ULA /AA ၏လုပ်ငန်းတိကိုအကောင်အထည်ဖော်ဖို့ အမျိုးသားရီးအသိတရားနန့် လစဉ်လတိုင်း (သို့မဟုတ်) အခါအားလျော်စွာထည့်ဝင်နီကတ်တေ မျိုးချစ်တိအားလုံးကို ကျေးဇူးတင်ပါရေလို့ ပထမဆုံးပြောကြားလိုပါရေ။ ဆက်လက်ပြီးကေကိုယ်တစ်ယောက်တည်းထည့်နီခြင်းမျိုးမဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်ကလူတိပါလာအောင်ကြိုးစားပီးကတ်ပါ။ ကိုယ့်ထည့်ဝင်နီရေ စံချိန်တိကိုလေ့ ထိန်းပီးကတ်ပါ။
ရခိုင်ဒေသအတွင်းမှာကျနော်ရို့အဖွဲ့အစည်းနာမည်ကိုခုတုံးလုပ်ပနာ တော်လှန်ရီး ၊ အမျိုးသားရီး ကိုဗန်းပြခေါင်းစဉ်တပ်လို့ နာမည်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးနန့် ဖေ့ချာကောက်ခံစုဆောင်းနီကတ်စွာတိကို ကြား သိနီရပါရေ။ ကျနော်ရို့အနီနန့် ယင်းပိုင်မျိုး ဗြောင်ကျကျ ကောက်ခံခြင်းမျိုး မဟိရေပိုင်တစ်စုံတစ်ဦး (သို့မဟုတ်) အစုအဖွဲ့လိုက်တရားဟောစည်းရုံးရေနည်းလမ်းတိနန့်တာဝန်ပီး ကောက်ခံထားခြင်းမျိုးလည်း မဟိပါ။ “ဒိုင်သျှိုတော့ AA နည်း AA ဟန်နန့် ဆကေတဗွေဟိပါရေ။”
ဒေပိုင် အချောင်သမားတိအနီနန့်လူထုဘားကဖေ့ချာကိုလိမ်လည်တောင်းခံစွာက တော်လှန်ရီးတိုင်းမှာဖြစ်လေ့ဖြစ်ထ ဟိရေသဘောတရား တစ်ခုပါရာ။ ယေဇု ယင်းပိုင်အချောင်သမားအလိမ်သမားတိလက်ထဲကို ဖေ့ချာတိ မရောက်လားအောင် သီခြာမေးမြန်းအတည်ပြုပြီးခါမှ ထည့်ပီးကတ်ပါလို့ လေးစားစွာအသိပီးလိုပါရေ။ လောမကြီးကတ်ပါကေ့လို့လဲဒေနီရာကမေတ္တာရပ်ခံပါရေ။
အမျိုးသားရီးစိတ်ထက်သန်အားကြီးလို့ထည့်လိုက်လို့ ကျနော်ရို့ဘား သို့မရောက်ဘဲ လူလိမ်တိဘားကို ရောက်လားခကေ အဆိပ်ပင်ကိုရီလောင်း စွာနန့်တတူတူပါရာ။ ကျိန်စာတကာ့ ကျိန်စာထဲမှာ တော်လှန်ရီး ထဲသို့လူထုဘားကထည့်ဝင်ရေဖေ့ချာတိကိုလိမ်စားဝါစားလားရေလူတိမိရေ ကျိန်စာစွာ အဆိုးဆုံးပါလို့ ကြားဖူးရေ။ (ဟုတ်မဟုတ်တော့ကျနော်မသိပါ)
