Saturday, February 20, 2016

တေးရေးဆရာ မြင့်မိုးအောင် ဖြေပေးစေလိုပါသည်



စာပဲရေးရေး၊ ကဗျာဘဲရေးရေး၊တေးသီချင်းပဲရေးရေး၊ ဒီအလုပ်ကိုကိုယ်တိုင်ဖန်တီးဖူးတဲ့သူတိုင်းဟာ ဒီအလုပ်ရဲ့ အတိမ်အနက်ကိုသိကြပါတယ်။စကားလုံတွေ နှင့် သံစဉ်တွေလောက်နှင်မပြီးဘူ့း၊ အနက်အဓိပ္ပါယ် မိမိရရ ဆိတ်ဆက်၊ ပိုင်ပိုင်နိုင်နိုင်၊နက်နက်ရှိုင်းရှိုင်း ဖော်ပြနိုင်မှ စံဝင်တဲ့တေးသီချင်းတစ်ပုဒ်၊ လူအများ လက်ခံတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်လာတယ်ဆိုတာကို ဆရာမြင့်မိုးအောင်လုံးဝလက်ခံမယ်လို့ယုံကြည်ပါတယ်။
တေးသီချင်းတွေမှာလည်း ဂုဏ်အင်္ဂါအတန်းအစား အမျိုးမျိုးရှိပါတယ်။  ကော်ပီသီချင်းနှင့် ကိုယ်ပိုင် သံစဉ်သီချင်းတွေပါ။ကော်ပီသီချင်းတွေကတော့ အထူးသဖြင့်နိုင်ငံခြားတိုင်းပြည်တွေက လူတစ်ဦး တစ်ယောက်ဖန်တီး ထားပြီးသား သံစဉ်မှာ မိမိတို့ကြိုက်နှစ်သက်တဲ့ စကားလုံးတွေနှင့် ထိုဒေသက ဒေသခံတွေအတွက် ထပ်မံဖန်တီး ပေးတာဖြစ်ပါတယ်။ အဲဒီ တစ်ခြားလူတစ်ဦးတစ်ယောက်က ရှာဖွေဖန် တီးတားတဲ့ သံစဉ်တွေကိုယူသုံးပြီး ခပ်တည်တည် ဒီက ကိုယ့်ဘာသာစကားလေသံတွေ ထပ်မံဖြည့်တင်းပြီး တေးရေးဆရာဆိုတဲ့နေရာမှာ ဘာသာစကား၊စာလုံးတွေထည့်တဲ့လူက ယူထားလိုက်တယ်၊ အချက်ဟာ မူပိုင်ခွင့်ကိုချိုဖောက်ရာ ရောက်ပါတယ်၊ ဦးနှောက်ကိုဖောက်စားတာဖြစ်ပါတယ်။ နိုင်ငံတကာလူ့ အဖွဲ့အစည်းမှာ ဒီလိုမျိုး လုပ် ဆောင်မှု တွေဟာ Copy Rights ချိုးဖောက်မှုနှင့်အကျုံးဝင်တာမို့ မလုပ်ရဲကြပါ ဘူး၊ လုပ်လည်းမလုပ်ကြပါဘူး။ ယဉ်ကျေးတဲ့လူ့ အသိုင်းဆိုတာဒါပေါ့။ မြန်မာနိုင်ငံမှာကတော့ ယခင်က မူပိုင်ခွင့်နှင့် ပတ်သက် လို့သိပ်ကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်လုပ်ဆောင်ခဲ့တာတွေမရှိမဟုတ်၊ ရှိတယ် ဒါပေမယ့် ရှားတယ်။
ဒီလိုဖြစ်နေတော့လုပ်တဲ့လူတွေကလည်းလုပချင်တာလုပ်ယင်း၊လွတ်နေကြတာပေါ့။ တရားဥပဒေကြောင်းအရ တင်းတင်းကျပ်ကျပ် ကိုင်တွယ်လုပ်ဆောင်ခဲ့မှုတွေနည်းနေတယ်။ အဲဒါကြောင့် တစ်ချို့သော အဆိုတော်ကြီး တွေ နိုင်ငံတကာမှာလုပ်တဲ့ Stage Show ပွဲတွေမှာ ကော်ပီသီချင်းတွေဆိုဖို့တွန့်ကြတာပေါ့။ သူတို့နိုင်ငံမှာ မရဘူးလေ။ မူပိုင်ခွင့်နှင့်သေသေချာချာကိုင်ထားတာဘဲ။
ခုကိစ္စကလည်း ကျွန်တော် ဆရာမြင့်မိုးအောင်အပေါ်မှာ ဘာမှရှိလို့မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးနှင့် ဆိုင်တဲ့ကိစ္စလေးတစ်ခုဖြစ်နေလို့ပါ၊ ဆရာမဟုတ်ခဲ့ ဘဲနှင့် ဆရာ့မှာတာဝန်ရှလာမှာကိုလည်းမလိုလားတာမို့ ကျွန်တော်ရဲ့ ကိုယ်ပိုင် page လေးထဲက သူငယ်ချင်း အသိုင်းအဝိုင်းနည်းနည်းလေးမှာဘဲ စတင်သတင်းပေးလိုက်တာပါ။
