Mr. Kofi Arnan ဥက္ကဌ အဖြစ်တာဝန်ယူတဲ့ ရခိုင်ပြည်နယ်
အကြံပေးကော်မရှင်နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခံရလို့ ယခင် Trader Hotel(ယခု Shangrila Hotel)ကို သွားခဲ့ပါတယ်။
သမိုင်းပညာရှင် ဒေါက်တာအေးချမ်း။ဦးထွန်းအောင်ကျော်။ရိုက်တာ
သတင်းဌာနက ဦးအောင်လှထွန်း။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့။
ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နဲ့ ကျွန်တော်
တို့ တွေ့ဆုံကြတာဖြစ်ပါတယ်။
Mr. Kofi Arnan ဟာ ယဉ်ကျေးမှုသဘောအရပြောရရင် အလွန်
ဧည့်ဝတ်ကျေပြွန်သူလို့ဆိုရပါမယ်။မြန်မာပြည်က အရာရှိကြီးများလို
အခန်းထဲမှာ ထိုင်ပြီး ဧည့်သည်အလာကို စောင့်တာမျိုးမဟုတ်ဘဲ အခန်း
ဝင်ပေါက်မှာ ကိုယ်တိုင်ထွက်ကြိုပြီး တစ်ဦးချင်းကို လက်ဆွဲနှုတ်ဆက်
တယ်။ သူဦးဆောင်ပြီး အခန်းထဲကို ခေါ်ဆောင်ကာ နေရာချပေးတယ်။
အခန်းထဲမှာ နေရာထိုင်ခင်းချပေးပြီးမှ တစ်ဦးချင်း မိတ်ဆက်ကြပါတယ်။
ပထမဦးဆုံး သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ရခိုင်ပြည်သို့
အစ္စလာမ်ဘာသာ အယူရှိသူများ ရောက်ရှိလာပုံ။အင်္ဂလိပ်ခေတ်မှာ လယ်ကူလီအဖြစ်ဆင့်ခေါ်ရာက ရခိုင်ပြည်တွင် အခြေစိုက်လာကြပုံ။
၁၉၄၂ ခုနှစ်မှာ ဘူးသီးတောင်-မောင်တော ဒေသရှိ ရခိုင်ရပ်ရွာများ
ကို ဖျက်ဆီးပြီး ရခိုင် ဗုဒ္ဓဘာသာဝင်များကို လူမျိုးတုန်းသတ်ဖြတ်ခဲ့
ပုံ။ မူဂျာဟစ် သောင်းကျန်းမှု နဲ့အတူ ရခိုင်ရပ်ရွာများ ပြန်လည်မထူ
ထောင်နိုင် နှောင့်ယှက်ခဲ့ပုံ။ ထိုအချိန်က ဘင်္ဂလီများ အနေဖြင့် သူ
တို့ကိုယ်သူ ရခိုင်မူဆလင်ဟုခေါ်ခဲ့ကြပုံ။ နောက်ပိုင်းတွင် နိုင်ငံရေး
ရည်ရွယ်ချက်ဖြင့် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ခေါ်ဆိုသုံးစွဲလာ
ကြပုံ။ ရိုဟင်ဂျာဆိုသည်မှာ ရခိုင်ပြည်သား(ရခိုင်သား)ဟု အဓိပ္ပာယ်
သက်ရောက်၍ ရခိုင်သားတို့၏ သမိုင်းကို ဘင်္ဂလီသမိုင်းအဖြစ် လိမ်
လည်ပုံမှား ရိုက်လာ၍ ဒေသခံရခိုင်လူမျိုးတို့ လက်မခံကြပုံကို အကျဉ်းချုပ်ရှင်းပြပါတယ်။
ဒုတိယတင်ပြရသူက ကျွန်တော်ပါ။ကျွန်တော်က Mr.Kofi Arnan
ကို Senior Lawyer ဆိုပြီးမိတ်ဆက်တယ်။ဒါကြောင့် ဥပဒေအ
ကြောင်းဆွေးနွေးတင်ပြတယ်။
နိုင်ငံတိုင်းမှာ ကိုယ်နိုင်ငံနဲ့ကိုက်ညီတဲ့ Citizenship Law ဆိုတာ
ရှိတယ်။မြန်မာနိုင်ငံသားဥပဒေဟာ Jus Sanguinis ကို အခြေခံ
