Friday, October 16, 2015

"ရွေးကောက်ပွဲကော်မရှင်အပေါ် ဒေါက်တာအေးမောင်ရဲ့ သုံးသပ်ဝေဖန်ချက်"


"ရွေးကောက်ပွဲကော်မရှင်အပေါ် ဒေါက်တာအေးမောင်ရဲ့ သုံးသပ်ဝေဖန်ချက်"
**********************************************************************
၁၃-၁၀-၂၀၁၅ နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုသည့်အတွက် နိုင်ငံရေးပါတီ ၇ဖွဲ့နှင့် တွေ့ဆုံမေးမြန်း သဘောထားယူခဲ့သည် ။ ရွေးကောက်ပွဲကော်မရှင်၏ ထိုသို့ လုပ်ရပ်အပေါ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေး၏ သဘောထားမှတ်ချက်ကို RFA မှ မေးမြန်းထားခြင်းဖြစ်ပါသည်။
ဒေါက်တာအေးမောင် ပြောဆိုလိုက်သည့် စကားတိုင်းသည် ထိမိလှပါသည်။ ထိုအတွက် လွန်ခဲ့တဲ့ လွှတ်တော်ကာလအတွင်း ဒေါက်တာအေးမောင်လောက် ထိထိမိမိပြောဆိုခဲ့သူကို မတွေ့ရပေ။ အစိုးရနှင့် တပ်မတော်ရဲ့ လုပ်ရပ်များကိုလည်း အကွက်ကျကျ ထိထိမိမိ ဝေဖန်ထောက်ပြခဲ့သူ ဖြစ်ပါသည်။ လွှတ်တော်ထဲ အိပ်ကာ လစာထုတ်ယူခဲ့သော ကိုယ်စားလှယ် မဟုတ်ဆိုတာကို အားလုံး အသိပင် ဖြစ်သည်။ ထိုသို့ ပြောဆိုတတ်မှုကြောင့် မီဒီယာများရဲ့ တွေ့ဆုံမေးမြန်းမှုကို အများဆုံးဖြေကြားခဲ့ရသော ပုဂ္ဂိုလ်ဆိုတာကို မည်သူမျှ ငြင်းလို့ မရပေ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်သော မဲဆန္ဒရှင်စာရင်းမှာ အမှားမှား အယွင်းယွင်း ဖြစ်နေတော့ ပြည်သူတွေက ရွေးကောက်ပွဲကော်မရှင်အပေါ် သံသယစိတ်တွေ ဖြစ်ပေါ်နေတဲ့ အထဲ အခုလို ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရင် ကြိုးစားခဲ့ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်မှု (Credibility) ကိုပို လျော့ကျစေပါသည်။
မဲစာရင်းမှားရခြင်း အကြောင်းအရင်းမှာ ရပ်ကွက်၊ ကျေးရွာအုပ်စုက ပြုစုသော မဲစာရင်းကို အထက်သို့ တင်ပြကာ စီစစ်တဲ့ စနစ် ( Bottom to Up) မဟုတ်သောကြောင့် အမှားများရခြင်းဖြစ်သည်။ ရပ်ကွက်၊ကျေးရွာများမှ လူများအကြောင်းကို ထိုရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများလောက် အထက်အဖွဲ့အစည်း မသိပေ။ အိမ်ထောင်စုစာရင်းတွင် လူဦးရေအတိုးအလျော့ကို လဝကရုံးသို့ သွားရောက် မပြင်ကြလို့လည်း အပြစ်တင်လိုက်သေးတယ်။ မြန်မာနိုင်ငံ အစိုးရရုံးတိုင်းမှာ ငွေပေးသူများကိုသာ အမြန်လုပ်ပေးပေမယ့် ငွေမပေးသူကို အလေးမထား ရန်သူလို ဆက်ဆံကြတယ်။ အရေးကြီးကိစ္စကလွဲရင် ဘယ်ရုံးကိုမှ ပြည်သူတွေ သွားချင်တာမဟုတ်ဘူးဆိုတဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို သိဖို့လိုပါတယ်

No comments:

Post a Comment