-----------------------------
စစ်တွေ၊ မတ် ၉
ကျောင်းတွင်းမှ ဖြေဆိုသူ ၁၉၂၅၈ ဦး( ကျား-၉၃၄၇ ၊ မ -၉၉၁၁ ) ကျောင်းပြင်ပမှ ဖြေဆိုသူ ၁၇၉၅၃ ဦး( ကျား- ၈၈၇၅ ၊ မ -၉၁၇၈ ) စုစုပေါင်း ကျား ၁၈၁၁၂ ဦးနှင့် - မ-၁၉၀၈၉ ဦးတို့ ဖြစ်ရာစာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်ပြီး ဖြေဆိုခွင့်ရထားသူ စုစုပေါင်း ၃၇၂၁၁ ဦးတို့ရှိခဲ့ရာ ဖြေဆိုရန်ပျက်ကွက်သူ စုစု ပေါင်း ၂၃၉၀ ဦး ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှသိရှိရသည်။
အများဆုံးပျက်ကွက်တာကတော့ စစ်တွေမြို့နယ်မှာ အများဆုံးပါ့။ ကျောင်းတွင်းကဖြေတဲ့သူတွေကတော့ ပျက်ကွက်တာ မရှိသလောက်ပေါ့။အပြင်က လျှောက်ထားသူတွေအဓိက အများပါတယ်။ သူတို့က အိမ်ထောင် ကျတာ၊ နိုင်ငံခြားကို ထွက်သွားတာတွေလည်းရှိနိုင်တယ်။ နောက်တစ်ခုက ဖြေချင်လည်းဖြေမယ်၊ မဖြေချင် လည်းမဖြေဘူးဆိုပြီးေ လျှာက်ထားကြသူတွေလည်းရှိမယ်လို့ သုံးသပ်မိပါတယ်။ ကျောင်းသားတွေက တော့ အေးအေးချမ်းချမ်းနဲ့ ပထမနေ့မှာ ဖြေဆိုနိုင်ခဲ့ကြပါတယ်” ဒု ညွှန်ကြားရေးမှူး၊ ဦးစိန်ထွန်းလှက ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ် အတွင်း မြို့နယ် (၁၇) မြို့နယ်တွင် စာစစ်ဌာန ၁၀၄ ခု ဖွင့်လှစ်စစ်ဆေးခဲ့ရာ ယခုနှစ်တွင် စာစစ်ဌာန (၁၅) ခုထိ တိုးချဲ့ ဖွင့်လှစ်ထားခဲ့ကြောင်းနှင့် စာမေးပွဲ ပထမနေ့တွင် ကျောင်းသားများအားလုံး အောင်မှတ်ပြည့်အောင်ဖြေဆိုနိုင်ခဲ့ကြောင်း ကျောင်းသားများထံမှသိရှိရသည်။
အလားတူစွာပင် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးကျေးရွာတွင် စာစစ်ဌာန တစ်ခု တိုးချဲ့ခဲ့သဖြင့် ပလက်ဝမြို့ မှ စာစစ်ဌာန (၄) ခုအပါအ၀င် ရခိုင်ပြည်နယ် ပညာရေးဌာနအောက်တွင် စာစစ်ဌာန ၁၀၈ ခုရှိကြောင်းနှင့် ပလက်ဝမြို့နယ် တွင် ကျောင်းသား ၁၁၈၅ ဦး ဖြေဆိုခွင့်ရရှိခဲ့ကြောင်းလည်းသိရှိရသည်။
သန်းလှိုင်(စစ်တွေ)
No comments:
Post a Comment