တယ်။၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကို အင်္ဂလိပ်လက်
အောက်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး လွတ်လပ်ရေးရတဲ့နေ့မှာ ပြဌာန်းခဲ့
တယ်။တိုင်းရင်းသားဆိုတဲ့ စကားရပ်ကို ခရစ် ၁၈၂၃ ခုနှစ်မတိုင်ခင်က
မြန်မာနိုင်ငံမှာ ပင်ရင်းနိုင်ငံအဖြစ်နေထိုင်ခဲ့ကြတဲ့ကချင်။ကယား။ကရင်
ချင်း။မြန်မာ။မွန်။ရခိုင်။ရှမ်းကို ခေါ်တယ်။၁၉၄၈ခုနှစ်မြန်မာနိုင်ငံသား
ဖြစ်မှုဥပဒေအရ ထုတ်ပေးခဲ့တဲ့ နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူ
နိုင်ငံသားပြုလက်မှတ်ကိုင်ဆောင်သူတွေရှိခဲ့တယ်။
၁၉၄၉ခုနှစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများအက်ဥ
ပဒေ/၁၉၅၁ ခုနှစ်မြန်မာနိုင်ငံအတွင်းနေထိုင်သူများနည်းဥပဒေတို့အရ
မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးကို နိုင်ငံခြားသား/မြန်မာနိုင်သား
လက်မှတ်ထုတ်ပေးခဲ့တယ်။ဒါပေမဲ့ ဒီလက်မှတ်ကိုင်ဆောင်ရုံဖြင့် မြန်
မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံချက် အလျဉ်းမရှိစေရလို့ ပြဌာန်း
ထားတယ်။
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာလည်း ခရစ် ၁၈၂၃ ခုနှစ် မတိုင်မီ
မြန်မာနိုင်ငံကို ပင်ရင်းနိုင်ငံအဖြစ်နေထိုင်ခဲ့ကြတဲ့ ကချင်။ကယား။
ကရင်။ချင်း။ဗမာ။မွန်။ရခိုင်။ရှမ်းစတဲ့ မျိုးနွယ်စုတွေဟာ တိုင်းရင်းသား
တွေဖြစ်တယ်။
၁၉၄၈ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေမှာ ဗမာတိုင်းရင်းသားအမည်
ကို မြန်မာဆိုပြီးဖေါ်ပြထားတယ်။၁၉၈၂ ခုနှစ်မြန်မာတိုင်းရင်းသားအ
မည်ကို ဗမာလို့ဖေါ်ပြထားတယ်။ဒါကြောင့် ဗမာ=မြန်မာဖြစ်တယ်။
ဒီခေတ်မှာ အုပ်စိုးသူတွေက ဗမာကို ခေါ်တဲ့မြန်မာကို နိုင်ငံရေး ရည်
ရွယ်ချက်နဲ့ မြန်မာ= တိုင်းရင်းသား(၁၃၅ မျိုး) ပြောဆိုနေတြယ်။
ဥပဒေနှစ်ခုကို နှိုင်းယှဉ်ဖတ်ရှုရင် ဗမာ=မြန်မာ ဆိုတာရှင်းနေတယ်။
ဒီအကြောင်းရှင်းပြရတာက နိုင်ငံရေးရည်ရွယ်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုထား
တဲ့ မြန်မာကို အသုံးချပြီး တိုင်းရင်းသားဆိုတဲ့ အဓိပ္ပာယ်ကို တလွဲ
ကောက်ယူအသုံးချလာနိုင်လို့ဖြစ်ပါတယ်။
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ တိုင်းရင်းသားတွေဟာ မွေး
ရာပါနိုင်ငံသား(birth of citizen)ဖြစ်တယ်။ ၁၉၄၈ ခုနှစ်မြန်မာ
နိုင်ငံသားဖြစ်မှုအက်ဥပဒေအရ မြန်မာနိုင်ငံသားလက်မှတ်ရပြီးသူ