တစ်ချို့ အမျိုးသားရံပုံငွေထည့်ချင်ရေလူတိအနီနန့်လေ့ မလောကတ်ပါကေ့။ သီခြာရေရာတိကျရေအခါမှရာ ထည့်ဝင်ကတ်ပါ။ တစ်ချို့စုထားရေလူတိအနီနန့်လေ့ ဆက်လို့စုထားပနာ အချိန်ကာလတစ်ခုမှာ ကောက်ခံနိုင်အောင်၊ထည့်ဝင် နိုင်အောင်ကြိုးစားနီပါရေ။ နောက်ဆုံးအနီနန့် စုထားရေဖေ့ချာတိကိုထည့်ချင်အားကြီးလို့မစောင့်နိုင်ကေတောင် ရပ်ရွာအကျိုး၊ကိုယ့်မိသားစုအတွက် အကျိုးဟိဖို့တစ်နီနီရာမှ အသုံးပြုလိုက်ကေလည်းရပါရေ။ ယင်းပိုင်မဟုတ် ဘဲထည့်လိုက်လို့ ငလိမ်ငဝါတိဘားကိုရောက်လားခကေ အမျိုးသားရီးအတွက်လည်းအကျိုးမဟိရေအပြင် ကိုယ်လည်း စိတ်မချမ်းမသာမဖြစ်ရအောင်လို့ပါ။
သတင်းနန့်ပတ်သက်ကေလေ့ အထက်က ဖေ့ဘုတ် စာမျက်နှာနန့် www.arakan.army နန့် https://ula.today (လောလောဆယ် web page တည်ဆောက်နီတုန်း) မှာရီးသားထားစွာတိကိုရာ အတည်ပြုနိုင်ပါရေ။ အခြားစွာတိက ကျနော်ရို့နန့်မဆိုင်ပါ။ ဖေ့ဘုတ်ယဉ်ကျေးမှုကိုနားလည်အောင်လိ လာ ယင်း မဟုတ်မမှန်သတင်းတိနန့် လုပ်ကြံဂျောက်ချထားရေသတင်းတိကြားမှာ နားမဝင်လားဖို့ကို အထူး အလီးအနက်မှာကြားလိုပါရေ။ ကျနော်ရို့လေ့အားရေအချိန်မှာ ဖေ့ဘုတ်နန့်ပတ်သက်ရေ သတင်းအမှား တိကို Share လုပ်ပီးနီကတ်တေ Facebook Users တိကို အမှားအမှန်ကွဲကွဲပြားပြားသိအောင်ကြိုးစားနီပါရေ။ အခြားမိတ်ဆွီတိ အနီနန့် ဇာချင့်ကအမှား၊ဇာချင့်ကအမှန်၊ ဇာချင့်ကလူပြိန်းအကြိုက် ဆိုစွာတိကို မျှဝီပီးကတ်ပါ။
ယပြီးကေ AA တပ်ဖွဲ့ဝင်တိလှုပ်ယှားရေနီရာတိမှာ သူ့စစ်ကြောင်းနန့် သူဖေ့ချာ အလုံအလောက်ပီးထားပနာ လှုပ်ယှားကတ်ပါရေ။တစ်ခါတစ်ရီ ခြွင်းချက်အနီနန့် ဖေ့ချာပြတ်လတ်လားမှုဟိခလို့ အကူအညီတောင်းခံလာ ကေ ဇာအဖွဲ့အစည်း၊ ဇာစစ်ကြောင်း၊ဇာရာထူး၊ဇာတာဝန်၊ အသက်စသည်ရို့ကိုမိန်းမြန်းလို့အပြင် ဓာတ်ပုံ ရိုက်ထား လို့ပဲဖြစ်ဖြစ်၊ရက္ခိုင့်တပ်မတော် သတင်းနန့်ပြန်ကြားရီးဌာန ဖုန်းနံပ ဖြစ်တေ + ၈၆ ၁၈၀၈၈၁၆၄၀၆၁ နန့် +၆၆ ၈၅၀၈၄၄၆၉၆ ၊ ဖေ့ဘုတ်စာမျက်နှာဖြစ်တေ www.facebook.com/thearakanarmy1 သို့ ဖြစ်ဖြစ်၊ မေးမြန်းအတည်ပြုလို့ ရပါရေ။
