ရခိုင်ဂေဇက် ၊ အောက်တိုဘာ ၆
ရခိုင်အမျိုးသားပါတီ ( ANP )မှထုတ်ပယ်ခံထားရသည့် ALD ခေါင်းဆောင်များမှ ဦးဆောင်ပြီး စုံညီအစည်းအဝေးတစ်ရပ်ကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ တွင် အောက်တိုဘာလ ၈ ရက်နေ့မှနေ ၉ ရက်နေ့ထိ ၂ ရက်တိုင်တိုင် ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD ) ဘက်ခြမ်းသားများ ဦးဆောင်ကျင်းပသော စုံညီအစည်းအဝေးသို့ ရခိုင်ပြည်နယ် ( ၁၇ ) မြို့နယ်မှ အဖွဲ့ဝင်ဟောင်းများ ၊ ရန်ကုန် ၊ မန္တလေး ၊ ဧရာဝတီ ၊ ပလ၀ စသည့်မြို့နယ်များ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD ) ပါတီအဖွဲ့ဟောင်းများအပြင် ရခိုင်ပြည်နယ်အတွင်းမှ နိုင်ငံရေး စိတ်ဝင်စားသူများ တက်ရောက်မည် ဖြစ်ကြောင်း ANP / ALD ပါတီဘက်ခြမ်းမှ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ဦးမျိုးကျော်က ပြောသည်။
ဦးမျိုးကျော်က “ ကျွန်တော်တို့ ဒီစုံညီအစည်းဝေးကို ကိုယ်စားလှယ် ၁၀၀ ဦး တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးအခြေအနေကို ပြန်လည်သုံးသတ်ဖို့ရယ် ၊ ပါတီတွင်းမှာဖြစ်ပေါ်နေတဲ့ ခေါင်းဆောင်မှု လွဲမှားတဲ့ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးသွားဖို့အတွက် ဖြစ်ပါတယ် ” ဟုပြောသည်။
ယင်းသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD ) ပါတီခြမ်းဘက်မှ ဦးဆောင်ပြီး ကျင်းပမည့် စုံညီအစည်းအဝေးမှ ဆုံးဖြတ်ချက်များနှင့် ရလဒ်များကိုလည်း အများပြည်သူများ သိရှိအောင် မီဒီယာများအား ဖိတ်ကြားက ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းလည်း ရခိုင်ဒီမိုအရေစီအဖွဲ့ချုပ်မှ ဦးမျိုးကျော်က ဆိုသည်။
ရခိုင်အမျိုးသားပါတီ (ANP) သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အနိုင်ရ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ(RNDP) တို့ကို နှစ်ဘက်ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကာ ၂ဝ၁၄ ခုနှစ်တွင် ပေါင်းစည်းထားခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီ တစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် (CEC) ၃၉ ဦး ရှိရာ ပါတီတွင်း နှစ်ဘက် မပြေလည်မှုများ ကြောင့် ALD ဘက်ခြမ်းမှ CEC ခြောက်ဦးမှာ ထုတ်ပယ်ခံထားရသည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဇီ၊၂၀၁၆ ခုနှစ် မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သော ALD ပါတီ
>Rakhine Gazette
No comments:
Post a Comment