Friday, October 21, 2016

ရိုဟင်ဂျာဆို ချိုနဲ့လား

.
------------------
ရိုဟင်ဂျာရှိ မရှိ

အလွန်စည်းစနစ်ရှိပြီး တိကျလှပါတယ် ဆိုတဲ့ အင်္ဂလိပ်တို့်ပြုစုခဲ့တဲ့ ၁၉၁၇ခုနှစ် ဗမာပြည်လူမျိုးစုများရေးရာစစ်တမ်းနဲ့ဘာသာစကားစုအရ လူမျိုးစုကြီးပေါင်း
(၁၁)မျိုးဘာသာစကားငယ်ပေါင်း
(၁၃၁)မျိုးမှာ ရိုဟင်ဂျာ ဆိုတာမပါဘူး။

RB Smart ရဲ့Akyab District Gazetteerမှာလည်းရခိုင်မျိုးနွယ်စုများမှာ တောင်သား၊ချောင်းသား၊ရမ်းဗြဲသား၊သက်၊မြို၊ခမွီး၊ဒိုင်းနက်များဖြစ်သည်လို့သေသေချာချာ သုတေသနပြုဖော်ပြထားခဲ့တယ်။

၁၉၃၁ခုနှစ်သန်းခေါင်စာရင်းကိုအခြေခံ
ပြီးတရားဝင်သုတေသနပြုထားတဲ့လူမျိုးနွယ်စုတိုင်းရင်းသား(၁၃၅)မျိုးစာရင်းမှာလည်းရိုဟင်ဂျာ မပါဘူး။ရခိုင်တိုင်းရင်းသားမျိုးနွယ်စုစာရင်းမှာ
ရခိုင်၊သက်၊မြို၊ခမွီး၊ဒိုင်းနက်၊မရမာကြီး၊ကမန်လို့(၇)မျိုးဖော်ပြထား
တယ်။ဒါကြောင့်ရိုဟင်ဂျာလူမျိုးဆိုတာ ချိုနဲ့လားလို့မေးရမလောက်အောင်
ကိုမှတ်တမ်းမှတ်ရာအတိအကျနဲ့
သမိုင်းမှာ အစရှာ လို့ မရခဲ့ပါဘူး။

ရိုဟင်ဂျာ အစ

၁၉၅၁ခုနှစ်သြဂုတ်လမှာဘူးသီးတောင်ပာလီမန်အမတ်အဗ္ဗဒူဂါဖားက ဂါးဒီး
ယန်းနေ့စဉ်သတင်းစာမှာရိုဟွန်ညာ
(နောင်ရိုဟင်ဂျာ)ဆိုတဲ့လူမျိုးသစ်တမျိုးအဖြစ်တီထွှင်ပြီးအင်္ဂလိပ်ဘာသာနဲ့စ
တင်ဖော်ပြသုံးစွဲလာတယ်။၁၉၅၄ခုနှစ်စက်တင်ဘာလ၂၅ရက်နေ့မှာဝန်ကြီးချုပ်ဦးနုကရိုဟင်ဂျာလူမျိုး
လို့ပြောဆိုရာကနေ၁၉၆၀ခုနှစ်နောက်
ပိုင်းမှာရေပန်းစားလာခဲ့တယ်။၁၉၆၁ခုနှစ်မေလ၁၅ရက်နေ့ကစပြီး
မြန်မာ့အသံတိုင်းရင်းသားရေဒီယိုအသံလွှင့်အစီအစဉ်ကနေရိုဟင်ဂျာအသံ
လွှင့်အစီအစဉ်ကိုတပတ်သုံးကြိမ်နှုံး
အသံလွှင့်ပေးခဲ့တယ်။တော်လှန်ရေးကောင်စီတက်လာပြီး
နောက်၁၉၆၅ခုနှစ်အောက်တိုဘာလ
တစ်ရက်နေ့မှာရပ်ဆိုင်းခဲ့တယ်။အင်္ဂလိပ်ခေတ်ကလုံးဝမရှိခဲ့တဲ့ရိုဟင်ဂျာလူမျိုးအခေါ်အဝေါ်ဟာပါလီမန်ဒီမိုကရေစီခေတ်၁၉၅၄ခုနှစ်ကနေစတင်သုံးစွဲလာပြီး၁၉၆၀/၆၁ခုနှစ်တွေမှာ အတွင်ကျယ်ဆုံးသုံးစွဲလာတာတွေ့ရ
တယ်။ရိုဟင်ဂျာလူမျိုးရှိကြောင်းထောက်ပြနေသူတွေဟာလည်းပါလီမန်ဒီမိုကရေစီ
ခေတ်ကခေါ်ဝေါ်သုံးစွဲခဲ့တဲ့အထောက်အထားတွေကိုအများဆုံးကိုင်ပြောနေ
ကြတာဖြစ်ပါတယ်။တိုင်းရင်းသားမျိုးနွယ်စုသမိုင်းမှတ်တမ်းမှာမရှိခဲ့ဘဲပါလီမန်ဒီမိုကရေစီခေတ်မှာမွေးစားခံခဲ့ရတဲ့အမည်တစ်ခုသာဖြစ်ပါတယ်။