တွေဟာ နိုင်ငံသားတွေဖြစ်တယ်။
၁၉၄၉/၁၉၅၁ ခုနှစ်မြန်မာနိုင်ငံအတွင်းနေထိုင်သူများအက်ဥပဒေ/
နည်းဥပဒေတို့အရ ထုတ်ပေးတဲ့ မြန်မာနိုင်ငံသားလက်မှတ်ကိုင်
ဆောင်သူများဟာ အလိုအလျောက် မြန်မာနိုင်ငံသားမဖြစ်ပါ။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ တိုင်းရင်းသားဖြစ်စေ။တိုင်း
ရင်းသားမဟုတ်သူဖြစ်စေ နိုင်ငံသားလက်မှတ်ကိုင်ဆောင်ခွင့်အတွက်
ကာယကံရှင်ကိုယ်တိုင် လဝကမှာ လျှောက်ထားရတယ်။နိုင်ငံသား
ဥပဒေအရ မွေးစာရင်း။သေစာရင်းကို မှတ်တမ်းတင်ထားရတယ်။
အသက် ၁၀ နှစ်ပြည့်ရင် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြား
၁၈ နှစ်ပြည့်ရင် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကဒ်ပြား လှဲလှယ်ရ
တယ်။
ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘင်္ဂလီတွေဟာ သန်းခေါင်စာရင်း
အကောက်မခံခြင်း။၁၉၈၂ နှစ်မြန်မာ နိုင်ငံသားဥပဒေနှင့်အညီ ဧည့်နိုင်ငံ
သား/ နိုင်ငံသားပြုလက်မှတ် ကိုင်ဆောင်ခွင့်အတွက် လျှောက်ထားကြ
ရမှာ ဖြစ်ပေမဲ့ သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံတိုင်းရင်းသား ဖြစ်လေ
ဟန် ရိုဟင်ဂျာအမည်ကို ခံယူကာ တိုင်းရင်းသားအခွင့်အရေးတောင်း
ဆိုနေတာဟာ ရခိုင်-ဘင်္ဂလီ ပဋိပက္ခကို ကြီးထွားစေနိုင်ပါတယ်။
ဒါကို ကော်မရှင်က သဘောပေါက်နားလည်ဖို့လိုပါတယ်။အထူးသဖြင့်
င်္ဘလီတွေဟာ ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးနှုန်းခြင်းကို သတိထားရှောင်
ရှားဖို့ အကြံပြုတင်ပြခဲ့ပါတယ်။
Mr. Kofi Arnan က Question shooting လုပ်ရာ
မှာ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံဖြစ်ထားတဲ့ ဘင်္ဂလီ
အရေအတွက်ကို သိသလား။ရခိုင်ပြည်နယ်က ဘင်္ဂလီ ၁ သန်းမှာ
ခိုးဝင်သူ/တရားဝင်နေထိုင်ခဲ့သူ ရာခိုင်နှုန်းကို မေးတယ်။
မြန်မာပြည်မ(proper burma) ဖက်ကိုရောက်နေတဲ့ ဘင်္ဂလီ
အားလုံးဟာ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်ထားကြတယ်။
ဥပမာအားဖြင့် ပါလီမန်အမတ်ဟောင်း Shwe Maung ဟာ ဘင်္ဂ
လီ စစ်စစ်ဖြစ်ပေမဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ထားတယ်။နိုင်ငံ
သားစိစစ်ရေးကဒ်ပြားကိုင်ဆောင်ထားသူ ဘင်္ဂလီအရေအတွက်ကို
လဝကရုံ့းမှာ စာရင်းရနိုင်တယ်လို့ ပြန်ဖြေခဲ့တယ်။ရခိုင်ပြည်နယ်
မှာ ရှိတဲ့ ဘင်္ဂလီ ၁ သန်းကျော်အနက် ၈၀%ဟာ ခိုးဝင်သူဖြစ်ပြီး ၂၀%
