ကျနော်ကတော့ Weapon War ကိုလက်မခံပါ။ Brain War ပဲလက်ခံပါရေ။ Brain War ဆင်နွဲဖို့ စည်းကမ်းပြည့်ဝရေပညာတတ်များများမွေးထုတ်ပီးနိုင်ဖို့လိုပါရေ။
ရခိုင်မျိုးချစ်၊ ရခိုင့်နွယ်ဝင်၊ သာဂီမျိုး ဆိုပြီးကေ လက်သီးလက်မောင်းတန်းလို့ မျိုးချစ်ကြောင်းကို ကိုယ်ရည်သွေးနိန်လို့မရပါ။ အယင်ဆုံးကိုယ့်အိမ်ကသားသမီးကို နိုင်အာင်ထိန်းဖို့ကြိုးစားကတ်ပါ။ ယင်းမျိုးချစ်တိပြောနိန်ကတ်တေ ရခိုင့်နိုင်ငံတော်ဆိုစော်ကို ပညာတတ်များများစားစားထုတ်ပြနိုင်မှ တည်ထောင်လို့ရပါဖို့။
အဂုကမိဖတိက ရခိုင်မျိုးကို ချစ်ကြောင်းဇာတိသွေး ဇာတိမာန်ပြလို့ သားသမီးတိက ဘောလုံးပွဲ၊ ဘိလိယက်ခုံရောက်လို့။ ချန်ပီယံလိဂ်ပွဲ၊ ယူရိုပါလိဂ်ပွဲ၊ ပရီးမီးယားလိဂ်ပွဲ ညည့်ပြပြ၊ ညဇာသားပြပြ ပရိတ်သတ်စော် ကျောင်းသားတိပါယာ။ ဘိယက်ခုံကိုလာကြည့်လိုက် ဖဲချပ်ကိုယ်စီကိုင်လို့။
ယင်းအတွက်နဲ့ ရခိုင့်နိုင်တော်ကိုတည်ထောင်ချင်ကေ ကိုယ့်သားသမီးကို နိုင်အောင်ထိန်းလို့။ ရခိုင့်နိုင်တော်ကို ကိုယ်ရို့ခေတ်မှာ မတည်ထောင်နိုင်ကေလည်း ငရို့သားသမီးတိခေတ်မှာ တည်ထောင်နိုင်အောင် ကိုယ့်ရို့သားသမီးတိကို စည်းကမ်းပြည့်ဝရေ ပညာတတ်တိအဖြစ် ကိုယ်ကပြုပြင်ပနာ ရခိုင်မျိုးကိုချစ်ကတ်ပါ လူရို့။
> Zaw Ko [fb] မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment