Monday, February 8, 2016

**အလဲအထပ် ပဟေဠိ နဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူး**



ဖိုးသီဟ

ရခိုင်ပြည်နယ်ရဲ့ ဒုတိယအကြိမ် ပြည်နယ်လွတ်တော် ပထမနေကို စတင်ကျင်းပခဲလိုပြီးစီးခဲ့ပြီဖြစ်ပါတယ်။

လွတ်တော်ဥက္ကဌ နဲ့ ဒုဥက္ကဌရာထူး အတွက် အပြိုင်အဆိုင် မဲခွဲ ဆုံးဖြတ်ရလိမ့်မယ်လို ထင်ကြေးတွေပေးထားခဲ့ကြပေမဲ့ တကယ်တမ်း ရွေးချယ်တဲ့အချိန်မှာတော့ ရခိုင်အမျိုးသားပါတီက မူလဆုံးဖြတ်ထားတဲ့ သူတွေဘဲ ရရှိခဲ့တာကိုတွေရပါတယ်။

လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲမှုးကြီကိုယ်တိုင် ဘာတွေဖြစ်မယ်မှန်းမသိလို့ မီဒီယာတွေကို ၀င်ခွင့်တောင်မပေးခဲ့...  NLD ပါတီ ရခိုင်ပြည်နယ် ဥက္ကဌဖြစ်တဲ့ ဦးညီပုကတော့ ညှိနှိုင်းမှုတွေတော့ရှိပါတယ်။ ပြေပြေလည်လည်ဘဲ ဖြစ်သွားပါလိမ့်မယ်လို လွတ်တော်မစတင်ခင်ကတည်းက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ခုလို လွတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌရာထူးတွေကို ANPပါတီကို ပေးပြီး ရခိုင်ပြည်နယ်ရဲ့ ၀န်ကြီးချုပ်ရာထူးအတွက် NLDကို ခန့်မှာလားဆိုတဲ့ မေးမြန်းတွေကလည်း ရခိုင့် နိုင်ငံရေး စိတ်ဝင်စားသူတွေစိတ်မှာ ပိုမိုပြီး ဖြစ်ပေါ်လာပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို သတင်းတွေ ထွက်ပေါ်နေမှုနဲ့အတူ အစိုးရဘက်က တောင်းဆိုးထားတဲ့ ရခိုင် ကချင် ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတွေမှာ ၀န်ကြီးချုပ်ခန်အပ်ဖို သဘောတူညီမှုကလည်း မပြတ်သားနိုင်သေးဘဲ မပြေလည်နိုင်သေးဘူးလို ကြားနေရတုန်းပါ
ရခိုင်ပြည်နယ်ရဲ့ ၀န်ကြီးချုပ်ဟောင်းတဦးဖြစ်ပြီး လက်ရှိ အမ်းမြိုနယ်က အနိုင်ရထားတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကလည်း ရခိုင့်ရိုးရာအတိုင်းခေါင်းပေါင်း ဘယ်ချ ပေါင်းလာပြီးတော့ ရခိုင်ပြည်ကောင်းကျိုးအတွက်ဆို စိတ်ရင်းစေတနာ မှန်နဲ့ ကျွန်တော်ပူးပေါင်းလုပ်ဆောင်သွားမှာပါ ဆိုပြီး ပြောကြားခဲ့ပါတယ်။

လက်ရှိ အခြေအနေတွေအရ ရခိုင်ပြည်နယ်ရဲ့ ၀န်ကြီးချုပ်ရာထူးအတွက် ANPပါတီက ဖြစ်နိုင်ချေ နည်းပါးနေပြီးတော့ NLD ဦးညီပု ကြံခိုင်ရေး ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ ဦးဇော်ဇော်မြင့်တို့က ရေပန်းအစားဆုံး ဖြစ်နေပါတယ် အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်မရရင် အတိုက်အခံအဖြစ် ရပ်တည်ရှေ့ဆက်သွားဖို ဆုံးဖြတ်ထားတဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဆုံးဖြတ်ချက်၊ မှန်တယ်ထင်ရင် ဘယ်သူမျက်နှာကိုမှမထောက်လုပ်ဆောင်တတ်တဲ့ NLDရဲ့ ရှေ့ခရီး၊ အနောက်ဘက်တံခါးအတွက် စိတ်မချနိုင်ဘူးလို အကြိမ်ကြိမ်ပြောနေတဲ့ သမ္မတရဲ့ အစိုးရကဘဲ ၀န်ကြီးချုပ်နေရာ မျက်စောင်းထိုးနိုင်မလား ဆိုတာ အလဲအထပ်တွေ ပဟေဠိတွေက ပါလာပါပြီ။

ဖွဲစည်းပုံ ပြင်ဆင်နိုင်ရေး ယာယီရပ်ဆိုင်းထားနိုင်ရေးအတွက် ရခိုင်ပြည်က ထိုးကျွေးခံ တခု ပေးဆပ်မှု တခု အလျော်အစား တခု ဖြစ်လာမလားဆိုတာတော့ ပရိတ်သတ်ကြီးရေ ပိတ်ကားပေါ်မှာ စောင့်မျော်ကြည့်ရှုပါ...သေချာတာတော့ ဇာတ်ရှိန်က အမြင့်ဆုံးကို ရောက်နေပြီ ဆိုတာပါဘဲ။

#ဖိုးသီဟ


No comments:

Post a Comment