Monday, November 9, 2015

ဥက္ကဌ ဒေါက်တာ ဦးအေးမောင် ရခိုင်အမျိုးသားပါတီက ပေးအပ်သည့် အပြစ်ခံယူမည်


စစ်တွေ၊ နိုဝင်ဘာ ၁၀ ရက်

အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်က ပါတီအနေနဲ့  ရွေးကောက်ပွဲကာလအတွင်း မာန်အောင်မြို့နယ်မှာ ရလဒ်ကောင်းများထွက်ပေါ်စေရန် မကြိုးပမ်းနိုင်ခဲ့တဲ့ မိမိအပေါ် လိုအပ်သလို အရေးယူ အပြစ်ပေးနိုင်ကြောင်းနှင့် လိုအပ်ပါက ဥက္ကဌ ရာထူးကိုပင် စွန့်လွှတ်ရန် အသင့်အနေအထားမှာ ရှိကြောင်း RFA မြန်မာပိုင်းဌာနကတဆင့် ပြောကြားခဲ့ပါတယ်။

ဒေါက်တာ ဦးအေးမောင်က "ဘယ်လိုပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲကာလမှာ နိုင်အောင် တတ်နိုင်သလောက်တော့ ကြိုးစားနိုင်သော်လည်း ပြည်နယ်တည်ဆောက်ရေးကို ကြိုးစားတဲ့အခါ ကျနော့်မှာ တာဝန်အပြည့်ရှိပါတယ်။ အဲဒီအတွက်လည်း ဥက္ကဌ ရာထူးကို ခုနလို သင့်တော်တဲ့ လူတွေရှိရင်လည်း ရွေးထားပေး။ ကျနော်ကတော့ အဆင်သင့်ပဲ။ ပါတီဘက်က သဘောတူရင် ကျနော့်ဘက်က ပါတီ ဥက္ကဌ ရာထူးကနေ ဆင်းပေးဖို့ အဆင်သင့်ရှိပါတယ်။ ရခိုင်အနာဂတ် အကျိုးစီးပွားကို တည်ဆောက်နိုင်မယ့် သင့်တော်မယ့် ခေါင်းဆောင်တွေ ကျနော်တို့ ပါတီမှာ အများကြီး ရှိမှာပါ။" ပြောကြားခဲ့ပါတယ်။

ဥက္ကဌ ဒေါက်တာ ဦးအေးမောင် ရှုံးနိမ့်ခဲ့ပေမယ့် သူ့အနေနဲ့ ပါတီရဲ့ တာဝန်တွေကို ပိုမိုအချိန်ပေးဆောင်ရွက်သွားနိုင်ဖို့နှင့် ပြည်နယ်ပါလီမန်၊ အသစ် တက်လာမယ့် ရခိုင်ပြည်နယ် ၀န်ကြီးချူပ်တို့ဟာ ဒေါက်တာ ဦးအေးမောင်ရဲ့ စီမံညွှန်ကြားချက်အောက်မှာပဲရှိဖို့ မျှော်လင့်ကြောင်း ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးခိုင်ပြည်စိုးက RIA ကို ပြောပါတယ်။

အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ ဦးအေးမောင် မာန်အောင်မြို့နယ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ရဲ့ တောင်မြောက် သွေးစည်း ညီညွတ်ရေးဟာ စိုးရိမ်ဖွယ်ရာအနေအထားမှာ ရောက်ရှိနေပြီး လူမှုကွန်ယက်မီဒီယာတွေကနေ တဆင့် အမုန်းစကားပြန့်ပွားရေးတွေ မပြုလုပ်ကြဖို့ ပါတီတာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။

____RIA[fb]

No comments:

Post a Comment