ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးကြမည် ဖြစ်သည့် အပြင် လက်ရှိ အစိုးရ ပါတီ ပြည်ခိုင်ဖြိုးနှင့် ရွေးကောက်ပွဲ အနိုင်ရရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် သဘောထား ပေါ်လစီ များ ချမှတ်ရေးကို သော်လည်းကောင်း၊ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနှင့်  ဖြစ်ပေါ်လာမည့်  ပြည်ထောင်စု အစိုးရနှင့် လွှတ်တော် အခင်းအကျင်းများ အရေးကို သော်လည်းကောင်း ဆွေးနွေးဖွယ်ရာ ရှိနေကြောင်း သတင်းများ ရရှိသည်။
ARAKAN STATE [FB] မှကူးယူ​ဖော်​ပြသည်​။
No comments:
Post a Comment