နောက်တစ်ခုက ရက္ခိုင့်တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ချင်ကတ်တေ မျိုးချစ်တိကိုမှာချင်စွာက တော်လှန်ရီးလုပ်စွာ၊ ရခိုင်စစ်သားလုပ်စွာမှာ နောက်ကျရေလို့မဟိပါ။ တာဝန်မထမ်းဆောင်ရဖို့၊ ရခိုင်စစ်သားမဖြစ်ရဖို့စွာ ကိုမပူပါကေ့။ တစ်ချိန်ချိန်မှာတော့ မဖြစ်ချင်ကေလေ့ ဖြစ်လာရပါဖို့။ကျနော်ရို့ပြောလေ့ပြော ထဟိရေစကား တစ်ခွန်းဟိပါရေ။ လူတိုင်းစစ်တိုက်ဖို့မလိုကေလေ့ စစ်တိုက်ဖို့အတွက် လူတိုင်းတာဝန်ထမ်းဆောင်ဖို့လိုရေ။ လောလောဆယ် အကြောင်းစကေချေကြောင့် စစ်မှုတာဝန်ထမ်းဆောင်ဖို့လာဖို့အခက်အခဲဟိကေလေ့ ပြည်သူ တစ်ယောက်အနီနန့် တာဝန်ထမ်းဆောင်ပီးလို့ရရေ တာဝန်တိဟိပါရေ။ အနည်းဆုံးတော့ အမျိုးသားရံပုံငွေ ကို ပုံမှန်ထည့်ဝင်နီခြင်းသည်ပင်လျှင် #ရက္ခိတလမ်းစဉ် အကောင်အထည်ဖော်ဖို့အတွက် တစ်ဖက်တစ်လမ်းက တာဝန်ယူပီးနီခြင်းပင်ဖြစ်ရေ။
#ရက္ခိတလမ်းစဉ်ကို နှောင့်ယှက်ဆန့်ကျင်ရေ လူတိကိုစောင့်ကြည့်ခြင်းသည်ပင်လျှင် နိုင်ရေတာဝန်ကိုထမ်း ဆောင်ပီးခြင်ဖြစ်ရေ။ ကျနော်ရို့တိအနီနန့်လေ့ ရက္ခိတလမ်းစဉ်မှာ လူတိုင်းပါဝင်လို့ရရေ ဆိုစွာကို ချပြနီပါရေ။ အေထက်ကျယ်ကျယ်ပြန့်ပြန့်ပါလာနိုင်အောင် နည်းမျိုးစုံနန့်ကြိုးစားနီပါရေ။ အေချင့်နန့်ပတ်သက်လို့ စကား ပြောဖို့ချိန်းထားရေ လုပ်ဖော်ကိုင်ဖက်တိအနီနန့်လေ့ မပြောဖြစ်ခတေနိတိအတွက်တဖဲ့ချေသည်းခံပီးကတ်ပါ။ တစ်ခါတစ်ရီ အရေးကြီးအလုပ်တိက ကြားဖောက်ပေါ်လာလို့နှောင့်နှေးလားရစွာပါ။
#ရက္ခိတလမ်းစဉ်ကရာ ရခိုင်လူမျိုးတိလိုချင်ရေနီရာကိုခေါ်လားပါလိမ့်မယ်။ ကျနော်ရို့လေ့ #ရက္ခိတလမ်းစဉ် အတွက် ဘဝကိုနှစ်ပီးအလုပ်လုပ်နီကတ်ပါရေ။ အသစ်အသစ်သော ဘဝနှစ်လို့အလုပ်လုပ်ဖို့လူတိ ကိုလေ့ စောင့်နီပါရေ။ နီဝင်နောက်ကျလားခရေ၊ နီထွက်လာစွာစောရေ ဟိကေလေ့ ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်ဖို့ ULA/AA နန့်ပူးပေါင်းဆောင်ရွက်စွာမှာ နောက်ကျလားခရေ၊ စောရေလို့မဟိပါ။ အေနိ ကိုယ်ကအလုပ်လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ရေ အချိန်စွာ အကောင်းဆုံးနန့် အလှဆုံးအချိန်ပါ။
အကောင်းဆုံးနန့် အလှဆုံးအချိန် ရခိုင်လူမျိုးတိုင်းမှာဟိပါရေ။ အခွင့်အရီးကအချိန်တိုင်းမှာဟိနီပါရေ။
Dr.ညိုထွန်းအောင်
Nov 4 , 2016 , Friday
No comments:
Post a Comment