ဟာ တရားဝင်နေထိုင်ခဲ့သူဖြစ်တယ်လို့ သမိုင်းပညာရှင် ဒေါက်တာ
အေးချမ်းက လန်ဒန်ပြတိုက်က အထောက်အထားနဲ့ ကိုးကားဖြေဆို
ပေးတယ်။
တတိယတင်ပြသူက ဦးထွန်းအောင်ကျော်ပါ။သူက မြောက်ဦးမြို့နယ်
ကျွဲတဲရွာဇာတိဖြစ်ပြီး ငယ်စဉ်က လယ်ယာလုပ်ကိုင်ခဲ့တယ်။သူတို့
ရွာအနီးပတ်ဝန်းကျင်မှာ အစ္စဘာမ်ဘာသာကိုးကွယ်သူ ကုလားတွေရှိ
တယ်။ကုလားတွေကို ရခိုင်တွေက စပါးရိတ်သမား။မြေတူးသမားအဖြစ်
ဌာရမ်းလုပ်ကိုင်ကြတယ်။ကျွဲတဲရွာ အလကမှာ ကုလားကျောင်းသားတွေ
သူတို့နဲ့အတူ စာသင်ခဲ့ကြတယ်။ခွဲခြားဆက်ဆံခြင်း မရှိခဲ့ကြဘူး။
ထိုအချိန်က သူတို့ဟာ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ဘယ်သူမှ
မကြားဖူးကြဘူး။နောက်ပိုင်းမှာ နိုင်ငံရေးသမားတွေရဲ့ သွေးထိုးလှုံ့ဆော်
မှုကို နားယောင်ပြီး ရိုဟင်ဂျာအမည်ခံယူလာကြရာက ရခိုင်လူမျိုးတွေနဲ့
ဆက်ဆံရေးကျဲလာကြတယ်။
UN/OIC အဖွဲ့တွေက ကုလားတွေကို ထောက်ပံ့ပေးတယ်။
ဒေသခံရခိုင်တွေကိုလှစ်လျူရှုထားတယ်။ဒေသခံရခိုင်တွေဟာ အလုပ်
အကိုင်ရှားပါးမှု။စားဝတ်နေရေးခက်ခဲမှုကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း
နေကြရတယ်။လင်ယူသားမွေးအရွယ်ရှိတဲ့ ရခိုင်လူငယ်အားလုံး ဒေသ
မှာ မရှိကြတော့လို့ကလေးမွေးဖွားနှုန်း မရှိသလောက် ဖြစ်သွားတယ်။
ဘင်္ဂလီတွေက UN/OIC အထောက်အပံ့နဲ့ မိန်းမ ၄ ယောက်ယူ
ပြီး အထိန်းအချပ် ကင်းမဲ့စွာ မွေးဖွားနေကြတယ်။
နောင် အနှစ် ၂၀ အကြာမှာ ဘင်္ဂလီ ၄ သန်း ရခိုင် ၁ သန်း။နောင် အနှစ်
၄၀မှာ ဘင်္ဂလီ ၁၀ သန်း ရခိင် ၁ သန်းအောက်ဖြစ်လာပြီး Gemo-
graphy အရ ပြောင်းလဲမှုများစွာ ဖြစ်သွားမယ်။ရခိုင်မြေကို ရခိုင်တို့
လက်လွှတ်ဆုံးရှုံးရမဲ့အရေး ခေါင်းလောင်းထိုးနေပြီ။
အုပ်စိုးသူ ဗမာ(ဗဟို) အစိုးရအဆက်ဆက်ဟာ ရခိုင်အရေးကို လှစ်
လျူရှုထားတယ်။ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်ထဲမှာ ပိတ်လှောင်ထား
တယ်။ရခိုင်ပြည်နယ်က ဘင်္ဂလီတစ်ဦးဟာ ရခိုင်ပြည်နယ်မှာ နေသ
ရွေ့ဘာမှ ပြသနာ မရှိပေမဲ့ ဗမာပြည်မကို ရောပ်လာတာနဲ့ ခိုးဝင်သူ
ဖြစ်သွားတယ်။
ရခိုင်တွေရဲ့ဘဝဟာ နယ်မြေ။လူမျိုးပါ လက်လွှတ်ဆုးံရှုံးရမဲ့ အခြေအ
နေကျရောက်နေပါတယ်။ကော်မရှင်အနေနဲ့ OIC/ UN တို့ရဲ့ အကူ
အညီနဲ့ ဘင်္ဂလီဖက်ကို ဘက်မလိုက်ဖို့ ဒေသခံရခိုင်တွေ ကြုံတွေ့
နေရတဲ့ ပကတိအခြေအနေကို စာနာနားလည်ဖို့ တင်ပြခဲ့ပါတယ်။
ွ
(ဆက်ရန်)
Credit: