.............................
မယားလည်းမရ ကျားလည်းမကိုက် အလုပ်လုပ်လို့လည်း အဆင်မပြေ ... အထိုင်ကျရေ စီးပွားရေးလုပ်ငန်းတစ်ခုခု တည်ဆောက်ဖို့ လက်ရှိမြေပြင်အခြီအနေမှန်တိနဲ့ ဝီးကွားပါလတ်တေ ....
ကိုယ်ရို့အပြင်ကိုစထွက်ခါ သိန်း ၃၀ ၊ သိန်း ၅၀ နဲ့ အလုပ်တစ်ခုစလို့ရရေ ... အပြင်မှာ ဖေ့သာရှာလို့ မိဘတိဘားမှာ အိမ်ချေ ဘာချေပျင် လိုအပ်တေစော်ချေတိဖြည့်ထည့်လို့ စုမိဆောင်းမိ သိန်း တစ်ရာ ၊ တစ်ရာ့ငါးဆယ်လောက် ရပါလတ်ခါ ဒေလောက်ဆိုဂေ ငါ လူဖြစ်ဗျာလ် ၊ ငါ့မြို့ ငါ့အရပ်ဒေသမှာ စီးပွားလုပ်လို့ဖြစ်ဗျာလ် ၊ မိဘအိမ်နဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်းတိနဲ့လည်း နှစ်ပရိစ္ဆေဒ ဝီးနီခရလို့ ပြန်လည်းတွိ့ချင်လာဗျာလ် ဆိုခါ အားနဲ့ဒါးနဲ့ လပေါ်ကျိတ်လို့ ပြန်ပါလတ်ကတ်တေ။
ကိုယ့်ပြည်ကိုပြန်ရောက်ခါ ... ယင်းနိုင်ငံနဲ့ ကိုယ့်မြို့ကိုယ်ရွာအကြားဂ ပါတ်ဝန်းကျင် မတိုးတက်မှုကွာဟချက်ကို ပထမဆုံးခံစားရရေ။ သူငယ်ချင်းတိ ၊ ညီအစ်ကိုမောင်နှမတိ အယင်ခါပိုင် ဟက်ဟက်ပက်ပက် မနီနိုင်ဘဲ သူရို့ကိုယ်ဇီ မိသားစုဝမ်းရေးအတွက် မအားလပ်နိုင်ကတ်ဘဲ ကိုယ်တစ်ယောက်တည်း မိသားစုပါတ်ဝန်းကျင်မှာ အလုပ်မဟိ့ အကိုင်မဟိ့ ယောင်တောင်ပေါင်တောင်နဲ့ ဇာကစလို့ ဘဲဥအစရှာရမယ်မသိရေအဖြစ်ကို ကြုံတွိ့ပါလတ်ရရေ။
ထိုဝယ် ၊ ဒေဝယ် ၊ ထိုသုံး ၊ ဒေသုံး နဲ့ တစ်ဆုပ်တစ်လက်ဖက်ချေ ဟိ့နီစော်လည်း တတိတတိနဲ့ လုံးပါးပါးပါလတ်တေ။
အလုပ်ဒါ အထိုင်လုပ်မယ် လို့ လေ့လာကြည့်ခါ ဒေမှာက ဖေ့သာဖောင်းပွလို့ ပေါလွန်းအားကြီးနီရေ။ အစိချေခေတ် မ တာ။ အယင်ခါထင်ထားရေပိုင် ၅၀ ၊ ၁၀၀ နဲ့ အလုပ်တစ်ခုဂါး မဖြစ်ဗျာလ်။ ၂၀၁၅ မှာ အနည်းဆုံး သိန်း ၂၀၀ မရင်းဘဲ အထိုင်စီးပွားချေတစ်ခု မစနိုင်။ ယင်းချင့်တောင် အိမ်ခန်း ၊ ဆိုင်ခန်း အငှါးနဲ့လုပ်ရဖို့စော် ၊ ကိုယ့်အပိုင်မဟုတ် ၊ အပိုင်မဟိ့ဂေ ရေရှည်ကို တောင့်ခံနိုင်ဖို့လိုလာသိ့ရေ။ အဂု ၂၀၁၆ ခါ အနည်းဆုံး သိန်း ၂၅၀ ကို မတည်လို့ အလုပ်လုပ်လာဂတ်ရဖို့ဗျာလ်။
ကိုင်း ... ဇာပိုင်လေ ... အရာ သုံးနှစ် ၊ ငါးနှစ် သူများနိုင်ငံမှာ လားဗျာလ်ကျွန်ခံလို့ ဖေ့သာဖြစ်လားရေ ရခိုင်သားတိ ဘုရားချီးလောက် ရှားရေဂါး။ နောက်ငါးနှစ်ခါ သိန်း ၂၅၀၀ နဲ့မှ အလုပ်တစ်ခုကို စလုပ်လို့ရလာနိုင်ဖို့ခေတ် ဖြစ်ပါလတ်ကေဝါ။
