........................................................
၁၄-၉-၂၀၁၅
ရခိုင်ပြည်ကို ဒေါ်စု မဲဆွယ်စည်းရုံးရေးဆင်းလာမယ်ပြောလို့ NLD ရဲ့ အမွှေစုကိုးကွယ်သူတွေ ငိုလိုက်ရယ်လိုက်နဲ့ မေတ္တာပို့နေ အေး ... တားဆီးနေလိုက်ကြတာ တွေ့ရလို့ပါ ...
ဘာ့မှမပူကြပါနဲ့ ရခိုင်တွေက ဗမာတွေထက် ရှေးကျပြီး
ယဉ်ကျေးမှုအဆင့်အတန်းလည်းမြင့်မားပါတယ်။ သူများမျက်ရည်ကျပြီး
ကိုယ်ကောင်းစားအောင်လုပ်တတ်တဲ့ လူမျိုးမဟုတ်ပါဘူး။ သူများအိမ်တွင်း
ခြံဝင်းအတွင်းမှာ ရှိရှိသမျှ အဖိုးတန်ပစ္စည်းတွေကို အတင်းအားဓမ္မ
မရမကသိမ်းယူပြီး အိမ်ရှင်တွေကို ကျွန်လိုမြင်တတ်တဲ့ လူမျိုးလည်း
မဟုတ်ပါဘူး။
ဒေါ်စု ရဲ့ ရခိုင်ပြည်တောင်ပိုင်းခရီးစဉ် ဘာအနှောင့်အယှက်မှမရှိပဲ ချောမွေ့စွာအဆင်ပြေသွားမှာပါ။
တစ်ခုပဲရှိပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဒေါ်စုကို အဖက်လုပ် ခရီးဦးကြိုဆို ပြောဆိုဆွေးနွေးတိုင်ပင်ပြီး ဗမာတွေရဲ့ နောက်တစ်ကြိမ်သော ဆီဆွတ်ဖို့ကြိုးစားတာကို ခံကြတော့မှာမဟုတ်တာတော့ အသေအချာပါပဲ။
ဒေါ်စု ရဲ့ NLD တင်မကပါဘူး၊ လက်ရှိအာဏာရ ကြံ့ဖွတ် ပါတီကိုလည်း ထိုနည်း၎င်းပါပဲ။ ဖုတ်လေသည့်ငါးပိ ရှိတယ်လို့တောင် မှတ်ထင်ကြမှာ မဟုတ်တာ အသေအချာပါ။ အဲဒါကတော့ ရက္ခိုင်တွေ တစ်ခိုင်တည်း တစ်သားတည်းရှိနေတဲ့ အာရက္ခစိတ်ပါပဲ။
ဘိုးတော်မောင်ဝိုင်းလက်ထက်ကနေ ဗိုလ်အောင်ဆန်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန် လက်ထက်အထိ ဗမာတွေရဲ့ လေပြေချိုသွေးတဲ့အလိမ်အညာတွေအောက်မှာ ရခိုင်ပြည်ကြီး အကြိမ်ကြိမ် သွေး၊ ချွေး စီးခဲ့ကြရပြီးပြီ။ ဘယ် ဗမာတစ်ဦးတစ်ယောက်မှ ပြောမဆုံးပေါင် တောသုံးထောင် နဲ့ မုသားဝါဒီလေလုံးမှိုင်းတိုက်ပလေ့စေ မယုံယေးချမယုံကြတော့ပါဘူး။
ခံရဖန်များလို့ အသားမာတက် အရေထူပြီး အသည်းမာကုန်ကြပါပြီ။
........................................................
အနောက်တံခါး ဘီလူး

No comments:
Post a Comment