ဗုဒ္ဓပူဇနိယတေးသီချင်းဟာ  ၁၉၈၇ ခုနှစ်ထုတ် ရခိုင်ပြည်နယ်၊ ပြည်သူ့ကောင်စီ၏ ပြည်ထောင်စုပွဲဝင်၊ ရိုးရာရခိုင်သီချင်းများ စာအုပ်မှာပါရှိတဲ့ ၁၉၆၆ ခုနှစ် (၁၉) နှစ်မြောက် ပြည်ထောင်စုနေ့မှာ ရခိုင်ပြည်နယ် ကိုယ်စားပြု တင်ဆက်ကပြခဲ့တဲ့ ဗုဒ္ဓပူဇနိယယိမ်းအကမှ သီချင်းပါ၊ ဒီစာအုပ်ကို ၁၉၈၇ ခု ဖေဖော်ဝါရီလမှာ - အမှတ် ၆၈/ ၁၆၅ လမ်း၊ ပုံနှိပ်တိုက်အမှတ်-(၀၂၂၆၈) က စာမူခွင့်ပြုချက်အမှတ်-(၁၀၁၀) ဖြင့် ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီအတွင်းရေးမှုးးဦးထွန်းမြဦး က (ပထမအကြိမ်) ထုတ်ဝေခဲ့တဲ့စာ အုပ်မှာပါ ရှိပါတယ်။ တစ်ခြားမှတ်တမ်းတွေလည်းအများကြီးပါဘဲ။
ဒီသီချင်းရဲ့အနက်အဓိပ္ပါယ်ကလည်း ဗုဒ္ဓမြတ်စွာ ဘုရား၊ ဘုရားရဲ့ တပည့်သားသံဃာတော်အစရှိတဲ့ အနန္တော အနန္တငါးပါးကို ဖော်ကျူးစပ်ဆိုထားတဲ့ ရခိုင့်ဂန္ထဝင်ဓမ္မပူဇာတေးတစ်ပုဒ်ပါ။
ရခိုင်တိုင်းရင်းသားတွေအနေနှင့် ဘာသာတရားကို မြတ်နိုးခိုလှုံ ယုာံကည် ဆည်းကပ်ကြပုံကို အလွန်ဂန္ထ ဝင်ဆန်ဆန်၊ ဒေသခံ ရခိုင်ရိုးရာဂီတတူရိယာတွေနှင့် လှလှပပ၊ နွဲ့နွဲ့နောင်းနောင်း သာယာတဲ့သံစဉ်တွေနှင့် ဖွဲ့သီထားတဲ့ ဓမ္မအနှစ်သာရအပြည့်အဝရှိတဲ့ ရခိုင်တေးသီချင်းတစ်ပုဒ်ပါ။ တေးရေးဆရာက ဦးဦး ဘသာ ဖြစ်ပါတယ်။
ခု  မြန်မာနိုင်ငံက နာမည်ကျော်အဆိုတော် ချမ်းချမ်းသီဆိုတဲ့ အိပ်မက်ဗုဒ္ဓပူဇနိယ ဆိုတဲ့အမည်နှင့်တေးသီချင်းတစ်ပုဒ်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာစတင်ကြားမိခဲ့တယ်၊ အမှတ်မထင်၊ ရခိုင်သီခြင်းကို ဗမာအသံနှင့် ပြန်ဆိုပူဇော်ထား တော့ကောင်း တာပေါလို့ဘဲ ခပ်ပေါ့ပေါ့လေးတွေးမိခဲ့တယ်။
ဒီလိုနှင့်ဘဲနေလာခဲ့တာ မကြာခင်လများက facebook page တစ်ခုမှာ  အဆိုတော် ချမ်းချမ်းသီဆိုတားတဲ့ ဒီသီချင်းနှင့် ပတ်သက်လို့ဖေိာပြထားတဲ့ စီဒီကြော်ငြာမှာဖော်ပြထာတဲ့ ဒီသီချင်းကိုရေးတဲ့ တေးရေးဆရာဟာ မြင့်မိုးအောင်လို့ဖော်ပြပါရှိနေတဲ့အတွက် ဒီသီချင်းကို ဆရာမြင့်မိုးအောင်အနေနှင့် အမှန်တကယ် ရေးမရေးကို အဖြေပေးဖို့လိုလာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆရာမြင့်မိုးအောင်ရေးထားတယ်လို့ဖော်ပြထား တဲ့ဗုဒ္ဓပူဇနိယတေးသီချင်းရဲ့ သံစဉ်နှင့်စာသားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀) ကျော် က ရေးသားခဲ့တဲ့ ဦးဘသာရဲ့ ပြည်ထောင်စုပွဲဝင် ဗုဒ္ဓပူဇနိယတေးသီခြင်းနှင့်လုံးဝတူနေလို့ ပါဘဲ။
