Wednesday, March 2, 2016

အုန်းကျွန်း

တစ်ချိန်က ရခိုင်အပိုင်အုန်းကျွန်း၊ အခုတော့ ဘင်္ဂလာရဲ့ အဓိက အပန်းဖြေလည်ပတ်စရာနေရာ
===========================
နိရဉ္စရာ၊ မတ်လ ၂

နတ်မြစ်ဝမှာရှိတဲ့ အုန်းကျွန်းဟာ တစ်ချိန်က ရခိုင်ပိုင်ခဲ့တဲ့ ကျွန်း တစ်ကျွန်းဖြစ်ပြီး အခုအခါမှာတော့ ဘင်္ဂလာဒေ့ရှ် ပိုင်နက်ထဲက ကျွန်းတစ်ကျွန်း ဖြစ်သွားခဲ့ပါပြီ။ အုန်းကျွန်းဟာ အဲဒီနိုင်ငံရဲ့  လူအများဆုံး စိတ်ဝင်စားစရာ နေရာ တစ်ခုနဲ့ အဓိက လည်ပတ် အပန်းဖြေစရာ နေရာတစ်ခု ဖြစ်လာနေပါတယ်။

တစ်ချိန်က အဲဒီကျွန်းမှာ ရခိုင်လူမျိုးတွေဟာ ငါးရှာ၊ ကဏန်းနှိုက်၊ ရခိုင်အခေါ် ဂုံး (မြန်မာအခေါ် ပင်လယ်ခရုတွေ) ကောက်တဲ့ ကျွန်းတစ်ကျွန်းပါ။

ကျွန်းတစ်ခုလုံးမှာ အုန်းပင်တွေစီစီရီရီ ပေါက်ရောက်ပြီး အုံဆိုင်းနေတဲ့အတွက် ရခိုင်တွေက အုန်းကျွန်းလို့ ခေါ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်ကတော့ ဒီကျွန်းကို အင်္ဂလိပ်တွေ အမည်ပေးခဲ့တဲ့ St Martin Island ကျွန်းလို့ အခုထက်တိုင်ခေါ်ဝေါ်နေပါတယ်။

အဲဒီကျွန်းဟာ အလွန်သာယာလှပပြီး ကမ်းစပ် မှာ ကျောက်ဆောင် ကျောက်တန်းတွေနဲ့ ပင်လယ်ရေတွေဟာလည်း ကြည်လင်နေတဲ့ အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ အဓိက လည်ပတ်စရာ ခရီးသွား စင်တာ တစ်ခု ဖြစ်လာနေပါတယ်။

အခု မြင်နေရတဲ့ သင်္ဘောသုံးစင်းဟာ ခရီးသည် အပြည့်နဲ့ နတ်မြစ်ကမ်းခြေ ဒုံဒုံကျကနေ အုန်းကျွန်းကို နေ့စဉ် ခရီးသည်တွေကို ပို့ဆောင်နေတဲ့ သင်္ဘောတွေ ဖြစ်ပါတယ်။

ဒီကျွန်းကို ခုချိန်မှာ ပိုင်ဆိုင်ခွင့်မရှိတော့ပေမယ့်  ဘယ်အချိန်က ဘင်္ဂလာဒေ့ရှ် လက်ထဲကို ရောက်သွားတယ်ဆိုတာကိုတော့ ရှေးမီ နောက်မီ ပုဂ္ဂိုလ်တွေ အနေနဲ့  မှတ်တမ်းတင်ထားဖို့ လိုအပ်နေပါတယ်။

No comments:

Post a Comment