Wednesday, December 9, 2015

ရခိုင်ပြည်နယ်ကာကွယ်ရေး ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားလူငယ်များကို ရဲတပ်သားသစ်အဖြစ် စုဆောင်း

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ် ကာကွယ်ရေးကို ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသား လူငယ်များကို ရဲတပ်ဖွဲ့ဝင် အဖြစ် စုဆောင်းနေကြောင်း သတင်းရရှိသည်။

ရခိုင်တိုင်းရင်းသား လူငယ် ရဲတပ်ဖွဲ့ဝင် ၁၅၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်နေ့မှ စပြီး တိုက်ခိုက်ရေး သင်တန်းပေးနေပြီ ဖြစ်ကြောင်း  ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် ဖော်ပြသည်။

ရဲသင်တန်းတက်ရောက်နေသော တိုင်းရင်းသား လူငယ်များမှာ ဒိုင်းနက်၊ မြို၊ ချင်း၊ ခမီး အစရှိသော လူငယ်များ ဖြစ်ကြကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းရဲတပ်သားများမှာ စတုတ္ထတန်းအဆင့်ရှိကြသူများ ဖြစ်ပြီး ဒေသခံ အလုပ်လက်မဲ့ လူငယ်များအနေဖြင့် ရခိုင်ပြည်နယ် ကာကွယ်ရေး အပိုင်းကို ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်သည်ဟု ဆိုသည်။

“ သူတို့တွေက ရဲလုပ်ငန်းတွေကို လုပ်ဆောင်ရမှာ ဖြစ်သလို နယ်စပ် လုံခြုံရေး အတွက်လည်း ကာကွယ်ရမှာ ဖြစ်ပါတယ်။ သင်တန်းကပေးတဲ့ တိုက်ခိုက်နည်းတွေကိုလည်း အသုံးပြုသင့်ရင် သုံးရမယ်။ သောင်းကျန်း သူတွေ တွေ့ရင်လည်း ချေမှုန်းနိုင်စွမ်းရှိရမယ်။ ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ဖို့  အတွက် ရဲအင်အား ဖြည့်တာ ဖြစ်တယ်။ တပ်မတော်ပြီးရင် ရဲတပ်ဖွဲ့ဟာ ဒုတိယ ကာကွယ်ရေး တံတိုင်း ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေကို ကာကွယ်ရမယ်။ ရဲတပ်ရင်းနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှာလည်း တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးကိုးကားပြီး သတင်းတွင် ဖော်ပြသည်။

ယခု တိုင်းရင်းသားရဲများမှာ ရခိုင်ပြည်နယ် တွင် တာဝန် ထမ်းဆောင်ကြ ရမည် ဖြစ်ပြီး တိုင်းရင်းသားများကို သီးသန့်ခေါ်ယူ ထားခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် လူငယ်များ ပါဝင်နိုင်ရေး၊ ရခိုင်ပြည်နယ်အား တိုင်းရင်းသားရဲများကလည်း ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးနှင့် လုံခြုံရေး တိုးမြှင့် နိုင်ရေးတို့အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
Credit.  Kyauk phyu youth net

No comments:

Post a Comment