ရိုဟင်ဂျာနိဂုံး

တော်လှန်ရေးကောင်စီလက်ထက်မှာတဖြေးဖြေးမှေးမှိန်လာပြီးလမ်းစဉ်ပါတီခေတ်၁၉၇၈ခုနှစ်နဂါးမင်းစီမံချက်နဲ့
စစ်ဆေးရာကနေအခြေအနေတွေတင်းမာလာခဲ့ရတယ်။
၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေနဲ့ "၁၈၂၃ခုနှစ်မတိုင်မီကစနေထိုင်ခဲ့တဲ့
တိုင်းရင်းသားများသည်မြန်မာနိုင်ငံသားဖြစ်သည်" လို့ပြဋ္ဌာန်းလိုက်တဲ့အတွက်ရခိုင်ပြည်
နယ်ကဘင်္ဂလီတွေအဖို့ ဆွေ့ဆွေ့ခုန် ခဲ့ရတော့တယ်။နဝတနဲ့ပြည်ခိုင်ဖြိုးအစိုးရခေတ်မှာ
တော့ရိုဟင်ဂျာဆိုတာလုံးဝမရှိကြောင်း
ပြတ်ပြတ်သားသားကြေငြာလိုက်ပြီး
ရိုဟင်ဂျာအခေါ်အဝေါ်ကိစ္စကိုအဆုံး
သတ်ပေးခဲ့ပါတယ်။

ဘင်္ဂလီ လူမျိုး

တကယ်တော့ရိုဟင်ဂျာလူမျိုးဆိုတာ
သမိုင်းအထောက်အထားတွေအရမရှိခဲ့တာသေချာပါတယ်။နိုင်ငံရေးသမားတွေရဲ့နိုင်ငံရေးအသုံး
ချမှုအရသာပေါ်ပေါက်ခဲ့တဲ့အခေါ်
အဝေါ်တစ်ခုဖြစ်တယ်။ဒါပေမယ့်ဘင်္ဂလားဒေ့ဘက်ကနေ
ဘူးသီးတောင်မောင်တောမှာ၁၈၂၃
ခုနှစ်မတိုင်မီကလာနေတဲ့ဘင်္ဂလီလူမျိုးတွေရှိခဲ့ကြောင်းသမိုင်းအထောက်အထားတွေရှိတဲ့အတွက်၁၈၂၃ခုနှစ်
မတိုင်မီကလုံးဝမရှိခဲ့ဘူးလို့အတင်း
မျက်စိမှိတ်ငြင်းနေတာလည်းမမှန်နိုင်ဘူး။ဗြိတိသျှလက်အောက်ရောက်ပြီး မှအများအပြားဝင်ရောက်လာကြတယ်ဆိုတာကတော့မှန်တယ်။ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှုး Mr.Patsonရဲ့ အစီရင်ခံစာနဲ့ သမိုင်းပညာရှင် Dr.Barnerjeeတို့ မှတ်တမ်းအရရခိုင်ပြည်နယ်ကိုဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်၁၈၂၅ခုနှစ်မှာ
ဘင်္ဂလီလူမျိုးသုံးသောင်းရှိတယ်လို့ဆိုတယ်။၁၉၀၂ခုနှစ်ရခိုင်ပြည်နယ်ရဲ့လူဦးရေဟာ(၇၆၂၁၀၂)ဦးအထိတိုးလာတယ်။၁၉၄၂ခုနှစ်မတိုင်မီကရခိုင်ဘင်္ဂလား
နယ်စပ်မောင်တောမြို့ရှိရခိုင်ကျေးရွာ
ပေါင်း(၁၉၅)ရွာရှိခဲ့ပေမယ့်၁၉၉၅
ခုနှစ်မှာရခိုင်ကျေးရွာ(၄၆)ရွာသာကျန်
တော့တယ်။

၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေနဲ့အညီစီစစ်လိုက်ရင်၁၈၂၃ခုနှစ်မတိုင်မီကနေလာခဲ့ကြတဲ့ဘင်္ဂလီမျိုးဆက်တွေထဲကနိုင်ငံသားဖြစ်ခွင့်ရှိတဲ့ဘင်္ဂလီတွေကိုနိုင်ငံသားပြုခွင့်ပေးလို့ရတယ်။နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ဘင်္ဂလီလူမျိုး
တွေရှိတယ်။(တိုင်းရင်းသားနိုင်ငံသားတော့မရနိုင်
ဘူး)ဒါပေမယ့်ခက်တာကနောက်ပိုင်းခိုးဝင်ဘင်္ဂလီတွေကအရမ်းများနေတော့သူတို့ကဘယ်လိုမှအစစ်မခံကြဘူး။UN,OICတို့ကလည်းသူတို့ဘက်ကရပ်တည်အားပေးနေတော့ဥပဒေရှိနေပေ
မယ့်ဒီအလုပ်ကြီးကိုအစိုးရအဆက်
ဆက် လုပ်လို့ မရခဲ့ဘူး။ဥပဒေနဲ့ညီသူကိုနိုင်ငံသားလက်ခံမယ်။မညီသူကိုလက်မခံဘူးဆိုတဲ့ရိုးရှင်းတဲ့
တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ပြည်တွင်းရေးကိစ္စဖြစ်ပေမယ့် OICရဲ့မဟာဗျူဟာအရUNကပါပါ
ဝင်နေတဲ့အတွက် လူမျိုးရေးဖိနှိပ်မှု၊ဘာသာရေးနှိပ်ကွပ်မှုဆိုတဲ့လူမျိုးရေးဘာသာရေးပြဿနာအဖြစ်ကမ္ဘာအမြင်မှာဆွဲတင်ခံနေရတော့တယ်။ကမ္ဘာ့ပုလိပ်ကြီးဆိုတဲ့အမေရိကန်
တောင်9/11အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာဆော်ဒီပါဝင်ပတ်သက်မှုကိုမပြော
ရဲတာကို သတိပြုကြရပါမယ်။

အကြီးမားဆုံးလောင်းကစားပွဲ

NLDအစိုးရသစ်လက်ထက်မှာတော့
အစိုးရအဆက်ဆက်ပြည်တွင်းရေး
အဖြစ်ကြိတ်ရှင်းခဲ့တဲ့ရခိုင်ဘင်္ဂလီပြဿနာကိုUN,OICအကြိုက်နိုင်ငံတကာ
ပြဿနာအဖြစ်ရဲရဲဝန့်ဝန့်ဆွဲတင်လိုက်
ပြီးဖြေရှင်းဖို့ကြိုးစားလာပါတယ်။အငြင်းပွားမှုများစွာနဲ့ကိုဖီအာနန်ကော်
မရှင်ဖွဲ့လိုက်ပါတယ်။အလွန်အလျော်
အစားကြီးမယ့်လောင်းကစားပွဲတစ်ခုပါပဲ။နိုင်ငံတကာပြဿနာဖြစ်အောင်
ဆွဲတင်ပြီးရိုဟင်ဂျာတိုင်းရင်းသားဖြစ်
အောင်အတင်းတွန်းပို့နေတဲ့ UN,OICတို့ရဲ့အကြိုက်နိုင်ငံတကာ
ပြဿနာအဖြစ်ဖြေရှင်းတဲ့ကစားကွက်ထဲကိုစွန့်စားဝင်လာတဲ့NLDအစိုးရရဲ့ဆုံးဖြတ်ချက်ဟာရဲဝန့်တာလား၊မိုက်မဲတာလား၊သမိုင်းကမှတ်တမ်း
တင်သွားပါလိမ့်မယ်။

ဒီမိုကရေစီလူ့အခွင့်အရေးအရ ငြင်သာစွာကိုင်တွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဒီလိုက်လျောမှုကိုပျော့ညံ့တဲ့အစိုးရတစ်ရပ်လို့ ယူဆ အခွင့်ကောင်းယူပြီး အောက်တိုဘာ၉ရက်နေ့(9/10)
တိုက်ခိုက်မှုတွေနဲ့စတင်စိမ်ခေါ်လာပါ
တော့တယ်။
မောင်တောခရိုင်မှာရှိတဲ့လက်ကျန်၃%သောတိုင်းရင်းသားတွေကိုမနေရဲ
တော့အောင်ခြိမ်းခြောက်ပြလိုက်တာ
ဖြစ်သလိုလုံခြုံရေးစည်းကျိုးပေါက်ခဲ့ပြီ
ဖြစ်လို့တည်ငြိမ်မှုရှိအောင်ကိုတော်
တော်ပြန်လုပ်ယူရပါတော့မယ်။