ဆရာမြင့်မိုးအောင်အနေဖြင့် နိုင်ငံတကာမှ နိုင်ငံခြားသီချင်းအမျိုးမျိုးကို ဗမာသီချင်းအဖြစ် စကားလုံးပြောင်းပြီး ဗမာသီချင်းဖန်တီးးခြင်းကို လက်ခံနိုင်ပေမယ့် ရခိုင်လူမျိုးတို့ရဲ့ ဘာသာရေးယုံကြည်မှုနှင့်ဆိုင်တဲ့ အမျိုးသားရေးတေးတစ်ပုဒ်ကို ဗမာသီခြင်းအဖြစ် ဗမာသံဖြင့် ပြောင်းဆိုတာကိုရခိုင်တွေအနေနှင့် ခွင့်ပြုနိုင် ပေမယ့် တေးရေးဆရာရဲ့ နေရာမှာ ဆရာမြင့်မိုးအောင် ရှိနေခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဆရာမြင့်မိုးအောင် ဖြေကြားပေးစေလိုပါတယ်။
ဒီသီချင်းဟာ သာမညသီချင်းလေးတစ်ပုဒ်ပဟုတ်ပါ။ ဒီသီချင်းကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်းက ပြည်ထောင်စုနေ့ကပွဲတွင် တင်ဆက်ခဲ့တဲ့တေးသီးချင်းကြီးဖြစ်လို့၊ မြန်မာနိုင်ငံရဲ့ မော်ကွန်းတိုက်တွေမှာ အခိုင်အမာမှတ်တမ်းမှတ်ရာတွေရှိပါတယ်။ ဆရာမြင့်မိုးအောင်ဘက်က ဒီသီချင်းကိစ္စနှင့်ပတ်သက်ပြီးတော့၊ အချိန်မှီ တစ်စုံတစ်ခုပြန်ဖြေကြားပေးနိုင်လိမ့်မယ်လို့မှော်လင့်ပါတယ်။ ဆရာ့ဘက်က ဘာမှတုန့်ပြန် မပြောကြား ဘဲနေခဲ့မယ်ဆိုယင် ထိုသီချင်းကိုရေးတဲ့တေးရေးဆရာဟာ ဆရာမြင့်မိုးအောင် ဖြစ်ပါတယ် လို့ဆိုလိုရာရောက်လာမှာဖြစ်ပါတယ်။ ဒီသီချင်းရေးခဲ့တဲ့ တေးရေးဆရာရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းအသိုင်းအဝိုင်းတွေနှင့် တစ်ခြားခြားသောမှတ်တမ်းမှတ်ရာများက တေးရေးသူအစစ်အမှန်ကို ထုတ်ဖော်ပြောလာကြပြီဆိုလို့ရှိယင် တခြားမလိုလားအပ်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေ တစ်သီတစ်တန်း လိုက်လာမှာဖြစ်ပါတယ်။ ခေတ်တွေလည်းပြောင်းခဲ့ပါပြီ၊ “အယင်အတိုင်းဘဲ“ တော့ဟုတ်မယ့် ဟန်မပေါ်တော့ပါ။
ဒီအကြောင်းကိုကျွန်တော်ဒီလိုရေးသားလိုက်ရတာကတော့ ကျွန်တော်ဟာ တေးရေးဆရာတစ်ယောက်ပါ၊ ကျွန်တော်မွေးပေးလိုက်တဲ့ကျွန်တော့်သားသမီးတွေကို တစ်ခြားသူများကပိုင်ရှင်ခံ လုယူတာ ကိုရင်နာတာပါ ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဒီ ဗုဒ္ဓပူဇနိယသီချင်းဟာ  ထေရဝါဒစစ်မှန်တဲ့ ဗုဒ္ဓဘာသာရခိုင် အမျိုးသားတစ်ယောက်ရဲ့ ရင်ထဲက ပေါက်ပွားလာတဲ့ အဖိုးထိုက်တန်တဲ့ရတနာတပါး၊ ရခိုင့်ဂုဏ် အင်တစ်ခုဖြစ်လို့ပါဘဲ။ ခုရှင်းယင် နောင်လည်း ရှင်းမှာမို့ ဒီသီချင်းနှင့်ပတ်သတ်လာယင် နောင်နှစ်တော် တော်ကြာလာခဲ့ယင် တေးရေးသူအစစ် အမှန်ပျောက်သွားမှာကိုစိုးရိမ်ကြောက်လန့်မိလို့ပါဘဲ။ ရခိုင့်ဂီတ အစည်းအရုံး အနေဖြင့်လည်း ဒီသီချင်းနှင့်ပတ်သက်၍ တေးရေးဆရာမြင့်မိုးအောင်အား အဖြေမှန်ထွက်ပေါ်လာ အောင်လုပ်ပေးသင့်ကြောင်းရေးသားလိုက်ရပါတယ်။
အနုပညာကိုထာဝရတန်ဖိုးထားလေးစားလျက်

ကျော်သန်းမွှီး


No comments:

Post a Comment