ရခိုင် ကို ရခီး
ကရင် ကို ငပွေး စသဖြင့်
မကြိုက်မှန်းသိရက်နဲ့ခေါ်ကြရေးကြတာတွေ့တော့
နှိမ်ချင်လို့ရေးတယ်လို့ပဲ တွေးမိတယ် ။
မိတ်ဆွေ အရာရှိတယောက်က တခါပြောဖူးတယ်
ကျနော့်ရှေ့မှာ ရခိုင်ကိုလာစော်ကားရင်
မျက်ခွက်ချည်း ပိတ်ထိုးပစ်မယ်
ဘာလို့လဲဆိုတော့ ကျနော်ဟာ
ရခိုင်တယောက်ဖြစ်နေလို့ပဲ တဲ့ ။
ဒါတောင် သူ့အမေဘက်ကပဲ
ရခိုင်သွေးပါဟန်တူတယ်
တပ်မတော်သား ဆိုတော့ အဲ့လိုပဲ
ခပ်ပြတ်ပြတ်ပြောတာ သဘောကျလို့
မှတ်ထားမိလိုက်ရဲ့ ။
ကျနော့်အမေဘက်က ရခိုင်စစ်စစ်ဖြစ်ပြီး
အဖေဘက်က ပြည် သရက်တော ဇာတိတွေပါ
အမှန်အတိုင်းဇစ်မြစ်အတိုင်းဆို
ကျနော်ဟာ ရခိုင် - ဗမာ ဖြစ်ရမှာပါ
အဖေ့မှတ်ပုံတင်မှာ အဖေဟာ
ဗမာလူမျိုးဖြစ်နေပေမယ့်
ကျနော်ကတော့ ရခိုင်လူမျိုးပဲ အမည်ခံခဲ့တယ် ။
ငယ်ငယ်ကတည်းက ရန်ကုန် ရေးမြို့(မော်လမြိုင်)
ကျောက်ပတောင်းမြို့ ပြည်မြို့
ကျောက်ဖြူ ဘူးသီးတောင် ဆိုပြီး
နေရာတော်တော်များများမှာ နေခဲ့ဖူးတယ် ။
ဗမာတိုင်းရင်းသားတွေကို ချစ်သလို
ရခိုင်လူမျိုးဖြစ်ရတာ မြတ်နိုးတယ်
ဗမာတွေရဲ့စိတ်ကို သိသလို
ရခိုင်တွေရဲ့ခံစားချက်ကို နားလည်တယ် ။
အဖေ တပ်မတော်သားဘဝ က
တပ်မတော် တပ်လိုင်းခန်းတွေမှာလဲနေဖူးသလို
ရဲဘက်ကိုပြောင်းတော့ ရဲစခန်းတွေမှာလည်းနေဖူးတယ်
ရခိုင်ရွာဘက်က တောသူတောင်သားတွေရဲ့
ဆင်းရဲမွဲတေမှု့တွေ လူရာမဝင်မှု့တွေကိုလည်း
မျက်ဝါးထင်ထင်မြင်ဖူးတယ် ။
ခဗျားတို့ စိတ်ထဲမှာ ရခိုင်တွေ ဂွကျတယ်
ရိုင်းတယ် ကိုယ့်အမျိုးမှ ကိုယ့်အမျိုးသိတာ
ငါတို့ ဗမာတွေကိုမုန်းတယ် အစရှိသဖြင့်
တွေးမိနေခဲ့ရင် ရခိုင်ပြည်အကြောင်းကို
တရက်လောက်အချိန်ပေးပြီး လေ့လာသင့်တယ် ။
မုန်းတယ်ဆိုရင် မုန်းရမဲ့အကြောင်းရင်းရှိရတယ်
ဘယ်သူမှ အသားလွတ်ကြီးစိတ်မနာဘူးဆိုတာကိုလည်း
တွေးမိရမှာပဲ ဖြစ်တယ်
တိုင်းရင်းသားပေါင်းစုံက ဗမာလူမျိုးကို ဘာလို့
စုပြီးဝိုင်းမုန်းနေကြသလဲ ဆိုတာ တခါလောက်
တွေးမိကြရဲ့လားလို့ မေးချင်တယ် ။
တောတောင်ပြည်နယ်ဘက်တွေက
တိုင်းရင်းသား အများစုဟာ ရိုးကြပါတယ်
ရိုးတော့ အ တယ်
အ တော့ နုံတယ်
နုံတော့ တုံးတယ် ။
တပ်မတော် ကို ပြည်ထောင်စုမြန်မာ့တပ်မတော်လို့
မမြင်ကြဘူး ။ ဘယ် လူမျိုးတွေပါပါ ဗမာစကားပြောတဲ့
ဗမာစစ်တပ်လို့သာ မြင်တယ် ။
ဒီတော့ စစ်တပ်တတပ်က မဟုတ်တာလုပ်ရင်
အုပ်ချုပ်ရေးအာဏာပိုင်တွေက အနိုင်ကျင့်တာနဲ့
