ခေတ်ရနံ့မဂ္ဂဇင်း၊ အမှတ် (၃၀)၊ ၂၀၁၆၊ အောက်တိုဘာလထုတ်မှ ဆရာဇင်ကျော်ထွေး၏ ဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။
------------------------------
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အများစု အစိုးရ သည် ယခုဆို ရက် ၁၀၀ ပျားရည်ဆမ်းခရီးကို လွန်မြောက် ခဲ့ပါပြီ။ ရှေ့ဆက်ပြီး အစိုးရတစ်ရပ် အဖြစ်နှင့်နိုင်ငံ့အရေးအရာ များကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲသွားရပေတော့မည်။
သည်နေရာမှာ ရက် ၁၀၀ ပျားရည်ဆမ်းခရီးနှင့်ပတ်သက်၍သိသာသော အပြောင်း အလဲတွေမမြင်ရသေးဆိုပြီး ဝေဖန်ဆန်း စစ်သံများကိုကြား မိပါသည်။ သည်ဆန်းစစ်ချက်များ အထိုက်အလျောက် မှန်ကန်ဟန်ရှိပါသည်။
မညာတမ်း၊ မညှာတမ်း ပြောရမည်ဆိုလျှင် ဒီချုပ်အစိုးရအမွေခံရ ရှိသော နိုင်ငံ့အနေ အထားကလည်း အဘက်ဘက်မှာ ယိုယွင်းပျက်စီး သလို ဖြစ်နေပါသည်။
ပညာရေးနှင့် ကျန်းမာရေးကိုပဲ ကြည့်ကြည့်၊ စီးပွားရေးနှင့် လူမှုရေး ကိုပဲကြည့်ကြည့်၊ အခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေး ကိုပဲကြည့်ကြည့်၊ တရားဥပဒေစိုးမိုးရေး နှင့်စီမံခန့်ခွဲရေးကိုပဲ ကြည့်ကြည့်၊ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးတည်ငြိမ်မှုကိုပဲကြည့် ကြည့် အားလုံး မှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါသည်။ အဆိုးဆုံးက လူတွေ၏စိတ်နေစိတ် ထား ညံ့ဖျင်းသွားခြင်းကို ကုစားပေးရေးဖြစ်ပါသည်။
သည်အချိန်မှာ သခွပ်ပင်ကမီးတကျီကျီဖြစ်နေသည်က ““အမျိုးသားရေး”” ကိစ်္စပင်ဖြစ်ပါ သည်။ ရခိုင်အရေးနှင့်ပတ်သက်၍ ယခင်ကုသလမဂ်္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည် နယ်အကြံပေးကော်မရှင်ကိုတချို့ကဆန့်ကျင်ကန့်ကွက် နေကြပါသည်။
တကယ်တော့ သည်ရခိုင်အရေးက ဖွဲမီးပမာ ဖြစ်နေသည်မှာ ကြာပြီ။ ရှေ့အစိုးရ အဆက်ဆက်သည် မီးကိုငြိမ်းအောင် မငြှိမ်းနိုင်ခဲ့ကြ။ တချို့အတွက်ဆိုလျှင် သည်မီးက သူတို့၏ ““အာဏာနိုင်ငံ ရေး””အတွက် အလွန်ကောင်းသောကစားကွက်တစ်ခုဖြစ်နေသည်။
ယခု ရခိုင်အကြံပေးကော်မရှင်ကို အသံအကျယ်ဆုံးကန့်ကွက်သူများထဲတွင် အမှန် တကယ် စိုးရိမ်သူများပါပါသည်။ သို့သော်ထိုပုဂ်္ဂိုလ်များနှင့်တူ ပါလာ သူတချို့ကို ကြည့်တော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကို ဘယ်လို မဆိုဆန့်ကျင်ချင်နေသည့် လူပုဂ်္ဂိုလ်၊ အဖွဲ့ အစည်းများကိုတွေ့ရပါသည်။ အမျိုးသားရေးကိုဗန်းပြပြီး ““ဟီးရိုး”” လုပ်ချင်သည့် မီဒီယာ တချို့လည်း ပါနေပါသည်။
