Tuesday, October 6, 2015

ရသေ့တောင် ၏ တက္ကသိုလ် ဝင်တန်း အောင်ချက်မြင့်မားရေး

ရသေ့တောင် ၏ တက္ကသိုလ် ဝင်တန်း အောင်ချက်မြင့်မားရေး
Zaw Ko added 4 new photos. တက္ကသိုလ်ဝင်တန်းကျောင်းသားများ လက်ရှိလပတ်စားမေးပွဲဖြေနေရတဲ့ မေးခွန်းကို ကြည့်ကြပါ။ လစဉ်စာမေးပွဲဖြေဆိုဖို့ကျောင်းသားတစ်ဦးစီကို ငွေငါးရာကျပ်စီ လစဉ်တိုင်းကျောင်းကိုငွေသွင်းရပါတယ်။ မသွင်းနိုင်တဲ့ကျောင်းသားတွေကို အကြွေးစာရင်းထဲမှတ်ထားပြီး နောက်လကျရင်ပြန်ပြီးနှစ်လစာပေါင်းပြီးပြန်သွင်းရပါတယ်။
ကျနော်ဆိုလိုချင်တာ ပိုက်ဆံသွင်းနေရတဲ့ကိစ္စမဟုတ်ပါဘူး။ ပိုက်ဆံငါးရာဆိုတာကလည်း ခုခေတ်ကျောင်းသားမိသားစုအတွက်ရော ကျောင်းသားအတွက်ပါဘာမှမပြောပလောက်ပါဘူး။ ကျနော်လိုချင်တာ မေးခွန်းတွေ။ ကျောင်းသားကျောင်းသူတွေလစဉ်စာမေးပွဲဖြေနေရတဲ့မေးခွန်းတွေပါ။ Legal စာရွက်ကို ထက်ဝက်ပိုင်းပြီးဖြေနေရတဲ့ မေးခွန်းတွောဟာ စာလုံးတွေပီပီသသမပေါ်ဘူး။ မပြတ်သားဘူး။ ဖြေဆိုနေတဲ့ကျောင်းသားတွေ ခဏခဏညည်းသံတွေကြားနေရတယ်။
ဒီလောက်နည်းပညာတွေသစ်ဆန်းနေတဲ့ခေတ်မှာ ဒီလိုရှေးဆန်တဲ့စာရိုက်နည်းတွေသုံးပြီး ကျောင်းသားတွေကို မလိမ့်တပတ်လုပ်နေတာ ကျနော်တို့တင်မဟုတ်ဘူး ကျောင်းသားတွေပိုသိပါတယ်။ မိတ္တူ ဆိုင်မှာ legal ကျောကပ်မှ အလွန်ဆုံး ၄၀ကျပ်ပါ။ ဒါတောင်မေးခွန်းကထက်ဝက်ဖြတ်ထားသေးတယ်။ ကျောင်းသားတစ်ယောက် ၆ဘာသာဖြေမှ legal စာရွက် ၃ရွက်၊ တန်ဖိုး ၁၂၀ကျပ်ပဲကုန်ကျမှာပါ။
ဒါဆိုကျောင်းသားတွေလစဉ်စာမေးပွဲဖြေဆိုစရိတ်ထဲက တခြား ၃၈၀ကျပ် ဘယ်တွေရောက်လို့။ ဘယ်ပေါက်နေပါလိမ့်။ ကျောင်းသားတွေခဗျာ ဖြေဆိုရတဲ့မေးခွန်း Quality နဲ့ ကြားကကျပျောက်သွားတဲ့ ပိုက်ဆံ၃၈၀ကို အဖြေရှာရင်း ပညာရေးဖြင့် ခေတ်မှိဖွိ့ဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့ စမ်းတဝါးဝါးဖြင့် လျှောက်လှမ်းရင်း . . . .

No comments:

Post a Comment