Friday, November 20, 2015

ဂျပန်ရောက် ရခိုင်များ ဆန္ဒဖော်ထုတ်

ရွှေဂတ်(စ်) စီမံကိန်းနှင့် နေပူတောင်စီမံကိန်းမှ အကျိုးအမြတ် ရခိုင်တိုင်းရင်းသားများအား ခွဲဝေပေးရန် ဂျပန်ရောက် ရခိုင်များ ဆန္ဒဖော်ထုတ်

တိုကျို၊ နိုဝင်ဘာ ၂၀ ရက်

ရခိုင်ပြည်နယ်အတွင်း ဖော်ဆောင်လျှက်ရှိတဲ့ ကျောက်ဖြူကနေ ယူနန်ထိ သွယ်တန်းထားတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း တစ်ခုဖြစ်တဲ့ ရွှေဂတ်(စ်) စီမံကိန်းနှင့် ဗီယက်နမ်ကုမ္ပဏီက ထုတ်လုပ်နေတဲ့ မာဘယ်လ်ကျောက် ထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ တောင်ကုတ်မြို့နယ်က နေပူတောင် စီမံကိန်းတွေကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ရခိုင်ပြည်သူများ ခံစားခွင့်ရရှိစေဖို့အတွက် ဂျပန်နိုင်ငံကို ရောက်ရှိနေကြတဲ့ ရခိုင်တိုင်းရင်းသား ၆၀ ခန့်က ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ တိုကျိုမြန်မာသံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ဓာတ်ပုံ - Anf Jpn/Facebook

No comments:

Post a Comment