Monday, April 18, 2016

ရသေ့တောင်မြို့နယ် ဆားပြင်ကြီးရွာတွင် သောက်သုံးရေအကူအညီများ လိုအပ်နေ

ရွှေရအောင်(တောင်ကုတ်)
ရန်ကုန် ဧပြီ ၁၈ ရက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ဆားပြင်ကြီးရွာတွင် သောက်သုံးရေများ မသန့်ရှင်းသဖြင့် သောက်ရေ သုံးရေများ အကူအညီ လိုအပ်နေကြောင်း ရွာသားများက သတင်း ပေးပို့သည်။

ယခုကဲ့သို့ ရေအခက် အခက်အခဲကျရောက်နေသည်မှာ တစ်လနီးပါရှိနေပြီဖြစ်ကြောင်း သိရသည်။

ရေအခက်အခဲ ကျရောက်နေရခြင်းနှင့် ပတ်သက်ပြီး ဆားပြင်ကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်အောင်က "ရေရှားသလား ဆိုတော့ သောက်သုံးဖို့ ရေလုံးဝ မရှိပါဘူး။ ရေက နောက်ကျိနေတော့ သောက်ဖို့ ကိုကား သုံးရတာတောင် အဆင်မပြေဘူး။ ဒါကြောင့် သောက်ရေကို ကျွန်တော်တို့ရွာသားတွေက တစ်ခြားကျေးရွာထိ သွားခပ်နေကြရပါတယ်” ဟု ပြောသည်။

သောက်ရေရရှိရန် အတွက် ရွာမှ ခြေကျင် ၁ နာရီကျော်လောက် သွားရသော ညောင်ပင်လယ်ရွာထိ သွားရောက် ရေခပ်နေကြရသည်ဟု ဆိုသည်။ 

တစ်ရွာလုံးတွင်  ၇ ပေအနက် အလျား၆၀ အနံ ၈၀ ကန်တစ်ပဲရှိပြီး ယခုအခါ ရေကန်တွင် ရေမရှိတော့ကြောင်း သိရသည်။  ရေတွင်းများမှ ရေကို အသုံးပြုရာတွင် ရေအရောင်မှာ နီကြန်ကြန် ဖြစ်နေပြီး  ရေထဲတွင် အငံဓာတ်များ ပါသဖြင့် သောက်သုံး၍ မရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှုးက ဆက်ပြောသည်။

ဆားပြင်ကြီးရွာဟာ အိမ်ခြေ ၂၈၀ ကျော်ရှိပြီး ယခုအခါ ရေအခက်အခဲများနှင့် ကြုံတွေ့နေကြရဖြင့် ရေအကူအညီများ လိုအပ်နေကြောင်း သိရသည်။

No comments:

Post a Comment