သည်ကနေ့ခေတ်က ကမ်္ဘာလုံးဆိုင်ရာခေတ် ဖြစ်ပါသည်။ ကမ်္ဘာ့တစ်နေရာမှာ ဖြစ်နေ သော ဖြစ်ရပ်တစ်ခုသည် ကမ်္ဘာ့နောက် တစ်နေရာကိုပါ ရိုက်ခတ်တတ်သည်။ သည့်အတွက် ရခိုင်အရေး သည် အကောင်းဆုံးပြယုဂ်တစ်ခုဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံသား အားလုံးနီးပါးလောက်က ဘူးသီးတောင် မောင်တောနေ ရာတွင် ရှိနေသည့်တိုင်းရင်းသားမဟုတ်သူများကို လူဦးရေထူထပ်လွန်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှတရားမ၀င် ၀င်ရောက်လာသူများ၊ ယင်းတို့၏အဆက်အနွယ်များဟူ၍ ယုံကြည် ထားပါသည်။ ယင်းမှာ တစ်ဖက်နိုင်ငံ၏လူဦးရေထူထပ်မှုကြောင့် မိမိနိုင်ငံဘက်ကို ရိုက်ခတ် လာခြင်းဖြစ်ပါသည်။
သည်အခါ ဒေသတွင်း မျှခြေတွေပျက်။ ထိုမှအမုန်းတရား များ ပေါက်ဖွားလာ ကာအပ ပယောဂများ ၀င်လာသောအခါထိုအမုန်းများပေါက် ကွဲကုန်တော့ သည်။ ပဋိပက်္ခဖြစ်သော လူ့အဖွဲ့ အစည်းများတွင် ဒုက်္ခသည်များသည် ရလဒ်ဖြစ်လာသည်။
ကမ်္ဘာလုံးဆိုင်ရာခေတ်တွင် ဖွသူဆွသူများကလည်း ဘေးတီးပေးသောအခါ သည်ပြဿနာသည် နိုင်ငံတကာ စင်မြင့်သို့ ရောက်လာရတော့ သည်။ နိုင်ငံတကာကတော့ သူ့စံနှုန်းအမြင်နှင့်ပဲ ရှုမြင်လေ့ရှိပါသည်။
ဟိုအရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီတောင်းဆိုလှုပ်ရှားကြ တော့ ထိုစဉ်က စစ်အစိုးရ က ထိုလှုပ်ရှားတောင်းဆိုသူများကို ဆူပူ အကြမ်းဖက် သူများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးသူများ ဟုတံဆိပ်ကပ်သည်။ ““အမျိုးသားနိုင်ငံရေး””အရ သူတို့ကိုတား ဆီး နှိမ်နင်း ရမည်ဟု ဆိုသည်။
နိုင်ငံတကာကတော့ သူတို့ကိုဒီမိုကရေစီရေးလှုပ်ရှားသူများဟုမြင်သည်။ သူတို့ ဖမ်းဆီး ထောင်ချခံရတာတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဟုဆိုပြီးဆန့်ကျင် ကန့်ကွက်သည်။
ယခု တရားမ၀င် ၀င်ရောက်လာသည်ဟု ကျွန်တော်တို့က ယုံကြည် ထားသူများကိစ်္စ တွင် ကျွန်တော်တို့ကမိမိအမျိုးသားရေး၊ မိမိအချုပ်အခြာ အာဏာဘက်ကရှုမြင်သည်။နိုင်ငံ တကာကမူနေရပ်စွန့်ခွာ ထွက်ပြေးလာ ရသောဒုက်္ခသည်များ၊နိုင်ငံမဲ့နေသူများအမြင်ရှုမြင်သည်။
သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်အစိုးရက နိုင်ငံတကာအပေါ် သြဇာသက်ရောက်သူများကို ဆွဲခေါ်ခြင်းဖြစ် ရာသည်။ သူ့ပွဲဦးထွက် ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ကိုဖီအာနန်က လည်း မြန်မာ့ အိမ်နီးချင်းနိုင်ငံများ အပြုသဘောနှင့် ပါဝင်လာစေရန် ဆောင်ရွက် မည်ဖြစ်ကြောင်း ပြောသွားသည်။ သည်ကိစ်္စတွင် နိုင်ငံတကာ ပါဝင် ဆက်နွှယ်မှု ရှိနေတာကို မီးမောင်း ထိုးပြလိုက်ခြင်းပင်။
ပဋိပက်္ခ မီးမငြိမ်းသရွေ့၊ နှစ်ဖက်လူမှု အသိုက်အ၀န်းကြား ယုံကြည်မှု မတည်ဆောက်နိုင်သရွေ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးက ခက်ခဲနေ ဦးမည်။ မစ်္စတာ အာနန်ကလည်း တည်ငြိမ်မှုမရှိ လျှင် မဖွံ့ဖြိုးမတိုးတက်နိုင်ဟု ရိုးရိုးရှင်းရှင်း ပြောသွားသည်။
သို့သော် ယခုတချို့လုပ်ရပ်များက သည်မီးကို မွှေးထားချင် သည့်သဘော သက်ရောက်နေသည်။ ပြီးတော့ ““အမျိုးသားရေး”” ဆိုသောစကားကို တွင် တွင်ပြောသည်။ တကယ်တော့ ““အမျိုးသား ရေး”” ဆိုသည်က အများ သည်းခြေကြိုက်စကားဖြစ်သည်။ အာဏာနိုင်ငံရေးသမားများအတွက် အလွန်ကောင်းသော လက်နက်တစ်ခုလည်းဖြစ်သည်။
သို့ရာတွင် သည်အမျိုးသားဆိုသော စကားလုံးမှာ ပယောဂ တွေ ၀င်ပူးလာလျှင် အလွန်ကြောက်ဖို့ကောင်းပါသည်။ မတည် မငြိမ်ဖြစ်မှုများ၊ ဆူပူမှုများ နောက်ဆက်တွဲဖြစ်လာကာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဖြစ်လာနိုင်ပါသည်။ ထိုအခါ အာဏာရအစိုးရအတွက် အကျပ်အတည်းဖြစ်လာနိုင်ပါသည်။
ထိုကြောင့် နိုင်ငံမတည်မငြိမ် ဖြစ်လာစေနိုင်သော ကိစ်္စများကို အများပြည်သူ က ဂရုထားရန်လိုပါသည်။ မတည်မငြိမ်ဖြစ်လာစေ ရန် ဖွသော ဆွသော လုပ်ရပ်များကို အထူးသတိထားရန်လိုပါ သည်။ အစိုးရကလည်း မိမိ၏အာဏာ စက်တည်အောင် ကျင့်သုံး ရန် လိုအပ်ပါသည်။ ပျားရည်ဆမ်းကာလ လွန်မြောက်လာခြင်းနှင့် အတူ အစိုးရ၏ အာဏာစက်ကို စိန်ခေါ်မှုများ အား ချော့မြှူလိုက် လျောခြင်းကို အတိုင်းအတာတစ်ခုမှာ စည်းသတ်ရန် လိုလာပေ လိမ့်မည်။
စင်စစ် အမျိုးသားရေးသို့မဟုတ် အမျိုးသားရေးဝါဒသည် အရေးကြီးပါသည်။ ကမ်္ဘာကျော် ““ဘရိုက်တင်နီးကားစွယ်စုံကျမ်း”” တွင် အမျိုးသားရေးဝါဒဟူသည် အခြေခံအားဖြင့် လူတစ်ဦးတစ် ယောက်က တခြားလူများသို့မဟုတ် တခြား အုပ်စုများထက် သာ လွန်၍ မိမိနိုင်ငံအပေါ် သစ်္စာစောင့်သိသော၊ နိုင်ငံ့ အကျိုးကို သယ် ပိုးလိုသော အတွေးအမြင်ပေါ်မှာ အခြေခံထားသည်ဟူ၍ အဓိပ်္ပာယ် ဖွင့်ဆိုပြထားပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုးဆိုသော စိတ် ထားခံယူချက်ဖြစ်ပါသည်။
သို့သော် သည်လို မွန်မြတ်သော ၀ါဒခံယူချက်သည် လူထုက ရွေးကောက် တင်မြှောက်ထားသော အစိုးရတစ်ရပ်အတွက် ထောင် ချောက်တစ်ခုတော့ မဖြစ်သင့်ဟု ယူဆမိပါသည်။
ဇင်ကျော်ထွေး
No comments:
Post a Comment