ကိုယ့်မှာ ဘဝတစ်သက်လုံး မိဘ၊ ညီအစ်ကို မောင်နှမတိ အတွက် ပြီးဂေ ကိုယ့်အတွက်လို့ အိမ်ထောင်ရက်သားကျဗျာလ် မိသားစုဘဝ သိုက်သိုက်ဝန်းဝန်းနဲ့ မျိုးဆက်တာဝန်ကျီဖို့လည်း လိုချင်သိ့ရေ ဆိုခါ သူများနိုင်ငံမှာ သူရို့ချမ်းသာဖို့ လုပ်ခလစာနှစ်ပြားတစ်စိနဲ့ အလုပ်အကျွေးပြုပါလတ်တေ အလုပ်သမားကောင်းကြီးတစ်ယောက်၏ ဘဝ လူပီပီသသနဲ့ ကိုယ့်မျိုးဆက်အတွက် ရက္ခိုင်ပြည်အတွက် ရက္ခိုင်သားတစ်ယောက်၏ မြင့်မြတ်တေမျိုးဆက်ပွားလက်ဆင့်ကမ်းတာဝန် ကျီနိုင်ခလာ ၊ ကျီနိုင်လီဖို့လား။
လူမှာ နှစ်မျိုးရာ ဟိ့ပါရေ။
၁။ အလုပ်ရှင်
၂။ အလုပ်သမား
ကွမ်းယာဆိုင်သည်လည်း သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စုမိဆောင်းမိငွေကြေးကိုမူတည်လို့ လုပ်ငန်းချဲ့ထွင်နိုင်ရေ။ ဆိုက်ကားသမားလည်း ကိုယ်ပိုင်ကားမောင်းလို့ ဖြစ်လာနိုင်ရေ။ ငွေကို ဆပွားအောင် မွီးဇပ်တတ်ဖို့ရာ လိုပါရေ။
အစိုးရ၏ အလုပ်သမား၊ ကုမ္ပဏီ၏ အလုပ်သမား ပီးစော်ယူ ကျွေးစော်စား ဝန်ထမ်းကောင်းလက်မှတ်နဲ့ Bonus စိချေ ပိုလာရေထက် မဟိ့။ အလုပ်လုပ်ခါ ကိုယ်ရို့ ၊ ဖေ့သာဖြစ်ခါ သူရို့။
ကိုယ်ရို့ဘဝတိကို အပျက်ခံပဏာ သူများပြည်သားတိကောင်းစားအောင် အရာလည်း အလုပ်အကျွေးပြုဂတ်ရဖို့သိ့လား အဝေရို့။
ကိုယ့်ပြည် ကိုယ့်ရွာမှာ အပြောင်းအလဲတိကြား အဆက်မပြတ်ဘဲ ဒုက္ခ သုခ ခံလို့ကျန်လိုက်ကတ်တေ သူငယ်ချင်းအပေါင်းအသင်းတိဂါး ငတ်လို့သီကျလားခရေစော် တစ်ယောက်ယောက် ဟိ့လာ။ သူရို့ဘဝတိ ကိုယ်ပိုင်မိသားစုချေတိနဲ့ သားရေး၊ သမီးရေးချေတိနဲ့ ပြည့်စုံလို့၊ ပိုင်ဆိုင်မှု အနည်းအများကိုယ်စီနဲ့ အထိုက်အလျောက် သူ့နီရာနဲ့သူ အံ့ဝင်နီဂတ်တေဂါး။
သူများပြည်မှာအလုပ်လုပ်ခီလို့ ပြန်ပါလတ်တေ ငါရို့တိဘဝကဝါ ဇာတစ်ခုဖြစ်မြောက်ပါလတ်လေ။ အရာလည်း ရစော်ချေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အံဝင်အောင် တည်ဆောက်လားရဖို့လို့ စိတ်မကူးဂေ ဘဝပစ်လီဖိ ...။
ငါ့လူ ... အသေအချာ စိုင်းဇားဆုံးဖြတ်နိုင်ပါဇီ။
(ငါ့အတွေး ငါ့အမြင်) သူရိန်
> Ko Hinosxz [ fb] မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment