Thursday, February 11, 2016

ရခိုင်လုပ်ငန်းခွင်များထဲမှ သတိပြုစရာတစ်ခု


~~~~~~~~~~~~~~~~~~~~~~~~
ရခိုင်ပြည်နယ်ထဲမှာ အလုပ်မပြတ် လုပ်နေရသော
ကုပ္မဏီကြီးအချို့ ရှိပါသည် ။
ပိုင်ရှင်များသည် ရခိုင်များရှိသလို
ပြည်မဖက်မှလည်း ပါဝင်ကြသည် ။

ထူးခြားသည်က အလုပ်သမားအများစုသည်
ပြည်မဖက်မှ ဗမာစကားပြောများ ဖြစ်ကြသည် ။
မခိုမကပ် ကျွမ်းကျင်သည့်အလုပ်စွမ်းအားရှိပြီး
ထိုက်သင့်သော လုပ်အားခလည်း ရကြသည် ။
မလေး ထိုင်း စသည်တို့ကို အဘယ်ကြောင့် သွားမလုပ်ကြသနည်းဟု မေးကြည့်သောအခါ
ဝင်ငွေကွာဟချက် မများလှသည့်အပြင် လုံခြုံမှုက စိတ်ချရသဖြင့် လာရောက်လုပ်ကိုင်ကြသည်ဟု ပြောကြားကြသည် ။

ထိုနေရာများတွင် ရခိုင်လုပ်သားတို့ကို
အဘယ်ကြောင့် အသုံးမပြုကြသနည်းဟု
စုံစမ်း စပ်စုကြည့်မိသည် ။
လုပ်ငန်းရှင်(ရခိုင် ဗမာလို့မဟုတ်)တို့ အပြောက
ဒေသခံရခိုင်တို့ကို ခန့်ချင် ခိုင်းချင်ပါသည် ။
နေရာထိုင်ခင်း စီစဉ်ပေးစရာမလို၍ ကုန်ကျစရိတ် တောင် သက်သာပါသေးသည် ။
ကျွမ်းကျင်မှုဆိုသည်မှာလည်း သင်ပေးလျင်ရပါသည်
သို့ရာတွင် . . . ရခိုင်လုပ်သားအများစုသည် အထက်အောက် လေးစားမှု အားနည်းခြင်း ၊ ပျင်းရိခြင်း ၊ လုပ်ငန်းခွင် စည်းကမ်းလိုက်နာမှုနည်း ခြင်း ၊ တလွဲမာန များခြင်း၊ညပိုင်း အသောက်အစား များသွား၍ မနက်ပိုင်း အချိန်မီ အလုပ်မဆင်းနိုင်ခြင်း၊
အစရှိသည်တို့အပြင် လုပ်ငန်းခွင်ထဲ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတို့လည်း ရှိတတ်ကြရာ လုပ်ငန်းခွင် နှောင့်နှေးမှုများ ဖြစ်ပေါ်သည့် ဒဏ်ကို ခံစားရပါသည် ဟု ပြောကြပါသည် ။

မည်သို့ ပြောပြီး မည်သူ့ကို အပြစ်တင်ရမှန်း မသိပါ ။

ဘေးထွက်ကိစ္စတစ်ခုကတော့ အောက်ခြေ အလုပ်သမား ရခိုင်သူတို့ လုပ်ငန်းခွင်ထဲတွင် အနေနီးစပ်သည့် ရခိုင်မဟုတ်သော လုပ်သားများနှင့် အိမ်ထောင်ပြုမှု အချို့များများ ရှိလာခြင်းပင် ဖြစ်ပါသည် ။ ထိုရခိုင်သူတို့၏ အများဆုံး အကြောင်းပြချက်က ကိုးကွယ်ရာတူသည့်အချက် အပြင် အရက်သမားများကို အားမကိုးချင် လင်မလုပ်ချင် ဟု ပြောကြခြင်းပင်ဖြစ်သည် ။
ထို အမျိုးသမီးငယ်တို့ကို အပြစ်တင်နေမည့်အစား ဆင်ခြင်သတိပြုစရာ တစ်ခုပါ ။

မြန်မာ(ဗမာ) ပြည်မဖက်တွင် သွားရောက်လုပ်ကိုင်
ကြသည့် ရခိုင်များကတော့ အလုပ်ကြိုးစားကြသည့် နာမည်ကောင်းရှိကြသည် ဟု ကြားသိရသလို ၊ ပေတေဆိုးသွမ်းသည့် ဗမာများလည်း ရှိကြရာ နေရပ်ရင်းတွင်နေထိုင်ကြသူတို့တွင် အလုပ်နှင့် ပက်သက်သည့် ဝသီဆိုးများ ရှိတတ်ကြသည်ဟု
ကောက်ချက်ချရမလို ဖြစ်ပါသည် ။

သို့သော် ဘက်ပေါင်းစုံ အကျည်းအကျပ်ကြားထဲ
ရောက်နေသည့် ရခိုင်ပြည်အတွက်တော့ သတိပြု သတိထားမိစရာ အကြောင်းတရားတစ်ခု ရှိနေပါသည်ဟု ပြောရမလို ဖြစ်နေပါသည် ။

( Than Tun Than )


No comments:

Post a Comment