နိရဉ္စရာ၊ အောက်တိုဘာ ၁၀
မောင်တောင်မြို့နယ် မြောက်ပိုင်း ရခိုင်ရွာ ခြံပြင် အရှေ့ဘက် ဦးရှဥ့်ကျ ဘင်္ဂလီရွာသားများမှ တပ်မတော် ကင်းလှည့်တပ်ဖွဲ့ တစ်ခုမှ သေနတ်လုရန် ကြိုးပမ်းသဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၁၀ ခန့်က တပ်မတော် စစ်ကြောင်းတစ်ခုမှ တပ်ဖွဲ့အင်အား ၂၀ ခန့် ဦးရှဥ့်ကျ ရွာအတွင်း ကင်းလှည့်နေစဉ် ရာနှင့်ချီသော ဘင်္ဂလီရွာသားများက ၀ိုင်းဝန်းပြီး သေနတ်လုရန်ကြိုးစားသဖြင့် ကာပစ် ပစ်ကာ နောက်ဆုတ်လာရသည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။
ယခု တပ်မတော်သားများကို ဦးရှဥ့်ကျကျေးရွာအနီးရှိ ရေမျက်တောင် တိုင်းရင်းသား ကျေးရွာသို့ ဆုတ်လာရသည်ဟု သိရသည်။
ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ငခူရကျေးရွာသား တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။
အာဏာပိုင်များမှပြန်လည် ဖြေကြားမည့်သူ မရှိသဖြင့် ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာမှ သီးခြား အတည်ပြုချက်ရယူနိုင်ခြင်း မရှိပါ။
Fb
No comments:
Post a Comment