နိုင်ငံတော်အချုပ်အခြာအာဏာ ကိုကာကွယ်နေတဲ့လုံခြုံရေးတပ်ဖွဲ့တွေကိုသတ်ဖြတ်ချေမှုန်းရင်ဒီလိုတုံ့ပြန်တာခံရမယ်ဆိုတဲ့မှတ်လောက်သားလောက်တဲ့သင်ခန်းစာရအောင်ပြတ်ပြတ်သားသားဆုံးမ မပေးနိုင်ရင်တော့ပို
ရောင့်တက်လာကြမှာဖြစ်ပါတယ်။
၈၈အရေးအခင်းကဆူပူလုယက်သူတွေကိုပစ်လေ၊အပြစ်မဲ့လူထုကိုပစ်သတ်
ကုန်ပြီလို့အော်ဖို့အသင့်စောင့်နေသူ
တွေကကြိုက်လေဖြစ်သလိုအခုပြဿနာမှာလည်းအစုလိုက်အပြုံလိုက်ပစ်သတ်နေပြီလူမျိုးတုံးနှိပ်ကွပ်နေပြီလို့ဝါဒ
ဖြန့်ဖို့ အဆင်သင့်စောင့်နေကြပါတယ်။
ဒါကိုဂရုမစိုက်လို့မရပေမယ့် အချုပ်
အခြာအာဏာအတွက်လုပ်စရာရှိတာကိုတော့ပြတ်ပြတ်သားသားလုပ်သွား
ရမှာဖြစ်ပါတယ်။

အစ္စလာမ်မစ်နိုင်ငံတွေ၊အစွန်းရောက်
အစ္စလာမ်မစ်အကြမ်းဖက်တွေရဲ့တောင့်တင်းတဲ့ထောက်ပံ့မှု၊OIC,UNရဲ့ လူ့အခွင့်အရေးအကြောင်းပြလူမျိုးရေးဘာသာရေးပြဿနာအဖြစ်အခိုင်အမာဆွဲတင်မှုတွေကြောင့်ရခိုင်ဘင်္ဂလီပြဿနာဟာအရင်လိုပြည်တွင်းရေးဆိုပြီး
ကြိတ်ရှင်းခဲ့ကြတာထက်မြုံနေတဲ့အနာကိုဆွပေးလိုက်သလိုပိုကြီးထွားလာနေပါတော့တယ်။

OICနဲ့အစ္စလာမစ်အစွန်းရောက်တွေရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။OICက ဥပဒေဘောင်ထဲကနေ UNကိုအသုံးချ၊လူ့အခွင့်အရေး၊လူသားခြင်းစာနာမှု အကြောင်းပြ ပြီး
မွတ်စလင်နယ်မြေဖြစ်အောင်လုပ်မယ်။ဘာသာရေးအစွန်းရောက်တွေကတော့ ဥပဒေပြင်ပကနေအကြမ်းဖက်တိုက်ခိုက်နည်းတွေနဲ့မွတ်စလင်ပိုင်မြေဖြစ်
အောင်လုပ်မယ်။ဘူးသီးတောင်မောင်
တောကနေခြေကုပ်ခိုင်ခိုင်မာမာရပြီးရင် တော့မြန်မာတစ်နိုင်ငံလုံးကိုဘာသာ
ရေးလူမျိုးရေးအရတဖြေးဖြေးချင်းဝါးမျိုသွားပါလိမ့်မယ်။

ရခိုင်ဘင်္ဂလီပြဿနာမှာအဖြေရှာရမှာ နည်းလမ်းသုံးခုရှိပါတယ်။
၁။ ရိုဟင်ဂျာတိုင်းရင်းသားအဖြစ်အသိ
အမှတ်ပြုရန်။
၂။ ရိုဟင်ဂျာတိုင်းရင်းသားအသိအမှတ်မပြုဘဲဘင်္ဂလီ(သို့မဟုတ်)အခြားအမည်
တစ်ခုဖြင့်၈၂နိုင်ငံသားဥပဒေကိုပြင်
ဆင်ပြီးနိုင်ငံသားလက်ခံရန်။
၃။၈၂နိုင်ငံသားဥပဒေနဲ့အညီစီစစ်ပြီး
နိုင်ငံသားလက်ခံရန်။

၈၂နိုင်ငံသားဥပဒေကိုUN,OICတို့ကသာအစကတည်းကလက်ခံခဲ့ရင်
ဒီပြသနာတွေပေါ်လာစရာအကြောင်း
မရှိတဲ့အတွက်နံပတ်တစ်နဲ့နှစ်ထဲက
တစ်ခုခုကိုသာကိုဖီအာနန်ကော်မရှင်ကရွေးချယ်ရပါလိမ့်မယ်။လူသားခြင်းစာနာမှုနဲ့အကြမ်းဖက်တိုက်ဆိုတဲ့နှစ်ဘက်ညှပ်တိုက်မှုကိုဘယ်လို
ရင်ဆိုင်ကျော်ဖြတ်မှာလဲဆိုတာ အစိုးရ
ခေါင်းခဲရမယ့်ပြဿနာဖြစ်သလို ပြည်သူလူထုစိတ်ပူနေရတဲ့ပြဿနာပါ။

NLDအစိုးရအနေနဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးဦးစားပေးဝါဒဘက်ကိုဦးစားပေးချင်တဲ့အပြုအမူတွေမြင်တွေ့ခဲ့ရသော်လည်းအမျိုးသားရေးသမားတွေ ရဲ့တုံ့ပြန်မှုတွေကိုချိန်ဆနေတဲ့သဘောမျိုးရှိနေတယ်လို့သုံးသပ်ရပါတယ်။

ဘင်္ဂလီလူမျိုးများသာနေထိုင်သောမောင်တောခရိုင်ဖြစ်သလောက်ရှိနေပြီဖြစ်လို့ ဘင်္ဂလီလူမျိုးများသာနေထိုင်သော
ဘင်္ဂလီပြည်နယ်မဖြစ်ဖို့ကိုရုန်းရတော့
မယ့်အခြေအနေပါပဲ။

အခုဘင်္ဂလားဒေ့လို့ခေါ်တဲ့နိုင်ငံဟာ
လည်းယခင်ကဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ ပါဒ နိုင်ငံတော်ကြီးပါ။အေဒီ၁၂၀၂မှာဘင်္ဂလားနယ်ရဲ့နောက်ဆုံးဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့ပဋိက္ကရား(COMILLA)ကိုမွတ်စလင်တွေ
ဝင်ရောက်ဖျက်ဆီးပြီးဝင်ရောက်လာခဲ့တယ်။လွန်ခဲ့တဲ့အနှစ်ရှစ်ရာလောက်
ကပါ။ရှေ့လာမယ့်အနှစ်ရှစ်ဆယ်လောက်မှာ
ရခိုင်ပြည်နယ် ဘာဖြစ်သွားနိုင်သလဲ ကြိုတွေးကြည့်ကြဖို့တော့လိုပါတယ်။

ဘာဘဲပြောပြော အခုအခြေအနေမှာ
တော့OIC,UNကဥပဒေဘောင်
အတွင်းကနေလူ့အခွင့်အရေး၊လူသားခြင်းစာနာမှုခေါင်းစဉ်တွေနဲ့ ဖိအားပေးထားပြီး၊အစွန်းရောက်
အကြမ်းဖက်အဖွဲ့တွေကဥပဒေပြင်ပကနေတိုက်ကွက်ဖော်နေမှုတွေက
ိုအခြေအနေဖန်တီးနိုင်မှုအပြည့်နဲ့ဟန်
ချက်ညီညီလှုပ်ရှားလာတာပီပီပြင်ပြင်
မြင်တွေ့နေရပြီဖြစ်လို့မိမိဘက်က၈၂နိုင်ငံသားဥပဒေနဲ့ပြတ်ပြတ်သားပြန်တုံ့ပြန် ကိုင်နိုင်မလား?

၈၂နိုင်ငံသားဥပဒေကိုပြင်ဆင်ပြီး ဘင်္ဂလီသို့မဟုတ် အခြားအမည်တမျိုးနဲ့
နိုင်ငံသားဖြစ်ခွင့်ပေးမလား?

"ရိုဟင်ဂျာ ဆိုတာချိုနဲ့လား"ဆိုတဲ့ ဘဝကနေဖဆပလပါလီမန်ဒီမိုကရေစီခေတ်ကလို ရိုဟင်ဂျာ တိုင်းရင်းသား
အသံလွှင့်ဋ္ဌာနတွေပြန်ဖွင့်လာအုံးမလား?........

လား သုံး လားမှာ ဘယ်ဘက်ကို
လားမလဲဆိုတာကတော့ဆက်စောင့်
ကြည့်ကြရအုံးမှာဖြစ်ပါတော့တယ်။ ။
-
Credit - Thaung Aye

No comments:

Post a Comment