ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအတွက် အမေရိကန်ဒေါ်လာ ငါးသန်း
အကူအညီပေးခြင်းနှင့်ပတ်သက်၍ အမေရိကန်သံရုံးကကြေညာခြင်း
(ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆)
မြန်မာပြည်သူလူထုကို အကူအညီပေးရေးအတွက် ထားရှိသော မိမိတို့၏ ကတိကဝတ်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်သည့် အနေဖြင့် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ မှ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းအစီအစဉ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါသည်။ ဤအစီအစဉ်အားဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဘေးသင့်လူမှုအသိုက်အဝန်းများ၊ နေရပ်ပြောင်းရွှေ့ဒုက္ခသည်များနှင့် ဆင်းရဲ နွမ်းပါးသူများအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စောလျှင်စွာ ပြန်လည်ထူထောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာငါးသန်းကို ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။ လုပ်ငန်းအစီအစဉ် ဆောင်ရွက် လာနိုင်သည်နှင့်အမျှ အိမ်ထောင်စု ၉,၀၀၀ သို့မဟုတ် လူဦးရေ ၄၅,၀၀၀ ခန့်မှာ အခြေခံ ဝန်ဆောင်မှုများ၊ ဈေးကွက်၊ အခြေခံ အဆောက်အအုံ နှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုလက်လှမ်းမှီ လာမည်ကို မြင်တွေ့ရမှာ ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းများသည် ၎င်းတို့ကိုယ်တိုင် မိမိတို့၏ လိုအပ်ချက်များနှင့် အရေးတကြီးဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍများကို ဖော်ထုတ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစီးဖော်ဆောင်ရမည်ဖြစ်ပါသည်။ ဤအချက်သည် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက ချမှတ်၍ ကမ္ဘာတစ်ဝန်း၌ ဖော်ဆောင်နေသည့် ခွဲခြားဆက်ဆံမှုမရှိခြင်း၊ အားလုံးပါဝင်နိုင်ခြင်း၊ ပွင်လင်း မြင်သာမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်း နှင့် အရပ်ဘက်စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ဒေသတွင်း အခြေအနေ များကို အသိပေး လေးစားလိုက်နာ ဆောင်ရွက်ခြင်း စသည့်မူများနှင့်လည်း ကိုက်ညီမှုရှိပါသည်။
ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုက်အဝန်းများအားလုံး၏ လူနေမှုဘဝအရည်အသွေးများ တိုးတက်ရေးအတွက် အမေရိကန်သံရုံးက နိုင်ငံတကာအဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဤသို့ ဖော်ဆောင်ရာတွင် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အခြေခံ အဆောက်အအုံများ တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ ပညာရေးအခွင့်အလမ်းများ တိုးချဲ့မြှင့်တင်ပေးခြင်း၊ အားလုံးအတွက် ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှု အခွင့်အရေးများ ပံ့ပိုးပေးခြင်းတို့အပြင် လူ့အသိုက်အဝန်းများအကြား ယုံကြည်မှု တည်ဆောက်ရေးတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခြင်းတို့လည်း လိုအပ်ပါသည်။
မြန်မာနိုင်ငံသားအားလုံး၏ အလားအလာကောင်းများစွာကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ကူညီအားပေးနိုင်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် အခြားသော ပြည်တွင်း နှင့် နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
U. S. Embassy Announces $5 Million Assistance for Communities in Rakhine State
February 17, 2016
As part of our ongoing commitment to the people of Myanmar, the United States Agency for International Development (USAID) has begun a program in Rakhine State to provide $5 million to support livelihoods and early recovery to communities affected by conflict, displacement, and extreme poverty. Over time, about 9,000 households, or roughly 45,000 people, will see improved access to basic services, markets, infrastructure and economic opportunity.
Communities in Rakhine State themselves will lead the recovery effort, identifying their own needs and priorities. This is consistent with USAID’s operating principles around the world of non-discrimination, inclusivity, transparency, accountability, and civic empowerment, informed and respectful of local conditions.
The U.S. Embassy is working closely with the international community to improve the quality of life of all communities in Rakhine State. This will require creating economic opportunity and development; improving basic infrastructure; developing and expanding access to education, health and livelihoods for all; and facilitating trust building between communities.
USAID will also continue to work closely with other domestic and international donor agencies to support the people of this country to fully realize their enormous potential.
>US Embassy [fb] မှ ကူးယူဖော်ပြသည်။
Wednesday, February 17, 2016
အမေရိကန် သံရုံး၊ ရခိုင်ပြည် နှင့် ဒေါ်လာ ငါးသန်း
Location:
Mrauk-U, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment