---------------------------------------------
စက်တင်ဘာလ ၁၇ ရက်နေ့က ဟားဗတ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်း စုကြည် ဆုယူဖို့ လာတဲ့အချိန်မှာ ဟားဗတ်ကျောင်းသား အများအပြားရဲ့ ကန့်ကွက်ဆန္ဒပြခြင်းကို ခံခဲ့ရပါတယ်။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဆုကို ဟားဗတ်တက္ကသိုလ် သိပ္ပံဆောင်ခန်းမ၌ ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူချိန် အဆောက် အဦအပြင်ဘက်မှာ နိုင်ငံပေါင်းစုံမှ ကျောင်းသားအများအပြား ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူများက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အနေဖြင့် ပြည်တွင်းငြိမ်းချမ်း ရေးပင် မလုပ်နိုင်ကြောင်း၊ ပဋိပက္ခ များမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရက အသံတိတ်နေကြောင်းနဲ့ ယခုရရှိတဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဆုနဲ့မထိုက်တန်ကြောင်း ရေးသားထားတဲ့ စာတန်းများကိုကိုင်ဆွဲပြသ ခဲ့ကြပါ တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးမလုပ်နိုင်တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကို ဟားဗတ်ဖောင်ဒေးရှင်းက ဆုပေးအပ်ခြင်းမှာ မထိုက်တန်ကြောင်း အော်ဟစ်ကန့်ကွက်ခဲ့ကြပါတယ်။
အခြားအချိန်များက ဆန္ဒပြခံရလျင် သွားရောက်တွေ့ဆုံ မေးမြန်းတာမျိုး ရှိခဲ့ပေမယ့် ဒီတစ်ကြိမ် ဆန္ဒပြခံရချိန် မှာတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မေးမြန်းခြင်းမရှိဘဲ ကားနဲ့ အမြန်ထွက်ပြေးသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိခဲ့ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးရအောင် လုပ်ဆောင်နိုင်မှု လုံးဝမရှိခဲ့သလို ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသား ဒေသတွေက စစ်ဘေးရှောင်စခန်းတွေကို လုံးဝသွားရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဟားဗတ်ကျောင်းသားများလိုပဲ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားတွေ ကလည်း ကျေနပ်မှုမရှိကြောင်း သိရပါ တယ်။ ကချင်ဒုက္ခသည်များအရေး ဆောင်ရွက်သူ ဒေါ်မေရီတောင်က “ကချင်ပြည်နယ်မှာ၂၀၁၁စစ်ဖြစ်ကတည်းကဒီ၅နှစ်ကျော်ကာလအတွင်းမှာ
ကချင်စစ်ပြေးဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးဘာတစ်ခုမှ ပြောတာမျိုးကိုကြား မိတာမရှိဘူး။ဒီလိုမျိုးအခြေအနေတွေဖြစ်နေတဲ့အချိန်မှာဒီဆုကိုဒီလိုပေးလိုက်တဲ့အတွက်ဒုက္ခသည်တွေကိုကူညီပေးနေတဲ့သူတစ်ဦးအနေနဲ့ကတော့အရမ်းအံ့သြတယ်”လို့ ဆိုပါတယ်။
ရန်ကုန်အခြေစိုက်ရှမ်းလူငယ်အဖွဲ့အစည်းဥက္ကဋ္ဌကိုစိုင်းအောင်မြင့်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် လူမှုရေး အလွန်အားနည်းပြီး ဆုနဲ့မထိုက်တန်ဘူး လို့ဆိုပါတယ်။ “ကျနော်တို့ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်မှာဆိုရင်ဒုက္ခသည်တွေရှိတယ်။
အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဆီက စကားတစ်ခွန်းမှ ထွက်မလာ သေးဘူး။သူတို့ဘာနဲ့တိုင်းတာပြီးတော့ ပေးတယ်ဆိုတာမသိပေမယ့် မဖြစ်သင့်သေးဘူး”လို့ ဆိုပါတယ်။
တိုင်းရင်းမီဒီယာ သတင်းဌာနဖြစ်တဲ့ ချင်းဝေါလ်မှ ထုတ်ဝေသူ ဆလိုင်းမာန်း ကတော့ “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆုပေးတိုင်း မယူသင့်ဘူးလို့ ကျွန်တော်ယူဆတယ်။ လူတွေအမြင်မှာ နိုင်ငံရေးလုပ်တာ ဆုယူနိုင်ငံရေး လို့ ယူဆကုန်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိချိန်က မေးခွန်းထုတ်မှု များသာရှိခဲ့ပေမယ့် အခုနှစ် လူသားချင်းစာနာမှုဆုရရှိချိန်မှာ တော့ မေးခွန်း ထုတ်မှုများသာမက ဆန္ဒပြမှုပါခံနေရတာဖြစ်ပါတယ်။ အထူး သဖြင့် တိုင်းရင်းသားအများအပြားက မကျေမနပ်ဖြစ်နေပြီး အမေရိကန်ခရီး စဉ်မှအပြန် ဆန္ဒပြဖို့ ပြင်ဆင်နေ ကြောင်း သိရပါတယ်။
တော်ဝင်ငြိမ်းမောင်
*********************************
မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ဟားဗတ် တက္ကသိုလ် ဖောင်ဒေရှင်းက "လူသားချင်းစာနာ ထောက်ထားရေးဆု"ပေးအပ် သည့်အပေါ် ဟားဗစ် အစ္စလာမ္မစ် အသိုင်းဝိုင်း ကန့်ကွက်။ ။
-----------------------------------------------------------------------------------------------------------------
(September 18, 2016)
မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ဟားဗတ် တက္ကသိုလ် ဖောင်ဒေရှင်းက လူသားချင်းစာနာ ထောက်ထားရေးဆု ပေးအပ်သည့်အပေါ် ဟားဗစ် အစ္စလာမ္မစ် အသိုင်းဝိုင်း ကန့်ကွက်ခဲ့ကြောင်း သတင်းရ ရှိပါတယ်။ မွတ်ဆလင် ကျောင်းသားတွေနဲ့ အဖွဲ့စည်းတွေ ဟာ ဟားဗတ် တက္ကသိုလ် ဖောင်ဒေရှင်းက ဒေါ်အောင်ဆန်း စုကြည်အား 2016 ရဲ့ လူသားချင်းစာနာ ထောက်ထားရေးဆု အတွက် ရွေးချယ်ခဲ့မှု အား ကန့်ကွက်ခဲ့ တယ်လို့သိ ရပါတယ်။ [MUSLIM students and groups are protesting Harvard Foundation’s selection of Myanmar (Burma) leader Aung Sang Suu Kyi for the “2016 Humanitarian of the Year” award, saying she has done nothing to address the persecution of the Rohingya Muslim minority in her country.]
ပြီးခဲ့တဲ့ စနေ နေ့က ဟားဗတ် တက္ကသိုလ် ဖောင်ဒေရှင်းက ဒေါ်အောင်ဆန်း စုကြည်အား 2016 အတွက် "လူသားချင်းစာနာ ထောက်ထားရေးဆု"ပေးအပ် တဲ့ အခန်းအနား ကျင်းပနေ စဉ်အချိန်တွင်း ဟားဗတ် တက္ကသိုလ် အစ္စလာမ္မစ် အသိုင်းဝိုင်း (Harvard Islamic Society) မှ ကျောင်းသားများဟာ အပြင်ဘက်မှာ ကန့်ကွက်ဆန္ဒပြရန် ရပ်စောင့် နေခဲ့တယ်လို့ သိရပါတယ်။ [The Harvard Foundation named Nobel laureate and Myanmar leader Aung San Suu Kyi its 2016 Humanitarian of the Year in a ceremony Saturday, while students from the Harvard Islamic Society stood outside to protest what they consider her silence toward the country’s persecuted Muslim minority.]
Credit by: Nyein Chan Aung
=====================================================================
အထက်ပါသတင်းနှင့်ပက်သက်၍ အငြင်းပွား လိုသူများအတွက် သက်သေ အဖြစ် သတင်းမူရင်း လင့်များကို ဖော်ပြ ထား ပါတယ်ခင်ဗျာ။
Reference:
Muslim Students Criticize Selection of Myanmar Leader for Humanitarian Award
http://www.thecrimson.com/article/2016/9/17/students-criticize-suu-kyi/
Muslims rail against Harvard as Suu Kyi named ‘Humanitarian of the Year’
https://asiancorrespondent.com/2016/09/muslims-rail-harvard-suu-kyi-named-humanitarian-year/
Nobel Laureate Aung San Suu Kyi Receives Humanitarian Award As Students Protest Outside
http://www.thecrimson.com/article/2016/9/19/suu-kyi-humanitarian-award/?utm_source=thecrimson&utm_medium=web_primary&utm_campaign=recommend_sidebar
်>CREDIT; Original Uploader
No comments:
Post a Comment