မဆီမဆိုင် ဗမာတမျိုးလုံးကို မုန်းကြတော့တာပဲ
ဘယ်လိုမှ ရှင်းပြလို့ကိုမရဘူး
အပြစ်ကင်းတဲ့ ဗမာတွေလည်း အမုန်းခံရတာပဲ
လိမ်တဲ့ ဗမာကိုလည်း မုန်းတာပဲ
ဗမာ ဆိုတာနဲ့ အားကြီးဆိုးတယ်ဝေ့
မကောင်းဘူးဝေ့ ဖြစ်ကြတော့တာပဲ ။
ဒါကို သူတို့ကို သွားအပြစ်တင်လို့မရသလို
အမုန်းခံရတဲ့ ခဗျားတို့ အပြစ်လည်းမဟုတ်ဘူး
သူတို့က ဗမာလူမျိုးနဲ့ စစ်အစိုးရကို မကွဲပြားဘူး
စစ်အစိုးရ အဆက်ဆက်ဟာ ဗမာပဲ
ဒါကြောင့် ဗမာကို မုန်းတယ်
ဟာ အခု စစ်အစိုးရမဟုတ်ဘူးလေ မပြောနဲ့
မသိဘူး ဗမာမကောင်းဘူးဝေ့ပဲ
နှစ် ၆၀ ကျော်ခံရတဲ့ အသိက အရိုးထိစွဲသွားပြီ ။
ပြည်တွင်းစစ်ဖြစ်တယ်
ကချင် နဲ့ချတယ်
ကယား နဲ့ချတယ်
ကရင် နဲ့ချတယ်
ချင်းနဲ့ ချတယ်
မွန် နဲ့ ချတယ်
ရခိုင် နဲ့ချတယ်
ရှမ်းနဲ့ ချတယ် ။
ကုန်ပြီ လူမျိုးစုံ
ဒါလည်း ခဗျားတို့က ကိုယ်မှန်တယ်လုပ်တုန်း
သူတို့ ဘာလို့ သူပုန်ဘာလို့ထလဲ
ဘာလို့ လက်နက်ကိုင်ကြတာလည်း
ကျနော်တို့သင်လာရတဲ့ ကျောင်းသမိုင်းတွေ
တပ်မတော်ဝါဒဖြန့်ချီရေးစာအုပ်တွေက စာတွေကို
ခဏလေးမေ့ထားပြီး လူသားတယောက်လိုသာ
ရိုးရိုးလေးတွေးကြည့်
မတရားဘူး ထင်လို့ တော်လှန်တယ်
မခံချင်လို့ တိုက်ကြတယ်
အုပ်ချုပ်တာ မခံချင်တော့ဘူး
ဒါကြောင့် တိုက်ကြတယ်
ရှင်းတယ် ဒါပဲ ။
ကျနော်တို့က ဂျပန်တွေ အင်္ဂလိပ်တွေကို
တိုက်ခဲ့တုန်းက တော်လှန်တဲ့သူရဲကောင်းဆိုပြီး
စာတွေ ကဗျာတွေဖွဲ့သမိုင်းတင်ခဲ့ကြပြီး
ကိုယ်တို့ အုပ်ချုပ်တာမခံချင်လို့
အခြားတိုင်းရင်းသားတွေ သူပုန်ထတော့
သောင်းကျန်းသူတွေ ငပွေးတွေ ရခီးတွေ
ဆဲနေတာဟုတ်ရဲ့လား တွေးစေချင်တယ် ။
နိုင်ငံလွတ်လပ်ရေးရတုန်းက ထားခဲ့တဲ့
ကတိ ကဝတ်တွေ သူတို့အခုထိမမေ့လို့
ပင်လုံစာချုပ်အကြောင်းပြောနေကြတာဖြစ်တယ်
၁၀နှစ်ကျော်တဲ့အခါ မကျေနပ်ရင်ခွဲထွက်ခွင့်ရှိရမယ်ဆိုတာ
အပျင်းပြေလက်ယားပြီး စာချုပ်ထဲထည့်ခဲ့တာမဟုတ်ဘူး
ပင်လုံကြောင့်သာ
ပြည်ထောင်စုနိုင်ငံဖြစ်လာခဲ့တာ
ဗိုလ်ချုပ်အောင်ဆန်းကို ယုံလို့ ပြည်ထောင်တွေ စုခဲ့ကြတာ ။
အခုတော့ ပြည်ထောင်စုကို ယုံခဲ့သမျှ
ဖွတ်ဖြစ်ကြတာပဲ အဖတ်တင်ကြတယ်
သူတို့ ခွဲထွက်ချင်တာ မဆန်းလှပါဘူး ။
သူတို့ဟာ ခဗျားတို့ အုပ်ချုပ်ခံလူမျိုးတွေမဟုတ်သလို
ခဗျားတို့ သနားစရာလူမျိုးတွေ
အသနားခံလူမျိုးတွေလည်း မဟုတ်ဘူး ။
ကိုယ်လိုတဲ့အချိန်မှာ
ရခိုင်လူငယ်လေးနှစ်ယောက်တွေ ဘာတွေလုပ်
မျက်ရည်ဝဲပြီး ဆုတောင်းကြ
AA နဲ့တိုက်ပွဲဖြစ်တဲ့အချိန် ရခီးတွေလို့ခေါ်
သနားမိတာ မှားပါတယ်
AA ကိုထိတော့ နာတတ်လိုက်တာလို့ပြော ။
ဘယ်မှာလဲ ခဗျားတို့စိတ်ရင်း
ဘယ်မှာလဲ ဖြူစင်တဲ့စိတ်ရင်း
လိုတမျိုးမလိုတမျိုး မလုပ်ကြပါနဲ့
ဆုမတောင်းချင်ရင်နေ
မကူညီချင်လည်း ရတယ်
နောက်ဆုံးမှ မစော်ကားကြပါနဲ့။
အဲ့ဒီ လူငယ်နှစ်ယောက်ဟာ
စစ်အစိုးရစောက်သုံးမကျလို့
သယံဇာတကြွယ်တဲ့ ရခိုင့်မြေမှာ
ဘာအလုပ်မှ လုပ်စားကိုင်စား တိုးတက်လမ်းမမြင်လို့
ထိုင်းမှာ ကျွန်သွားခံရတဲ့ ရခီးနှစ်ကောင်လေ ။
ပြစ်ထားလိုက်ကြ မသနားကြပါနဲ့
ရခိုင် ဘင်္ဂလီကိစ္စတွေ မှာ မင်းတို့ဘက်က
ငါတို့နေပေးခဲ့တာဆိုပြီး ဂုဏ်ဖော်တာခံရလို့
နားတွေလည်း အူလှပါပြီ
ရခိုင်ဘက်ကမပါပဲ ဘင်္ဂလီဘက်ကပါချင်တာလား
မေးလည်းမေးချင်ပါရဲ့
နောက်ဆို ပစ်သာထားလိုက်ကြပါဗျာ ။
လူပဲဗျာ ဟုတ်ဟုတ်မဟုတ်ဟုတ်
ကိုယ့်အမျိုးထိရင်နာတတ်တာပေါ့
ဗမာက ဗမာကိုချစ်မှာပဲ
မွန်က မွန်လူမျိုးကိုချစ်မှာပဲ
ရခိုင်က ရခိုင်လူမျိုးကို ချစ်မှာပဲ
ဒီလိုနာတတ်တဲ့စိတ်ကြောင့်သာ
ဒီလောက် တောင့်ခံနေနိုင်တာ
ကိုယ့်အမျိုးကိုယ်မှ ကိုယ်မချစ်ရင်
ဘယ်သူတွေလာချစ်မတုန်း
အခုပဲကြည့်လေ
ဘင်္ဂလီနဲ့ချကြတုန်းက ချစ်လှပါရဲ့ဆို
အခုတော့ ငါရိုးမ ရခီးတွေဖြစ်ကြပြန်ပြီ ။
အစိုးရကောင်းဖို့လိုတယ်
တပ်မတော်ကောင်းဖို့လိုတယ်
ဝန်ထမ်းကောင်းဖို့လိုတယ်
ပြည်ထောင်စုစိတ်ဓါတ်ကို မဟာဗျုဟာချပြီး
ရိုးရိုးသားသား နားလည်စေရမယ်
မဟာလူမျိုးကြီးဝါဒသမားတွေကို
နေရာမပေးရဘူး ။
ပြည်ထောင်စုဆိုပြီး
ပြည်နယ်တွေဆီက ရသမျှယူ
ဂုတ်သွေးစုပ်နေတာတွေ ရပ်ရမယ်
ပြည်နယ်က ရသမျှကို
ပြည်နယ်တိုးတက်ရေး ခွဲပေးနိုင်ရမယ် ။
ဗမာလူမျိုးတယောက် ပြည်နယ်ရောက်သွားရင်
ချစ်တဲ့အကြည့်နဲ့ကြည့်တာခံချင်လား
မုန်းတဲ့အကြည့်နဲ့ကြည့်တာခံချင်လား
အစိုးရနဲ့စစ်တပ်အပေါ်အများကြီးမူတည်တယ် ။
ကျနော်ကတော့
AA ရဲ့ လက်နက်ကိုင်မူကို
အားမပေးသလို ဝေလည်းမဝေဖန်ဘူး ။
ပြည်ထောင်စုမူ ကို ထောက်ခံပြီး
တိုင်းရင်းသားတွေအကျိုးကို
လွှတ်တော်နိုင်ငံရေးလမ်းကြောင်းထဲက
လျှောက်စေချင်တယ် ။
အခုတော့ နှစ်ပေါင်း ၆၀ ကျော်
နေပူပြင်းပြင်းထဲ ကြိုးတုတ်နှိပ်စက်ခံနေရသူချင်း
ငါဖြူတယ် သူမဲတယ် ပြောနေကြတာမြင်နေရတာ
" ရွံတယ် " ။
#ခိုင်မြဲကျော်ကျော်
ချစ်တတ် သူ postမှ
>Myo Sark [fb] မှ တဆင့် ကူးယူဖော်ပြသည်။
No comments:
Post a Comment