===================================================
ဆြာကု
စစ်တွေ၊ ဇန်နဝါရီ ၎
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်သို့ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစစ်ဘေးရှောင်ပြည်သူများမှာ မြောက်ဦးမြို့နယ်ရှိ ကျီအာပြင်ကျေးရွာ၊ စေတီတောင် ရွာသစ်နှင့် စေတီတောင် ရွာဟောင်းကျေးရွာများသို့ ကျောက်တော်မြို့နယ်နှင့်မြောက်ဦးမြို့နယ်အစပ်ရှိ ရမ်းချောင်းထဲမှ ကျေးရွာ ၄ ခုဖြစ်သော ဘာအီရွာ၊ သံချောင်းရွာ၊ ဆင်အိုးရွာ၊ သဇင်ရွာများနှင့် မြောက်ဦးမြို့နယ် သံတံတားကျေးရွာတို့မှ ဒေသခံများဖြစ်ကြသည်။
သူတို့သည် ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော်တို့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှစတင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုကဲ့သို့ တိမ်းရှောင်လာကြသူများဖြစ်ကြသည်။
ရမ်းချောင်းဘက်မှဝင်ရောက်လာသည့်ဦးရေမှာ ကျား+မ ပေါင်း ၆၅ ဦးရှိပြီး ယင်းတို့မှာ စေတီတောင်ရွာသစ်နှင့် စေတီတောင်ရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင် ခေတ္တခိုလှုံလျက်ရှိသည်။ သံတံတားကျေးရွာဘက်မှ ဝင်ရောက်လာသူများမှာ ဦးရေ ကျား+မ ပေါင်း ၆၂ ဦးရှိပြီး မြောက်ဦးနယ် ကျီအာပြင်ကျေးရွာတွင်ခိုလှုံလျက်ရှိကြောင်း မြောက်ဦးမြို့နယ်မှ အနိုင်ရပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ဇန်နဝါရီလ ၄ ရက်နေ့က အတည်ပြုပြောသည်။
"သူတို့တွေအတွက် စားဝတ်နေရေးကို ရွာကိုပတ်ပြီး အကူအညီတောင်းလို့ရတဲ့ဟာတွေနဲ့ လတ်တလောဖြေရှင်းပေးနေရတယ်"ဟု သူက ဆိုသည်။
စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများပေးလိုပါက ဦးထွန်းသာစိန် (ဖုန်း - ဝ၉၂၅ဝ၆၁ဝ၂၃၃)၊ ကျီရာပြင်(ကျောင်းသစ်) ဆရာတော် (ဖုန်း - 09250999295) နှင့် ဦးဇော်ဝင်း(ကျောက်တော်) (ဖုန်း- 09258539166) တို့ထံ ဆက်သွယ်နိုင်သည်။
>မာန်ယုကျော် < facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။)
No comments:
Post a Comment